Huawei P40 စီးရီးအကြောင်းပြောရင် ကင်မရာပိုင်းဆိုင်ရာမှာ ရလဒ်ကောင်းတွေ ရှိနေတယ်ဆိုတာကိုလည်း ချန်လှပ်ထားလို့မရပါဘူး။ P40 Pro ဟာ DxOMark ရဲ့ နံပါတ်တစ် နေရာကို ၁၂၈ မှတ်နဲ့ သိမ်းပိုက်ခဲ့တာက သက်သေဖြစ်ပါလိမ့်မယ်။ P40 မိသားစုဝင် အခြားအမျိုးအစားတွေကလည်း ကင်မရာပိုင်းနဲ့ပတ်သက်ရင်တော့ မခေကြဘူးလို့ ပြောရပါလိမ့်မယ်။

တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးကတော့ P40 တွေအားလုံးကို ကင်မရာလုပ်ဆောင်ချက်ပိုင်းမှာ ပိုပြီးအဆင်ပြေချောမွေ့အောင် မွမ်းမံမှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေတာကို တွေ့မြင်နေရပါတယ်။ Huawei ဟာ EMUI 10.1.0.1.26 firmware ကို တရုတ်မှာရှိတဲ့ P40 နဲ့ P40 pro ယူနစ်အချို့ဆီ ပို့ဆောင်ခဲ့ပြီးတဲ့နောက် မကြာခင်အချိန်အတွင်းမှာ ကမ္ဘာအနှံ့ပို့ဆောင်တော့မယ်လို့ ယုံကြည်ရပါတယ်။

Update သစ်ဟာ အဓိကမွမ်းမံမှုတစ်ခု မဟုတ်ပေမယ့်လည်း ကောင်းမွန်တဲ့ပြောင်းလဲမှုတွေကို ယူဆောင်လာပေးတယ်ဆိုတာတော့ အမှန်ပါပဲ။ အထူးသဖြင့် ကင်မရာပိုင်းမှာ ဖြစ်ပါတယ်။ အဓိကပြောရမှာကတော့ 15x zoom အလွန်မှာ Picture-in-picture viewfinder ဖြစ်သွားတာပါပဲ။ ဒါကြောင့် Subject ကို Zoom တင်ထားချိန်မှာ Zoom မတင်ထားတဲ့ Viewfinder ကိုလည်း ရရှိမှာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ဒီ Update မှာ ကင်မရာစွမ်းဆောင်ရည်ကို ပိုပြီးတိုးမြင့်လာစေတဲ့ ပြောင်းလဲမှု ပါဝင်လာတာပါ။ အလျှင်အမြန်ရွေ့လျားနေတဲ့အရာဝတ္ထုတွေကို ရိုက်ကူးချိန်မှာ ပုံရိပ်ရဲ့ အရောင်တွေနဲ့ ကြည်လင်ပြတ်သားမှုဟာ ပိုပြီးတိကျလာစေ၊ မှန်ကန်လာစေတယ်လို့ သိရပါတယ်။ နောက်ထပ် ပြောင်းလဲမှုကတော့ Wi-Fi ချိတ်ဆက်မှု ပိုကောင်းလာစေပြီး Drop-down menu ထဲမှာ Notification တွေ ရှိနေတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena