Huawei ဟာ သူတို့ရဲ့ထုတ်ကုန်သစ်ဖြစ်တဲ့ P40 Series ကို လာမယ့် မတ်လ ၂၆ ရက်နေ့မှာ နိုင်ငံတကာဈေးကွက်ဆီ ဖြန့်ချိတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ ကနဦးတုန်းက ကုမ္ပဏီရဲ့ ကင်မရာအသားပေး Line up ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ Event နဲ့အတူ မိတ်ဆက်မယ်လို့ ကြေညာခဲ့တာပါ။

အခုနောက်ဆုံးထွက်လာတဲ့ တရားဝင်သတင်းမှာတော့ Huawei အနေနဲ့ P40 Series ကို Online ကတစ်ဆင့်ပဲ မိတ်ဆက်သွားတော့မယ်လို့ ဖော်ပြထားပါတယ်။ တရုတ်အခြေစိုက် ကုမ္ပဏီဟာ Huawei Mate XS နဲ့ Matebook တို့ကိုလည်း ဥရောပဈေးကွက်အတွက် Online event ပြုလုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် Huawei P40 Series အတွက်လည်း အလားတူ Virtual press conference တွေပဲ ပြုလုပ်လာမယ်လို့ ဆိုရတော့မှာပါ။ လက်ရှိအချိန်အထိ ထုတ်လွှတ်ပေးထားတဲ့ Teaser ဗီဒီယိုကတော့ P40 Series နဲ့ပတ်သက်ပြီး တိတိကျကျ ထုတ်ဖော်ထားတာ မရှိသေးပါဘူး။

P40 Series နဲ့ပတ်သက်ပြီး ထွက်ထားတဲ့ ပြင်ပသတင်းတွေအရ တရုတ် 3C မှာ 22.5W, 40W charger အသီးသီးနဲ့တွေ့ရပါတယ်။ P40 Pro ကတော့ 52MP Sony IMX700 Hexadeca Bayer Sensor အသုံးပြုထားတယ်လို့ ပေါက်ကြားသတင်းတစ်ရပ်မှာ ဖော်ပြခဲ့ဖူးပါတယ်။

Zoom အတွက် 10x Optical zoom နဲ့ 3x Telephoto sensor ဆိုပြီး နှစ်မျိုးသုံးထားမယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ပိုကျယ်တဲ့အပိုင်းအခြားအဖြစ် 8mm-240mm Zoom range ရရှိမယ်လို့ ဆိုပါတယ်။ တရားဝင်ဖြန့်ချိမယ့်ရက် နီးလာတာကြောင့် မကြာခင်ရက်ပိုင်းအတွင်းမှာ P40 Series တွေနဲ့ပတ်သက်တဲ့ အချက်အလက် အပြည့်အစုံ ထွက်ပေါ်လာတော့မယ်လို့ ယူဆရပါတယ်။

Ref: Gizmochina