Huawei ဟာ လက်ရှိအချိန်မှာ Mate 40 Series နဲ့ P40 Series ဖုန်းတွေအတွက် EMUI 11 Stable Update ကို ထုတ်ပေးထားပြီးဖြစ်ပါတယ်။ အခုလည်း မနှစ်တုန်းက Flagship ဖုန်းတွေဖြစ်တဲ့ Huawei P30 Series စမတ်ဖုန်းတွေအတွက် EMUI 11 Stable Update ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

Huawei P30 Series တွေအတွက်ဆိုပေမယ့် အရင်ဆုံး Huawei P30 နဲ့ P30 Pro ဖုန်းတွေပဲ Update ရရှိမှာဖြစ်သလို Chinese Region အတွက်ပဲ ထွက်ရှိထားသေးတာလည်း ဖြစ်ပါတယ်။ အဲ့ဒီအတွက် Europe ၊ UK ၊ Middle East နဲ့ တခြားသော Region တွေမှာတော့ Open Beta အနေနဲ့ပဲ အသုံးပြုနိုင်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။

EMUI 11 ဟာ UI Design ပိုင်းကို သိသိသာသာပြောင်းလဲထားသလို Always-on Display ကိုလည်း Theme အသစ်တွေနဲ့အတူ အဆင့်မြှင့်တင်ထားခဲ့တာဖြစ်ပါတယ်။ Long-take Animation ၊ Natural Gesture အသစ်တွေအပြင် Sound Design ၊ Multi-window Mode တွေကိုလည်း အဆင့်မြှင့်တင်ထားပါသေးတယ်။ Multi-Screen Collaboration မှာလည်း Mouse နဲ့ Keyboard Support ပါဝင်လာပြီဖြစ်ပါတယ်။

Huawei ရဲ့ ပြောကြားချက်အရတော့ EMUI 11 ဟာ တရားဝင်ကြေညာပြီး ၃ လအတွင်းမှာ အသုံးပြုသူ ၁၀ သန်းကျော်အထိ ရှိလာပြီလို့ သိရပါတယ်။ မကြာခင်မှာလည်း EMUI 11 ကနေ Huawei ရဲ့ ကိုယ်ပိုင် Hongmeng OS 2.0 သို့မဟုတ် HarmonyOS ကို ပြောင်းလဲခွင့်ပေးသွားမှာဖြစ်ပါတယ်။

Ref – Gizmo China