Unicode

ယနေ့မှာတော့ Huawei P Smart Pro စမတ်ဖုန်းသစ်ကို မိတ်ဆက်လာခဲ့ပြီး ဥရောပဈေးကွက်အချို့မှာ စတင် ရရှိနေပြီဖြစ်ပါတယ်။ ဒီဖုန်းဟာ အသစ်စက်စက်ဒီဇိုင်းတော့မဟုတ်ဘဲ Huawei Y9s နဲ့ ဆင်တူနေပြီး Y9s ကိုယ်တိုင်ကလည်း Fingerprint တည်နေရာကလွဲလို့ Honor 9X နဲ့ တော်တော်လေးဆင်တူနေခဲ့ပါတယ်။

P Smart Pro ဟာ ယူရို ၃၅၀ (မြန်မာငွေ ငါးသိန်းရှစ်သောင်းကျော်) ကျသင့်မှာဖြစ်ပြီး ဒီဈေးနှုန်းနဲ့ 48MP အဓိက ကင်မရာကို ရရှိနိုင်မှာပါ။ နောက်ထပ် ထင်ရှားတဲ့ Feature တစ်ခုကတော့ Pop-up စနစ်ကို အသုံးပြုလာတဲ့ 16MP Selfie ကင်မရာလေးပါပဲ။

Pop-up ကင်မရာအသုံးပြုလာတော့ 6.59” လက်မအရွယ် LCD Display ဟာ Hole တွေ၊ Notch တွေ မပါလာတော့ဘဲ ရှင်းလင်းနေတာကို မြင်တွေ့ရမှာပါ။ နောက်ဘက်ကင်မရာကို ပြန်သွားရင် 48MP အဓိက Sensor ကို 8MP Ultra-wide ကင်မရာနဲ့ 2MP Depth Sensor တို့ဖြင့် ဝန်းရံထားပါတယ်။ LCD Display ထဲမှာ ထားလို့မရတဲ့ Fingerprint ကို ဘေးဘက်မှာ ထည့်သွင်းလာပါတယ်။

Huawei P Smart Pro စမတ်ဖုန်းသစ်ရဲ့ အတွင်းမှာ Kirin 710F ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 6/128 GB မန်မိုရီ Combo နဲ့တွဲဖက်လာပါတယ်။ ဘက္ထရီက 4,000 mAh ဘက္ထရီဖြစ်ပြီး 10W အားသွင်းစနစ်ထောက်ပံ့ပေးပါတယ်။ ဒီဖုန်းကို Midnight Black နဲ့ Breathing Crystal အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်လာပြီး နောက်ဘက် Glass ကျောပြင်ကို Nano-texture အလွှာ 21 Layers နဲ့ဖန်တီးထားတာကြောင့် ချောမွေ့တဲ့ အရောင်ပြေးကာလာကို မြင်တွေ့ရမှာပါ။

Ref – GSM Arena

Zawgyi

ယေန႔မွာေတာ့ Huawei P Smart Pro စမတ္ဖုန္းသစ္ကို မိတ္ဆက္လာခဲ့ၿပီး ဥေရာပေစ်းကြက္အခ်ဳိ႕မွာ စတင္ ရရွိေနၿပီျဖစ္ပါတယ္။ ဒီဖုန္းဟာ အသစ္စက္စက္ဒီဇုိင္းေတာ့မဟုတ္္ဘဲ Huawei Y9s နဲ႔ ဆင္တူေနၿပီး Y9s ကိုယ္တုိင္ကလည္း Fingerprint တည္ေနရာကလြဲလို႔ Honor 9X နဲ႔ ေတာ္ေတာ္ေလးဆင္တူေနခဲ့ပါတယ္။

P Smart Pro ဟာ ယူရုိ ၃၅၀ (ျမန္မာေငြ ငါးသိန္းရွစ္ေသာင္းေက်ာ္) က်သင့္မွာျဖစ္ၿပီး ဒီေစ်းႏႈန္းနဲ႔ 48MP အဓိက ကင္မရာကို ရရွိႏုိင္မွာပါ။ ေနာက္ထပ္ ထင္ရွားတဲ့ Feature တစ္ခုကေတာ့ Pop-up စနစ္ကို အသုံးျပဳလာတဲ့ 16MP Selfie ကင္မရာေလးပါပဲ။

Pop-up ကင္မရာအသုံးျပဳလာေတာ့ 6.59” လက္မအရြယ္ LCD Display ဟာ Hole ေတြ၊ Notch ေတြ မပါလာေတာ့ဘဲ ရွင္းလင္းေနတာကို ျမင္ေတြ႕ရမွာပါ။ ေနာက္ဘက္ကင္မရာကို ျပန္သြားရင္ 48MP အဓိက Sensor ကို 8MP Ultra-wide ကင္မရာနဲ႔ 2MP Depth Sensor တုိ႔ျဖင့္ ဝန္းရံထားပါတယ္။ LCD Display ထဲမွာ ထားလို႔မရတဲ့ Fingerprint ကို ေဘးဘက္မွာ ထည့္သြင္းလာပါတယ္။

Huawei P Smart Pro စမတ္ဖုန္းသစ္ရဲ႕ အတြင္းမွာ Kirin 710F ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး 6/128 GB မန္မုိရီ Combo နဲ႔တြဲဖက္လာပါတယ္။ ဘကၳရီက 4,000 mAh ဘကၳရီျဖစ္ၿပီး 10W အားသြင္းစနစ္ေထာက္ပ့ံေပးပါတယ္။ ဒီဖုန္းကို Midnight Black နဲ႔ Breathing Crystal အေရာင္ႏွစ္မ်ဳိးနဲ႔ ထုတ္လုပ္လာၿပီး ေနာက္ဘက္ Glass ေက်ာျပင္ကို Nano-texture အလႊာ 21 Layers နဲ႔ဖန္တီးထားတာေၾကာင့္ ေခ်ာေမြ႕တဲ့ အေရာင္ေျပးကာလာကို ျမင္ေတြ႕ရမွာပါ။

Ref – GSM Arena