Huawei P40 Series ကို နောက်လမှာ မိတ်ဆက်မယ်လို့ ထင်ရပြီး အခုတော့ တရုတ်က ထွက်လာတဲ့ သတင်းအရ P40 Series မှာ Huawei ကိုယ်တိုင် ဖန်တီးထားတဲ့ WiFi 6+ ပါလာမယ်လို့ သိရပါတယ်။ Huawei ဟာ ဒီလ ၂၄ ရက်နေ့မှာ WiFi 6+ Compatible Routers ကိုလည်း ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ WiFi 6+ ဟာ Samsung Galaxy Note10, Galaxy Note10+ နဲ့ အသစ်ကြေညာထားတဲ့ Galaxy S20 Series တွေမှာ ပါတဲ့  Wi-Fi 6 (802.11ax) ထက် ဘာတွေ ပိုကောင်းသလဲ ဆိုတာ မသိရသေးပါဘူး။

Huawei ရဲ့ အရာရှိ ၁ ယောက်က WiFi 6 ပါတဲ့ စမတ်ဖုန်းတွေဟာ သီအိုရီအရ 1,200 Mbps အထိ အမြန်နှုန်းရှိတယ်လို့ ဝီဘိုမှာ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ 900 Mbps ပဲ ရပါတယ်။ အဲဒီ အမြန်နှုန်းဟာ ၂၀၁၈ ခုနှစ်မှာ ကြေညာခဲ့တဲ့ Huawei Mate 20 ထက် နှေးပါသေးတယ်။ WiFi 6+ ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို ၂၄ ရက်နေ့မှာ သိရတော့မှာပါ။

Samsung နဲ့ Xiaomi တို့ရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်းတွေမှာ ပါတဲ့ WiFi 6 ဟာ နည်းပညာ အသစ်အဆန်း ဖြစ်လာပါတယ်။ အခုဆိုရင်  ကုမ္ပဏီတွေက အဲဒီ လုပ်ဆောင်ချက်အသစ်ကို သူတို့ ဖုန်းတွေမှာ ထည့်သွင်းပြီး အပြိုင်အဆိုင် ကြော်ငြာနေကြပါတယ်။ ဒီနည်းပညာဟာ တကယ် အစွမ်းထက်သလား ၊ ရောင်းကောင်းအောင် လုပ်နေတာလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena