[Zawgyi]

Amazon ရဲ႕ အီတလီဝက္ဆုိက္မွာ P30 Pro ေပၚထြက္လာျခင္းနဲ႔အတူ Huawei P30 အခ်က္အလက္ေတြ ဆက္လက္ထြက္ေပၚလာဆဲပါပဲ။ ႀကိဳတင္အမွာစာအတြက္ အင္တာနက္စာမ်က္ႏွာဟာ ခဏေလးပဲ တက္လာခဲ့ၿပီး ျပန္ျဖဳတ္ခ်ခဲ့ၾကေပမယ့္ P30 Pro ရဲ႕ေစ်းႏႈန္း အပါအဝင္ အဓိက Specs ေတြကိုေတာ့ ေတြ႕လုိက္ၾကတဲ့သူေတြ ရွိခဲ့ပါတယ္။

Huawei P30 Pro ရဲ႕ေစ်းႏႈန္းကေတာ့ ယူရုိ ၁,၀၂၄ (ျမန္မာေငြ ၁၈ သိန္းနီးပါး) သတ္မွတ္ထားတာကို ေတြ႕ရပါတယ္။ Sunrise Red ကာလာအသစ္ကိုလည္း ျမင္ေတြ႕ရၿပီး Wireless Charger တစ္ခုနဲ႔ Sonos One ႀကိဳးမဲ့စပီကာတုိ႔ကိုလည္း တြဲဖက္ေရာင္းခ်ထားတာ ေတြ႕ရပါတယ္။

P30 Pro ဖုန္းဟာ 6.47” လက္မအရြယ္ Dual Edge AMOLED Display နဲ႔ထြက္လာမွာျဖစ္ကာ Waterdrop Notch တစ္ခုနဲ႔ In-display Fingerprint တုိ႔လည္း ပါဝင္ပါတယ္။ အတြင္းပိုင္းမွာ Kirin 980 ခ်စ္ပ္ဆက္ကို 8GB RAM မန္မုိရီျဖင့္ တြျဖက္ထားတယ္။ Storage ေရြးခ်ယ္မႈကေတာ့ 128GB မွ 512GB ထိ မ်ဳိးစုံထြက္လာမွာပါ။

ေရွ႕ဘက္ဆယ္ဖီကင္မရာက 32MP ျဖစ္ၿပီး ေနာက္ဘက္မွာေတာ့ 40MP + 20MP + 8MP ကင္မရာအတြဲ ပါဝင္မွာျဖစ္တယ္။ ဘကၳရီက 4,200 mAh ကို 40W အားအျမန္သြင္းစနစ္နဲ႔ပါ။ ထြက္ေပၚလာတဲ့ ပုံအရေတာ့ Huawei P30 Pro ဖုန္းရဲ႕ထြက္ရွိရက္ဟာ ဧၿပီလ ၅ ရက္ေန႔ျဖစ္လာမွာပါ။

Ref – GSM Arena

[Unicode]

Amazon ရဲ့ အီတလီဝက်ဆိုက်မှာ P30 Pro ပေါ်ထွက်လာခြင်းနဲ့အတူ Huawei P30 အချက်အလက်တွေ ဆက်လက်ထွက်ပေါ်လာဆဲပါပဲ။ ကြိုတင်အမှာစာအတွက် အင်တာနက်စာမျက်နှာဟာ ခဏလေးပဲ တက်လာခဲ့ပြီး ပြန်ဖြုတ်ချခဲ့ကြပေမယ့် P30 Pro ရဲ့ဈေးနှုန်း အပါအဝင် အဓိက Specs တွေကိုတော့ တွေ့လိုက်ကြတဲ့သူတွေ ရှိခဲ့ပါတယ်။

Huawei P30 Pro ရဲ့ဈေးနှုန်းကတော့ ယူရို ၁,၀၂၄ (မြန်မာငွေ ၁၈ သိန်းနီးပါး) သတ်မှတ်ထားတာကို တွေ့ရပါတယ်။ Sunrise Red ကာလာအသစ်ကိုလည်း မြင်တွေ့ရပြီး Wireless Charger တစ်ခုနဲ့ Sonos One ကြိုးမဲ့စပီကာတို့ကိုလည်း တွဲဖက်ရောင်းချထားတာ တွေ့ရပါတယ်။

P30 Pro ဖုန်းဟာ 6.47” လက်မအရွယ် Dual Edge AMOLED Display နဲ့ထွက်လာမှာဖြစ်ကာ Waterdrop Notch တစ်ခုနဲ့ In-display Fingerprint တို့လည်း ပါဝင်ပါတယ်။ အတွင်းပိုင်းမှာ Kirin 980 ချစ်ပ်ဆက်ကို 8GB RAM မန်မိုရီဖြင့် တွဖြက်ထားတယ်။ Storage ရွေးချယ်မှုကတော့ 128GB မှ 512GB ထိ မျိုးစုံထွက်လာမှာပါ။

ရှေ့ဘက်ဆယ်ဖီကင်မရာက 32MP ဖြစ်ပြီး နောက်ဘက်မှာတော့ 40MP + 20MP + 8MP ကင်မရာအတွဲ ပါဝင်မှာဖြစ်တယ်။ ဘက္ထရီက 4,200 mAh ကို 40W အားအမြန်သွင်းစနစ်နဲ့ပါ။ ထွက်ပေါ်လာတဲ့ ပုံအရတော့ Huawei P30 Pro ဖုန်းရဲ့ထွက်ရှိရက်ဟာ ဧပြီလ ၅ ရက်နေ့ဖြစ်လာမှာပါ။

Ref – GSM Arena