စိတ်ဝင်စားစရာ ကင်မရာနည်းပညာပိုင်း တစ်ခေတ်ဆန်းသစ်မှုနှင့် HUAWEI P40 Pro ကို ဧပြီလ ၂၀ ရက်နေ့မှစတင်ပြီး ၁၅၉၉၀၀၀ ဖြင့် စတင်မှာယူနိုင်ပြီး HUAWEI x Gentle Monster Eyewear ကို လက်ဆောင်ရရှိမည်ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ စတင်မိတ်ဆက်ခဲ့ချိန်တည်းက ကင်မရာပိုင်းမှာ ထူးခြားသာလွန်မှုများကြောင့် ပရိသတ်များအကြား စိတ်ဝင်စားမှု ရေချိန်မြင့်တက်နေသည့် HUAWEI P40 Series များအနက်မှ HUAWEI P40 Pro ကို ဧပြီလ (၂၀) ရက်နေ့မှ စတင်ပြီး Pre-Order မှာယူရရှိနိုင်တော့မှာပဲဖြစ်ပါသည်။ HUAWEI P40 Pro ကို ဝယ်ယူသူများ အတွက်လည်း လက်ရှိရေပန်းစားနေသည့် HUAWEI x Gentle Monster Eyewear ကိုပါတစ်ပါတည်း လက်ဆောင်ရရှိဦးမှာလည်း ဖြစ်ပါသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များစီက Mobile Photography ကို စိတ်ဝင်စားမှု နည်းပါးခဲ့ပေမယ့် အချိန်ကာလအလျောက် Mobile Photography စွမ်းဆောင်နိုင်စွမ်းကို အဆင့်တစ်ခု ထိဆွဲတင်ပေးနိုင်ခဲ့တာ HUAWEI ရဲ့ P Series စမတ်ဖုန်းများကြောင့်လို့ ပြောရမှာပါပဲဖြစ်ပါသည်။ HUAWEI P Series ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက ကိုယ်တိုင် Pro ဓာတ်ပုံဆရာတစ်ယောက် မဟုတ်ရင်တောင် ဖုန်းကင်မရာ လုပ်ဆောင်ချက်တစ်ခုထဲနဲ့ အကောင်းဆုံးသော ရိုက်ချက်တွေ ပေးစွမ်းခဲ့ရာကနေ ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။

HUAWEI အနေနဲ့ အစဉ်ဆက် နည်းပညာသစ်တွေ ယူဆောင်ပေးနေသလို သုံးစွဲသူတွေ ပါးစပ်ဖျားမှာလည်း HUAWEI P Series တွေဟာဆိုရင် ကင်မရာပိုင်းမှာ အရည်အသွေးကောင်းတယ်ဆိုတဲ့ Feedback မျိုးတွင်ကျန်နေတဲ့အတွက် မကြာမီ ဝယ်ယူရရှိနိုင်တော့မယ့် P40 Series ရဲ့ ထူးခြားဆန်းသစ်တဲ့ ကင်မရာ လုပ်ဆောင်ချက်၊ နည်းပညာ ၁၀ မျိုးနဲ့အတူ Pre-Order စတင်မှာယူနိုင်မယ့် အစီအစဉ်အသေးစိပ်ကို ဖော်ပြပေးလိုက်ရပါတယ်။

အကြီးမားဆုံး CMOS Sensor အသုံးပြုထားခြင်း

စိန်တုံးတစ်တုံး အရည်သွေး ကောင်းမကောင်း အလင်းဘယ်လောက် ဖြာနိုင်သလဲ ပမာဏကို Carat နဲ့ တိုင်းသလိုပဲ ကင်မရာ Sensor တစ်ခု ဘယ်လောက် စွမ်းဆောင်နိုင်လဲ အရည်သွေးကိုတော့ အလင်းဘယ်လောက် စုပ်ယူနိုင်သလဲ အရွယ်စား (လက်မ – Inch)နဲ့ ဆုံးဖြတ်ပါသည်။ HUAWEI P40 Series မှာ Ultra Vision Sensor အသုံးပြုထားပြီး လက်ရှိစမတ်ဖုန်းတွေ အားလုံးထဲမှာ အကြီးဆုံးဖြစ်တဲ့ 1/1.28” Sensor တပ်ဆင်ထားပါတယ်။ ဒီ Sensor နဲ့ ပြောင်မြောက်တဲ့ ကင်မရာ အရည်သွေးရရှိလာဖို့ Optical Design ကိုလည်း ကျကျနန ဖော်ဆောင်ထားတာဖြစ်ပြီး သုံးစွဲသူတွေကို အလင်းရောင် အားနည်းနေတဲ့ အခြေနေမျိုးမှာတောင် Dynamic Range ကောင်းမွန်ပြီး Quality ပြည့်ဝတဲ့ ရလာဒ်ကို ပေးစွမ်းနိုင်ပါသည်။

သူ့ထဲမှာတော့ 50MP Camera ပါဝင်ပြီး Pixel-binning နည်းပညာ အသုံးပြုထားတဲ့ Ultra Vision Sensor ဟာ 2.44 Supersize Pixel ကို ပိုင်ဆိုင်ထားပါသေးတယ်။ တစ်နည်းအားဖြင့်ဆိုရမည်ဆိုလျင် Photoelectric Effect (ကာလာနဲ့ အလင်းရောင်) မှာ ပါဝင်တဲ့ Electron တွေကို ကောင်းစွာ စုပ်ယူနိုင်တာပဲ ဖြစ်သည်။ အကျိုးဆက် အနေနဲ့ကတော့ Signal-to-noise တနည်းအားဖြင့် ပြောရရင် အလင်းရောင် အားနည်းချိန်နဲ့ အမှောင်ထဲမှာ ဓာတ်ဖမ်းတဲ့အခါ Noise Reduction ကောင်းမွန်တယ်လို့ ဆိုလိုပါတယ်။ အခုလို Low-light Performance အနေထား ပြည့်ဝလာဖို့ RGGB CFA Pixel Group ထဲမှာ Green Pixels ကို Yellow Pixel နဲ့ အစားထိုးလိုက်တာလည်း ပါဝင်ပြီး အလင်းဝင်အားကို ၄၀ ရာခိုင်နှုန်း ပိုကောင်းစေပါသည်။

AF စွမ်းဆောင်ရည်အတွက် Full Pixel Octa PD Autofocus ပါဝင်လာခြင်း

50MP Ultra Vision Sensor ရဲ့ Pixel တစ်လုံးချင်းစီမှာ Dual Pixel Diode Autofocus အတွက် Photodiodes နှစ်ခုစီပါဝင်ပါတယ်။ ပုံမှန် အနေထားတိုင်းဆိုရင် 12.5MP နဲ့ ညီမျှတဲ့ ပုံရိပ်ကိုပဲ ရိုက်ကူးမှာဖြစ်ပေမယ့် 4-in-1 Pixel Binning နည်းပညာကြောင့် Pixel တစ်လုံးချင်းစီမှာ AF Photodiodes ၈ ခု စီ ပါဝင်နေမှာပါသည်။ အခုလို Octa Autofocus ဖြစ်လာတဲ့အတွက် ညအမှောင်ထဲမှာဖြစ်ဖြစ် ရွေ့လျားနေတဲ့ Small Objects တွေ ရိုက်ကူးတဲ့အခါမျိုးမှာ Focus Speed နဲ့ Accuracy ပိုပြီး မြန်ဆန်တိကျ လာစေပါသည်။

Multi-Spectrum Colour Temperature Sensor နဲ့ AI AWB တွဲဖက် အသုံးပြုထားခြင်း

လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြသလိုပဲ တချို့က အလှပ၊ ရှုခင်းဓာတ်ပုံတွေ ရိုက်ကူးတာ ဝါသနာပါပေမယ့် တချို့က Portrait အလှကို မက်မောကြပါတယ်။ ဒီလို မတူညီတဲ့ အခြေနေမျိုးမှာ အရည်သွေး တသမတ်ထဲ မဖြစ်ရလေအောင် တိကျမှန်ကန်တဲ့ Skin Tone နဲ့ Skin Texture ချောမွေ့နေစေဖို့ P40 Series တွေမှာ Multi-spectrum Colour Temperature Sensor နဲ့ AI AWB (Auto White Balance) လုပ်ဆောင်ချက် ထည့်ပေးထားပါသည်။

ကာလာအရည်သွေး ပြည့်ဝလာစေမယ့် Colour Channel ကို ၈ ခုအထိ ထည့်သွင်းထားပြီး အရောင်တိကျမှန်ကန်မှုကို ၄၅ ရာခိုင်နှုန်း မြင့်ပေးနိုင်ပါတယ်။ Portrait Optimisation လုပ်ဆောင်ချက်အတွက် Deep Learning လုပ်ထုံးတစ်မျိုး ပါဝင်တဲ့အတွက် မျက်နှာပေါ်က Shadows Effect နဲ့ အရောင်တဖိတ်ဖိတ်ထနေမယ့် ဆံသားအလှကိုပါ ပေါ်လွင်စေမှာပဲဖြစ်ပါသည်။

XD Fusion Engine အသုံးပြုထားခြင်း

HUAWEI ရဲ့ XD Fusion Engine ဆိုတာကတော့ ဓာတ်ပုံတစ်ပုံရဲ့ Details နဲ့ Image Quality ကို ပိုကောင်းစေတဲ့ လုပ်ဆောင်ချက်တစ်မျိုး ဖြစ်ပြီးတော့ အခုလို ရလာဒ်မျိုး ထွက်လာအောင် ဖုန်းမှာပါတဲ့ ကင်မရာတွေရဲ့ ဒေတာတွေပေါင်းစပ်ပြီး Enhance လုပ်ပေးတဲ့ သဘောဖြစ်သည်။ အခုလို အားဖြည့် (Enhance) တဲ့နေရာမှာ Pixel-by-pixel Image Processing နည်းပညာ အသုံးပြုထားတာဖြစ်ပြီး ကင်မရာတစ်ခုချင်းစီရဲ့ Exposure ၊ Depth ၊ Facial Features ၊ Posture ၊ Skin Texture အစရှိတဲ့ ဒေတာတွေကို တစ်စုတစည်းထဲ ဖြစ်သွားစေတာပါ။ ဒီကမှတဆင့် NPU (Neural Processing Unit) AI ကနေ အချက်လက်တစ်ခုချင်းစီကို Processing ပြန်လုပ်ပြီး Bokeh ၊ Dynamic Range ၊ Detail နဲ့ Colour Reproduction အစရှိတဲ့ Boosting Effect ကို ပိုကောင်းသွားစေတာ ဖြစ်ပါသည်။

Periscope SuperSensing Zoom ကဘာလဲ?

P40 Pro မှာ သုံးထားတဲ့ 5x Optical Periscope Lens ကနေ အရင်ဆုံး ပြောရရင် ဒီကောင့်ရဲ့ Telephoto Sensor မှာ 90 Angle ကနေ အလင်းပြန်နိုင်တဲ့ Prism ပါရှိပါတယ်၊ ဒီကမှတဆင့် Horizontal အလင်းပြန်စေပြီး 5x Optic Zoom နဲ့ 50x Digital Zoom (Max) ကို ရရှိစေနိုင်ပါသည်။ ဒါ့အပြင် ပထမဆုံး RYYB (CFA) Sensor အသုံးပြုထားတဲ့ Tele-lens ဖြစ်ပြီးတော့ အပေါ်မှာ ဖော်ပြသွားခဲ့တဲ့အတိုင်း အလင်းဝင်အားကို ၄၀ ရာခိုင်နှုန်းအထိ ပိုကောင်းစေမယ့် အားသာချက်ရှိပါသည်။

SuperZoom Array

ယခုလို Periscope Sensor နဲ့ တဆက်ထဲ ပြောလို့ရတာ P40 Pro+ မှာ အသုံးပြုထားတဲ့ SuperZoom Array နည်းပညာပါ။ ဘာလို့လဲဆိုတော့ P40 Pro+ မှာ 10x Optical Zoom ရလာတာ ဒီနည်းပညာ အားသာချက်ကြောင့် ဖြစ်သလို ကင်မရာ Optical Design ပိုင်းနဲ့ Image Stabilisation အပိုင်းမှာ ပိုမိုကောင်းမွန်လာစေတာပဲဖြစ်ပါသည်။ HUAWEI P40 Pro မှာလို Periscope Structure သုံးထားသလို Prism Lens က အလင်းပြန်အားကို အကြိမ်ရေ များများ တုံ့ပြန်နိုင်တဲ့အတွက် 240mm နဲ့ညီမျှတဲ့ Focal Length ကို ရရှိစေတာပါ။ ဒါ့အပြင် Face Super Resolution (SR) နဲ့ Text SR လုပ်ထုံးနဲ့ပါ အားဖြည့်ထားပါတယ်။ P40 Pro+ မှာ Periscope Lens အပြင် ပါဝင်လာတဲ့ 3x Optical Tele-lens က Mid-range Zoom အတွက် အထောက်ကူ ဖြစ်စေသလို Portrait Effect ကောင်းကောင်းရိုက်နိုင်ဖို့ အသုံးတည့်စေမှာ ဖြစ်ပါသည်။

Ultra-wide Cine Camera လုပ်ဆောင်ချက်

နောက်ထပ် အရေးပါတဲ့အချက် အနေနဲ့ ဖော်ပြလိုတာက HUAWEI P40 Pro နဲ့ Pro+ မှာသုံးထားတဲ့ Ultra-wide angle Lens ပါ။ ဒီကောင့်မှာ 1/1.54” Sensor ရှိပြီးတော့ 3:2 Aspect Ratio ထောက်ပံ့ထားတယ်၊ Low-light ဗီဒီယို ရိုက်ကူးဖို့အတွက် ISO 512,00 နဲ့ Ultra-Slow Motion အတွက် 7,680 fps နှုန်း ရိုက်ကူးနိုင်အောင် ပံ့ပိုးထားတဲ့ Sensor ဖြစ်နေတာပါ။ နည်းပညာပိုင်း အနေနဲ့ SedecimPixel Fusion Technology အသုံးပြုထားပြီး 4.48 နဲ့ညီမျှတဲ့ Binned Pixel ကို ရရှိစေပါတယ်။ အဲ့သလို Pixel Size ကြီးမားလာတဲ့အတွက် အလင်းဝင်အား ပိုကောင်းသွားစေသလို Low-light ဗီဒီယိုတွေကို Quality ကောင်းကောင်းနဲ့ ရိုက်ကူးစေနိုင်တာ ဖြစ်ပါတယ်။

Audio Zoom

ကင်မရာလုပ်ဆောင်ချက်တွေနဲ့ တဆက်တည်း ဖော်ပြလိုတာက Audio Zoom အတွက် Omnidirectional Microphones သုံးထားတဲ့ အချက်ဖြစ်ပါတယ်။ စမတ်ဖုန်းရဲ့ အပေါ်၊ အောက်နဲ့ အနောက်ဘက် နေရာကနေ အသံလားရာအတိုင်း ကောင်းမွန်စွာ ဖမ်းယူပေးနိုင်တဲ့ Directional Microphones တွေက Camera Zoom လုပ်ဆောင်ချက်လို Focus ထားပြီး ဖမ်းပေးနိုင်သလို အသံ Source ကြည်လင်ပြတ်သားစေဖို့ Amplified ချဲ့ပေးနိုင်ပါတယ်။ ယခုလို အသံလားရာအတိုင်း Zoom In လုပ်ပြီး သုံးတဲ့အခါ Background Noise တွေ မပါနေဖို့ Filter လုပ်ပေးနိုင်ပါတယ်။

Golden Snap

HUAWEI P40 Series နဲ့အတူ ကြေညာသွားတဲ့ Golden Snap ဆိုတာက AI လုပ်ဆောင်ချက်တစ်မျိုးပါ။ Kirin 990 5G Chipset နဲ့အတူ AI ပိုင်း အားကောင်းလာတဲ့ P40 Series မှာ အကောင်းဆုံး ရိုက်ချက် (Best Moments) ရရှိဖို့ ပါဝင်လာတဲ့ လုပ်ဆောင်ချက်ပါ။ Golden Snap နဲ့ ရိုက်ထားတဲ့ပုံတွေကို NPU ကတဆင့် Analysis လုပ်မှာဖြစ်ပြီးတော့ 30 Postures ၊ 90 Facial Expression Process အစရှိသဖြင့် ပါဝင်မှာဖြစ်ပြီး အဲ့ကတဆင့် ရရှိလာတဲ့ ပုံတွေကို Gallery App ထဲမှာ အကောင်းဆုံး ရိုက်ချက်တွေကို ရွေးချယ်နိုင်စေမှာ ဖြစ်ပါတယ်။

Powerful Front Cameras

HUAWEI P40 Series ရဲ့ ကျောဖက် ကင်မရာ လုပ်ဆောင်ချက် ပြည့်ဝသလိုပဲ ပါဝင်လာတဲ့ 32MP AI Selfie Camera ကလည်း တမူထူးခြားတဲ့ စွမ်းဆောင်ရည် ပိုင်ဆိုင်ထားပါတယ်။ P40 Pro နဲ့ Pro+ မှာ IR Camera ၊ Proximity Sensor နဲ့ Ambient Sensor ပါဝင်သေးသလို သုံးစွဲသူတွေကို စုံလင်တဲ့ Feature တွေ ပေးစွမ်းထားပါတယ်။ အဲ့ဒါကတော့ Autofocus လုပ်ဆောင်ချက်နဲ့ Face Detection ပိုကောင်းလာသလို 4K UHD ဗီဒီယို ရိုက်ကူးနိုင်တယ်၊ IR Camera က ဘယ်နေရာမှာ အားသာသွားလဲဆိုရင် Pro-grade Bokeh ရိုက်တဲ့အခါမျိုးမှာ ထူးခြားသွားစေမှာ ဖြစ်ပါတယ်။

ယခုဖော်ပြသွားတဲ့ P40 Series ရဲ့ ကင်မရာပိုင်း လုပ်ဆောင်ချက်နဲ့ အားသာချက်တွေက စမတ်ဖုန်း Photography နဲ့ Videography ပိုင်း ရှေ့ပြေး နည်ပညာတွေပါ။ နောက်တစ်နည်း ပြောရရင် ကမ္ဘာတဝှမ်းက သုတေသီ၊ သိပ္ပံပညာရှင်၊ ဓာတ်ပုံဆရာနဲ့ အနုပညာတွေရဲ့ ဖန်တီးမှု လက်ရာတစ်လို့လည်း သုံးနှုန်းနိုင်သလို HUAWEI စမတ်ဖုန်းနဲ့ အရည်သွေးပြည့်ဝတဲ့ ရိုက်ချက်တွေ ရရှိစေဖို့ ကြိုးပမ်းအားထုတ်မှု ရလာဒ်လို့လည်း စကားဆိုနိုင်ပါတယ်။ HUAWEI P40 Pro ကို မြန်မာနိုင်ငံမှာ Brush Gold (ရွှေရောင်) ၊ Deep Sea Blue (နက်ပြာရောင်) နှင့် Silver Frost (ငွေရောင်) တို့ဖြင့် တင်သွင်းလာမှာဖြစ်ပြီး ဈေးနှုန်းအားဖြင့် (1,599,000) ကျပ်ဖြင့် Pre-Order မှာယူနိုင်မှာပဲဖြစ်ပါသည်။ HUAWEI P40 Pro ဝယ်ယူသူတိုင်း လက်ဆောင်အနေဖြင့် ငွေကျပ် ၅သိန်းဝန်းကျင်ခန့် တန်ဖိုးရှိတဲ့ HUAWEI x Gentle Monster Eyewear ကိုရရှိဦးမှာလည်း ဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။