Samsung Galaxy S20 Ultra နဲ့ Xiaomi Mi 10 Pro တို့မှာ 108MP ပင်မ ကင်မရာတွေ ပါလာကြပြီး Ultra High Resolution Sensor ဟာ Trend အသစ် ဖြစ်လာပါပြီ။ အလန်းစား ဓါတ်ပုံ၊ ဗီဒီယိုတွေ ဖန်တီးပေးရာမှာ နာမည်ကြီးတဲ့ Huawei P Series အသစ်တွေမှာလည်း အဲဒီ ကင်မရာကို သုံးထားမလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

အခုတော့ Huawei P40 Series မှာ Sony IMX700 CMOS Sensor ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။ 52MP Resolution ဖြစ်ပြီး Samsung Galaxy S20 Ultra နဲ့ Xiaomi Mi 10 Pro တို့ထက် Resolution က ထက်ဝက်လောက်နည်းနေပါတယ်။ 52MP Sensor မှာ Huawei P30 Pro မှာလို RYYB Color Filter သုံးထားမယ်လို့ ထင်ပါတယ်။

Sony IMX700 မှာ 16-Pixel Binning နည်းပညာပါတဲ့ အရွယ်ကြီး 1/ 1.33 Sensor Area ပါလာနိုင်ပါတယ်။ Sony ရဲ့ အရွယ်ကြီး 4.48μm Single Pixel Size ဟာ အလင်းရောင်နည်းပါးတဲ့ အခြေအနေတွေမှာ ပိုကောင်းတဲ့ ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်ပါတယ်။ P40 Pro မှာ 40MP Ultra-wide-angle Lens , 10x Optical Variable Periscope Lens နဲ့ ToF Deep-sensing Lens တွေ ပါမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizchina