[Zawgyi]

Huawei P30 စမတ္ဖုန္းအတြက္ Leak ေတြ အဆက္မျပတ္ထြက္ခဲ့ၿပီးေနာက္ တရားဝင္ ထြက္ရွိလာခဲ့ပါၿပီ။ P30 Pro ဖုန္းမွာလို 5x Periscope Zoom ကင္မရာမပါေပမယ့္ သူ႕မွာလည္း သုံးသင့္တဲ့ Feature ေတြ အမ်ားအျပားပါဝင္လာပါတယ္။ P30 ဖုန္းဟာ Huawei Flagship တစ္ခုအတြက္ေတာ့ AMOLED Panel နဲ႔ In-display Fingerprint ကိုအသုံးျပဳလာတဲ့ ပထမဆုံး Vanilla ေမာ္ဒယ္ပါပဲ။

အတြင္းပိုင္းမွာ Kirin 980 ခ်စ္ပ္ဆက္နဲ႔ ေမာင္းႏွင္မယ့္ P30 ဖုန္းဟာ 6GB RAM မန္မုိရီမွာ 128 GB Storage ေမာ္ဒယ္အျပင္ 8GB RAM မန္မုိရီကို 64 / 128 / 256 GB Storage နဲ႔သုံးမ်ဳိးဆုိၿပီး စုစုေပါင္း မန္မုိရီေရြးခ်ယ္ႏုိင္စြမ္း ေလးမ်ဳိးနဲ႔ ထြက္လာခဲ့ပါတယ္။ Display ကေတာ့ 6.1” လက္မအရြယ္ Full HD+ Resolution နဲ႔ျဖစ္ၿပီး ေကြးညႊတ္ေထာင့္ေတြမပါဘဲ Flat မ်က္ႏွာျပင္စစ္စစ္ ျဖစ္ပါတယ္။

ေနာက္ဘက္ကင္မရာမွာ 40MP အဓိက Sony Sensor နဲ႔အတူ 8MP f/2.4 Telephoto Lens နဲ႔ 16MP f/2.2 Ultra-wide ကင္မရာတုိ႔ တြဲဖက္လာပါတယ္။ ေရွ႕ဘက္က Waterdrop Notch ထဲမွာေတာ့ 32MP f/2.0 ဆယ္ဖီကင္မရာတစ္ခု ပါဝင္တယ္။

P30 ကုိယ္ထည္က ေရွ႕ေရာေနာက္ေရာ Glass နဲ႔ျဖစ္ေပမယ့္ ၾကိဳးမဲ့အားသြင္းစနစ္ေတာ့ မပါပါဘူး။ 3,650 mAh ဘကၳရီမွာ P30 Pro လိုမ်ဳိး 40W အားသြင္းစနစ္ မပါေပမယ့္ ပုံမွန္ 22.5W Super Charge အားအျမန္သြင္း စနစ္ေတာ့ ပါပါတယ္။

Huawei P30 ဖုန္းဟာ Black, Breathing Crystal, Aurora နဲ႔ Pearl White ဆုိၿပီး ေလးေရာင္ ထြက္ရွိလာတယ္။ ယေန႔မွာစတင္အမွာစာလက္ခံေနၿပီျဖစ္ၿပီး အနိမ့္ဆုံးေစ်းႏႈန္း ယူရုိ ၈၀၀ (ျမန္မာေငြ ၁၃.၇ သိန္း) သတ္မွတ္ထားပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ေငြက်ပ္ ၁၀၉,၉၀၀၀ နဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref – GSM Arena

[Unicode]

Huawei P30 စမတ်ဖုန်းအတွက် Leak တွေ အဆက်မပြတ်ထွက်ခဲ့ပြီးနောက် တရားဝင် ထွက်ရှိလာခဲ့ပါပြီ။ P30 Pro ဖုန်းမှာလို 5x Periscope Zoom ကင်မရာမပါပေမယ့် သူ့မှာလည်း သုံးသင့်တဲ့ Feature တွေ အများအပြားပါဝင်လာပါတယ်။ P30 ဖုန်းဟာ Huawei Flagship တစ်ခုအတွက်တော့ AMOLED Panel နဲ့ In-display Fingerprint ကိုအသုံးပြုလာတဲ့ ပထမဆုံး Vanilla မော်ဒယ်ပါပဲ။

အတွင်းပိုင်းမှာ Kirin 980 ချစ်ပ်ဆက်နဲ့ မောင်းနှင်မယ့် P30 ဖုန်းဟာ 6GB RAM မန်မိုရီမှာ 128 GB Storage မော်ဒယ်အပြင် 8GB RAM မန်မိုရီကို 64 / 128 / 256 GB Storage နဲ့သုံးမျိုးဆိုပြီး စုစုပေါင်း မန်မိုရီရွေးချယ်နိုင်စွမ်း လေးမျိုးနဲ့ ထွက်လာခဲ့ပါတယ်။ Display ကတော့ 6.1” လက်မအရွယ် Full HD+ Resolution နဲ့ဖြစ်ပြီး ကွေးညွှတ်ထောင့်တွေမပါဘဲ Flat မျက်နှာပြင်စစ်စစ် ဖြစ်ပါတယ်။

နောက်ဘက်ကင်မရာမှာ 40MP အဓိက Sony Sensor နဲ့အတူ 8MP f/2.4 Telephoto Lens နဲ့ 16MP f/2.2 Ultra-wide ကင်မရာတို့ တွဲဖက်လာပါတယ်။ ရှေ့ဘက်က Waterdrop Notch ထဲမှာတော့ 32MP f/2.0 ဆယ်ဖီကင်မရာတစ်ခု ပါဝင်တယ်။

P30 ကိုယ်ထည်က ရှေ့ရောနောက်ရော Glass နဲ့ဖြစ်ပေမယ့် ကြိုးမဲ့အားသွင်းစနစ်တော့ မပါပါဘူး။ 3,650 mAh ဘက္ထရီမှာ P30 Pro လိုမျိုး 40W အားသွင်းစနစ် မပါပေမယ့် ပုံမှန် 22.5W Super Charge အားအမြန်သွင်း စနစ်တော့ ပါပါတယ်။

Huawei P30 ဖုန်းဟာ Black, Breathing Crystal, Aurora နဲ့ Pearl White ဆိုပြီး လေးရောင် ထွက်ရှိလာတယ်။ ယနေ့မှာစတင်အမှာစာလက်ခံနေပြီဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်း ယူရို ၈၀၀ (မြန်မာငွေ ၁၃.၇ သိန်း) သတ်မှတ်ထားပါတယ်။  မြန်မာနိုင်ငံမှာတော့ ငွေကျပ် ၁၀၉,၉၀၀၀ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena