Huawei P Smart ဖုန်းဟာ 2020 ဗားရှင်းထွက်ဦးမယ်ဆိုတာ ကြားထားရပြီးသားဖြစ်ပြီး ယနေ့မှာတော့ နယ်သာလန်အရောင်းဝက်ဆိုက်တစ်ခုကနေ Specs နဲ့ ဓါတ်ပုံတွေကို တင်လာခဲ့တာ တွေ့ရပါတယ်။

Huawei P Smart 2020 ဖုန်းမှာ 6.21” LCD Display ဖြစ်ပြီး Waterdrop Notch ထဲမှာ 8MP ဆဲလ်ဖီကင်မရာ တစ်ခုပါဝင်ပါတယ်။ နောက်ဘက်မှာ 13MP အဓိကကင်မရာကို 2MP Depth Sensor နဲ့တွဲဖက်ထားပြီး Fingerprint ကိုလည်း နောက်မှာပဲ နေရာချထားတယ်။

အတွင်းမှာ Kirin 710F ချစ်ပ်ဆက်ကို အသုံးပြုလာမှာဖြစ်ပြီး Google ရဲ့ဝန်ဆောင်မှုတွေ ရရှိနိုင်မယ်လို့ ယူဆရပါတယ်။ မန်မိုရီပိုင်းက 4GB RAM/128GB Storage အတွဲဖြစ်ပြီး MicroSD Slot လည်းပါမှာပါ။ ဘက္ထရီက 3,400 mAh ဖြစ်ပြီး ထွက်ထွက်ချင်း Android 9 Pie အခြေခံထားတဲ့ EMUI 9.1 နဲ့သာ တွေ့ရနိုင်ပါတယ်။

Huawei P Smart 2020 စမတ်ဖုန်းဟာ Green, Black, Blue ကာလာသုံးမျိုးနဲ့ထွက်လာမှာဖြစ်ပြီး ဈေးနှုန်းက ယူရို ၂၀၀ (မြန်မာငွေ သုံးသိန်းခန့်) ကျသင့်မှာပါ။ ဥရောပဈေးကွက်ကို အရင်ဝင်လာမယ်လို့ မျှော်လင့်ရပေမယ့် ထွက်ရှိရက် အတိအကျကိုတော့ မသိရသေးပါဘူး။

Ref – GSM Arena