Huawei က စွမ်းဆောင်ရည်မြင့်မားပြီး အလန်းစား ကင်မရာတွေ ပါတဲ့ P40 Pro+ ကို မတ်လက ကြေညာခဲ့ပြီး အခုတော့  ဥရောပမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ မကြာခင်ကပဲ တရုတ်မှာ ရောင်းချပေးထားပါတယ်။ Huawei က ဥရောပမှာ ရောင်းချမယ်ဆိုတာ တရားဝင် ကြေညာထားပြီး ဗြိတိန်မှာ ဇွန်လ ၂၅ ရက်နေ့ ရောင်းချမှာ ဖြစ်ပါတယ်။ ဥရောပမှာ ၁,၃၉၉ ယူရိုနဲ့ ဗြိတိန်မှာ ၁,၂၉၉ စတာလင်ပေါင် သတ်မှတ်ထားပြီး မြန်မာငွေ ၂၂ သိန်းနဲ့ ၂၃ သိန်းလောက် ကျသင့်မှာပါ။

ဈေးတွေက လန်းသလို ကင်မရာတွေကလည်း လက်ရှိ စမတ်ဖုန်းတွေထဲမှာ အလန်းဆုံးလို့ ပြောနိုင်ပြီး Optical 10x Zoom တောင် ပါပါတယ်။ ဥရောပမှာ မကြာခင် ကြိုတင်မှာယူခွင့် ပေးနိုင်ပါတယ်။ P40 Pro+ မှာ 50MP Ultra Vision,  40MP Cine, 8MP SuperZoom , 8MP Telephoto နဲ့ 3D Depth Sensing ကင်မရာတွေ ထည့်ထားပါတယ်။ အရှေ့ဘက်မှာ 32MP AF ကင်မရာနဲ့ IR Depth ကင်မရာတွေ တပ်ဆင်ထားပြီး Bokeh ထောက်ပံ့သလို အလင်းရောင်နည်းပါးချိန်မှာတောင် သုံးနိုင်တဲ့ IR Face Unlock ထောက်ပံ့ထားပါတယ်။

လှုပ်ရှားနေတဲ့ ရုပ်ပုံတွေကို ဖမ်းယူရာမှာ အကောင်းဆုံး ၁ ပုံကို ရွေးပေးနိုင်တဲ့ AI Best Moment နဲ့ ဓါတ်ပုံ ရိုက်ကူးပြီးချိန်မှာ မလိုလားအပ်တဲ့ အရာဝတ္ထုတွေကို ဖယ်ရှားနိုင်တဲ့ AI Remove Passerby နဲ့ AI Remove Reflection ထည့်ထားပါတယ်။

Ref : gsmarena