Huawei ကနေ လာမယ့်မတ်လ ၂၆ ရက်နေ့မှာ Huawei P40 Series စမတ်ဖုန်းအသစ်တွေကိုမိတ်ဆက်သွားတော့မှာပါ။ ယခင်ထဲက Camera ပိုင်းမှာ နာမည်ရပြီးသား P Series ဖုန်းတွေဖြစ်တဲ့အတွက် အခုအကြိမ်မှာလည်း Huawei P40 Series ဖုန်းတွေက ကင်မရာအကောင်းဆုံးစမတ်ဖုန်းတွေဖြစ်လာဖို့များနေပါတယ်။

အခုလည်း Leakster တစ်ဦးဖြစ်တဲ့ @RODENT950 ကနေ Huawei P40 Pro ရဲ့ Camera Setup အသေးစိတ်ကိုဖော်ပြလိုက်ပြီဖြစ်ပါတယ်။

အဆိုပါ သတင်းအရတော့ Huawei P40 Pro ရဲ့ Primary Sensor ဟာ 52MP Sony IMX700 Hexadeca Bayer Sensor ဖြစ်လာမယ်လို့သိရပါတယ်။ Sensor Size အနေနဲ့ 1/1.28″ အထိရှိတဲ့အပြင် ထူးခြားတာက Hexdeca Bayer Sensor ဖြစ်တဲ့အတွက် ပုံမှန် 4-in-1 Pixel Binning ကို ၂ ကြိမ်ဆက်တိုက်ပြုလုပ်နိုင်မှာပါ။ အဲ့ဒီအတွက် Default အနေနဲ့ 4-in-1 Pixel Binning တစ်ကြိမ်ပြုလုပ်မယ်ဆိုရင် 13MP ဓါတ်ပုံနဲ့ ၂ ကြိမ်ဆက်တိုက်ပြုလုပ်မယ်ဆိုရင် 3.25MP ပဲရှိတော့မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Huawei အနေနဲ့ Night Mode အတွက်ပဲ ဒီ Feature ကို သုံးလာနိုင်ခြေရှိနေပါတယ်။

နောက်ထပ် Sensor တစ်ခုကတော့ RGGB Filter ပါဝင်လာမယ့် 40MP Sony IMX650 Ultrawide Cine Sensor ပဲဖြစ်ပါတယ်။ အဆိုပါ Sensor ဟာလည်း Sensor Size အနေနဲ့ 1/1.5″ တောင်ရှိမှာဖြစ်တဲ့အတွက် အထင်ကြီးစရာပုံတွေကို ရိုက်ကူးလာနိုင်ဦးမှာပါ။

ဒ့ါအပြင် စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ Zoom အတွက် Sensor ၂ လုံးအသုံးပြုလာမှာဖြစ်ပြီး 10x Optical Zoom ပါဝင်တဲ့ Periscope Sensor အပြင် 3x Telephoto Sensor ကိုပါထည့်သွင်းထားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ToF 3D Sensor နဲ့ Color Temperature Sensor တွေကိုပါ ထည့်သွင်းထားဦးမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခု Huawei P40 Series ဖုန်းတွေဟာ ကင်မရာပိုင်းမှာတော့ အကောင်းဆုံးဖြစ်လာဖို့ကျိန်းသေနေပါပြီ။

Ref – GSM Arena