Future-Proof ဖြစ်စေမည့် 5G နည်းပညာ၊ စိတ်ဝင်စားစရာ ကင်မရာနည်းပညာပိုင်း တစ်ခေတ်ဆန်းသစ်မှုနှင့် HUAWEI P40 Pro ကို ဧပြီလ ၂၀ ရက်နေ့မှစတင်ပြီး ၁,၅၉၉,၀၀၀ ကျပ် ဖြင့် စတင်မှာယူနိုင်ပြီး HUAWEI x Gentle Monster Eyewear ကို လက်ဆောင်ရရှိမည်ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ စတင်မိတ်ဆက်ခဲ့သည့် HUAWEI P40 Pro ဟာ 5G Version ဖြင့် မြန်မာနိုင်ငံမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး လက်ရှိတွင် ဧပြီလ (၃၀) ရက်နေ့အထိ Pre-Order မှာယူရရှိနိုင်မှာပဲဖြစ်ပါသည်။ HUAWEI P40 Pro ကို ဝယ်ယူသူများ အတွက်လည်း လက်ရှိရေပန်းစားနေသည့် HUAWEI x Gentle Monster Eyewear ကိုပါတစ်ပါတည်း လက်ဆောင်ရရှိဦးမှာလည်း ဖြစ်ပါသည်။

၂၀၁၉ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၀ အစောပိုင်း ကာလမှာ 5G ကွန်ရက်နည်းပညာဟာ နိုင်ငံတကာမှာ စတင်ဖွံ့ဖြိုးတိုးတက်လာသလို တယ်လီကွန်း Carrier အများစုကလည်း 5G နည်းပညာဘက်ကို ကူးပြောင်းဖို့ စတင်တာစူလာကြတာပဲဖြစ်ပါသည်။ ပြည်တွင်းမှာလည်း တယ်လီကွန်း Operator အချို့ကလည်း 5G ကွန်ရက်ကို စတင်စမ်းသပ်နေခဲ့ပြီး ဖြစ်သလို စတင်ဝန်ဆောင်မှုပေးနိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီလည်း ဖြစ်ပါသည်။ အလားတူပဲ စမတ်ဖုန်းကုမ္ပဏီတွေ အနေနဲ့လည်း 5G စမတ်ဖုန်းများကို ထုတ်လုပ်လာကြပြီဖြစ်ပါသည်။

အများအားဖြင့် 5G စမတ်ဖုန်းတွေဟာ 4G ဖုန်းတွေထပ်စာလျင် ဈေးနှုန်းမြင့်မားနေတတ်ပေမယ့် HUAWEI P40 Pro က ရွေးချယ်စရာဖြစ်နေတဲ့ အကြောင်းပြချက်တွေ ရှိနေပါတယ်။ ယခင်ရောင်းချခဲ့တဲ့ Flagship Models တွေဖြစ်တဲ့ HUAWEI P30 Pro နဲ့ HUAWEI Mate30 Pro တွေနဲ့ ဈေးနှုန်းကွာဟချက်များများစားစား မရှိခဲ့ပေမယ့် စွမ်းဆောင်ရည်ပိုင်း သာလွန်တာတွေ၊ နည်းပညာပိုင်း ခေတ်ရှေ့ပြေးထူးခြားချက်တွေနဲ့အတူ အများသူငှာ နှစ်သက်ကြတဲ့ Ultra Vision Leica Cameras ၊ စွမ်းဆောင်ရည်မြင့် Kirin 990 5G SoC နဲ့အတူ Wi-Fi 6 Plus နည်းပညာတွေ အသုံးပြုထားခြင်းပဲဖြစ်ပါသည်။

5G ကွန်ရက်နည်းပညာဟာ နိုင်ငံတကာမှာ ဖွံ့ဖြိုးလာတာနှင့်အမျှ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အနေနဲ့လည်း 5G စမတ်ဖုန်းတွေကို စတင်ထုတ်လုပ်လာနေကြပြီပဲဖြစ်ပါသည်။ ထုတ်လုပ်သူတွေအနေနဲ့လည်း 5G ဘက်ကို ကူးနေကြပြီဆိုပေမယ့် 3G ကနေ 4G ပြောင်းခါစ ကာလတွေလို 4G ဖုန်းအမျိုးအစားတွေဟာ 3G ဖုန်းအမျိုးအစားတွေထပ်စာလျင်တန်ဖိုးမြင့်မားမှုများ ရှိခဲ့ပါတယ်။ အရည်သွေးမြင့်မားပြီး High-end Components တွေနဲ့ နောက်ဆုံးပေါ်အဆင့်မြင့် နည်းပညာ တွေကို အသုံးပြုရတဲ့အခါ သာမန်ထက် ကုန်ကျစရိတ် ပိုများလာနိုင်ပါတယ်။ ထို့အပြင် 5G အသုံးပြုနိုင်ဖို့ လိုအပ်တဲ့ Processor အမျိုးအစားအတွက် ထပ်မံအပိုဆောင်းကုန်ကျမှုတွေ 5G Baseband နဲ့ မူပိုင်ခွင့်အတွက်ပေးရတဲ့ စရိတ်စကတွေ အစရှိတဲ့ အရာတွေက 5G စမတ်ဖုန်းတွေကို ပိုမိုကုန်ကျစရိတ်များလာစေတာပဲဖြစ်ပါသည်။

အခြားသော စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ 5G စမတ်ဖုန်းတွေကို TechInsights က ပြုလုပ်ထားတဲ့ စီစစ်လေ့လာထားချက်အရ ထုတ်လုပ်မှုကုန်ကျစရိတ်များ၊ သုတေသနပြုလုပ်စရိတ်၊ တင်ပို့ရောင်းချမှု ကုန်ကျစရိတ်များအပြင် 5G ကို အထောက်အပံ့ဖြစ်စေတဲ့ SOC (System on a chip) ချပ်စ် ကို အခြားကုမ္ပဏီများမှ ဝယ်ယူအသုံးပြုရတဲ့ စရိတ်အပြင် လိုင်စင်ကြေးများနှင့် ပေါင်းလိုက်တဲ့ အခါမှာတော့ 5G စမတ်ဖုန်းအများစုအတွက် ပိုမိုဈေးကြီးဖို့ ဖြစ်လာရပါသည်။

HUAWEI P40 Series များတွင်တော့ 5G နည်းပညာ အသုံးပြုထားပေယ့် လွန်ခဲ့သည့်နှစ်များက ရောင်းချခဲ့တဲ့ Flagship စမတ်ဖုန်းများနှင့် ဈေးနှုန်းကွာဟချက် ကြီးကြီးမားမားမရှိခဲ့ပဲ အခုလို ဖြစ်လာစေသည့် အကြောင်းပြချက် (၃) ခုရှိပါသည်။

ပထမဦးဆုံး အချက်ကတော့ HUAWEI P40 Pro မှာ အသုံးပြုထားတံ့ Kirin 990 5G Chipset ဟာ HUAWEI ရဲ့ ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ SoC အမျိုးအစားပဲဖြစ်ပါတယ်။ အဆိုပါ Chipset ထဲမှာ 5G Modem ကို Built-in အနေနဲ့ ပါဝင်ထားစေပြီး Processor ဟာ 7nm Process အရွယ်အစားရှိပြီး ၊ EUV Lithography နည်းပညာနဲ့ တည်ဆောက်ထားခြင်းဖြစ်ပါသည်။ Snapdragon 865 SoC မှာ ပူးတွဲအသုံးပြုထားတဲ့ X55 5G Modem နဲ့ ယှဉ်ရမယ်ဆိုရင် စွမ်းအင်ချွေတာသုံးစွဲမှုအပိုင်းမှာ ပိုမိုကောင်းမွန်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်မှာ Kirin Chipset တွေ ပိုမိုသက်သာပါသည်။

ဒုတိယအချက် အနေနဲ့ Kirin 990 5G အမျိုးအစား Chipset ကို အခြားသော 5G SoC chipset များထပ် နှစ်ဝက်ခန့် ပိုမိုစောပြီး မိတ်ဆက်နိုင်ခဲ့သလို လက်ရှိအချိန်မှာ 5G Chipset များကို အလုံးအရင်းနဲ့ ထုတ်လုပ်ရောင်းချနိုင်စွမ်းရှိသည့်အတွက် ကုန်ကျစရိတ်ပိုင်းမှာ ပိုမိုသက်သာစေနိုင်ခဲ့ခြင်းဖြစ်ပါသည်။

တတိယ အချက်ကတော့ HUAWEI အနေနှင့်လည်း 5G နည်းပညာပိုင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ဦးဆောင်နေတဲ့ ကုမ္ပဏီဖြစ်သည့်အပြင် 5G မူပိုင်ခွင့်တော်တော်များများကို ပိုင်ဆိုင်ထားခြင်းကြောင့် ထုတ်လုပ်မှုအပိုင်းမှာ ပိုမိုကုန်ကျစရိတ်သက်သာစေခဲ့တာပဲဖြစ်ပါသည်။

HUAWEI အနေနဲ့ အခု HUAWEI P40 Pro မှာဆိုလျင် နည်းပညာပိုင်းအရ မြင့်မားတဲ့ Kirin 990 5G Chipset နဲ့အတူ စွမ်းဆောင်ရည်ပိုင်းမြင့်မားတဲ့ Hardware တွေနဲ့ ပေါင်းစပ်ပြီး အသုံးပြုသူတွေအတွက် အကောင်းမွန်ဆုံးအတွေ့အကြုံသစ်တွေကို ယူဆောင်လာပေးမှာပဲဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်အတွင်းမှာ 5G စမတ်ဖုန်းတွေ ပိုမိုတွင်ကျယ်လာမှုကလည်း နည်းပညာဖွံ့ဖြိုးမှုပေါ် မူတည်သလို တယ်လီကွန်း အော်ပရေတာ (Carriers) တွေရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အထောက်အပံ့တွေနဲ့လည်း ဆက်စပ်နေပါသည်။ 5G ကွန်ရက်စနစ် ပိုမိုတွင်ကျယ်လာတဲ့ အခါမှာ 5G data နှုန်းထားများလည်း ပိုမိုသက်သာလာမှာဖြစ်ပြီး အသုံးပြုသူများအတွက် ပိုမိုအဆင်ပြေလာစေမှာဖြစ်သည်။ သုံးစွဲသူများအတွက် Latency (နှောင့်နှေးမှုအပိုင်း) ကို သိသိသာသာလျော့ချပေးလာနိုင်ခြင်း၊ မြန်နှုန်းမြင့် 5G Network စတဲ့ မမျှော်မှန်းနိုင်တဲ့ အတွေ့အကြုံသစ်များကို SA (Stand-Alone) သို့မဟုတ် NSA (Non-Stand-Alone) network များပေါ်တွင် ပျော်ရွှင်စွာ ခံစားလာနိုင်မှာပဲဖြစ်ပါသည်။

မဝေးတော့သည့် အနာဂတ်ကာလအတွင်းမှာ စတင်အသုံးပြုနိုင်တော့မည့် 5G နည်းပညာများကို စီးမျောခံစားနိုင်စေဖို့ အတွက် HUAWEI P40 Pro က ပြောင်းလဲလာမည့် အတွေ့အကြုံသစ်တွေအတွက် ကနဦးအစပဲ ဖြစ်ပါသည်။ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုရဲ့ အသီးအပွင့်တွေလို့ခေါ်ဆိုရမယ့် 5G နည်းပညာတွေဟာ သုံးစွဲသူတွေအတွက် ပိုမို မြင့်မားသည့် နေထိုင်မှု ဘဝပုံစံကို ပြောင်းလဲပေးနိုင်မှာပဲဖြစ်ပြီး ပိုမိုအကျိုးကျေးဇူးများလာစေမှာပဲဖြစ်ပါသည်။ 5G နည်းပညာကို အရံသင့် အသုံးပြုနိုင်မည့် HUAWEI P40 Pro ကို မြန်မာနိုင်ငံမှာ Brush Gold (ရွှေရောင်) ၊ Deep Sea Blue (နက်ပြာရောင်) နှင့် Silver Frost (ငွေရောင်) တို့ဖြင့် တင်သွင်းလာမှာဖြစ်ပြီး ဈေးနှုန်းအားဖြင့် (၁,၅၉၉,ဝဝဝ) ကျပ်ဖြင့် Pre-Order မှာယူနိုင်မှာပဲဖြစ်ပါသည်။ HUAWEI P40 Pro ဝယ်ယူသူတိုင်း လက်ဆောင်အနေဖြင့် ငွေကျပ် ၅သိန်းဝန်းကျင်ခန့် တန်ဖိုးရှိတဲ့ HUAWEI x Gentle Monster Eyewear ကိုရရှိဦးမှာလည်း ဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

Source – HUAWEI