[Zawgyi]
Look
ကိုဟန်သာထူးလွင်မှ Rain Outdoor Night Theme ဖြင့် ရိုက်ကူးခဲ့သည့်ဓာတ်ပုံ
ကိုဝေလင်း ( Love Diary)
[Unicode]
HUAWEI P30 Series ၏ Lens များမှ တဆင့် ပုံဖော်ရိုက်ကူးခဲ့သည့် Search4Soul Mobile Photography Workshop
Huawei မှ ဒုတိယအကြိမ်မြောက် ကျင်းပသည့် အဆိုပါ Mobile Photography Workshop တွင် ဓာတ်ပုံဝါသနာရှင်ပေါင်း (၂၅) ဦး တတ်ရောက်ခဲ့သည်။
စမတ်ဖုန်းတွင်းပါ ကင်မရာလုပ်ဆောင်ချက်များအား ဦးစားပေးရွေးချယ်လာသည့် ခေတ်တွင် HUAWEI မှ စမတ်ဖုန်းဓာတ်ပုံရိုက်ကူးခြင်း အတွေ့အကြုံအား အဆင့်မြင့်တင်ပေးနိုင်သော ထုတ်ကုန်များ အားမိတ်ဆက်ထုတ်လုပ်လာနိုင်ခြင်းဖြင့် စမတ်ဖုန်း သုံးစွဲသူများကြားတွင် နေရာတစ်နေရာ ယူလျှက်ရှိသည်။
HUAWEI သည် Leica နှင့် စတင်ပူးပေါင်းခဲ့သည့် Huawei P9 မှ စတင်ကာ စမတ်ဖုန်း ဓာတ်ပုံရိုက်ကူးခြင်း အတွေ့အကြုံအား တစ်ခေတ်ဆန်းသစ်စေခဲ့ပြီး Mobile Photography ခေတ်သစ်တစ်ခုအား စတင်နိုင်ခဲ့သည်။
ဒုတိယအကြိမ်မြောက် ကျင်းပသည့် အဆိုပါ Mobile Photography Workshop တွင် ဓာတ်ပုံဆရာ ကိုဝေလင်းမှ ဓာတ်ပုံ ရိုက်ကူးခြင်း နှင့် ပတ်သတ်သည့် အခြေခံ ဗဟုသုတများ ၊ မိုဘိုင်းဖုန်း ဖြင့် Portrait ဓာတ်ပုံရိုက်ကူးခြင်း နှင့် ဖုန်းတွင်းပါ application များ အသုံးပြုပြီး ဓာတ်ပုံများအား ပြန်လည်ပြင်ဆင်ခြင်း အစရှိသည့် ဗဟုသုတများအား ဝေမျှခဲ့သည်။
အဆိုပါ Mobile Photography Workshop အား ဓာတ်ပုံဆရာ ကိုဝေလင်း မှ ဦးဆောင်သင်ကြားခဲ့ပြီး မော်ဒယ် May Grace မှ မော်ဒယ်အဖြစ်ပါဝင် ပံ့ပိုးခဲ့သည်။ အဆိုပါ Portrait Workshop တွင် Look, Cafe’ Soul Search, Rain Outdoor Night အစရှိသည့် Theme ၃ မျိုး ဖြင့် ရိုက်ကူးခဲ့သည်။
အဆိုပါ Mobile Photography Workshop သို့ HUAWEI စမတ်ဖုန်း သုံးစွဲသူများသာမက အခြားသော စမတ်ဖုန်း သုံးစွဲသူများပါ တတ်ရောက်ခဲ့ကြပြီး HUAWEI P30 Series ၏ စမတ်ဖုန်းလုပ်ဆောင်ချက်များအား လက်တွေ့ သိမြင်အသုံးပြုနိုင်ခဲ့ကြသည်။
မိုဘိုင်းဖုန်းဖြင့် ပိုမိုလှပသေသပ်သော ပုံရိပ်များ ရိုက်ကူးလိုခြင်း ၊ HUAWEI P30 Series ၏ လုပ်ဆောင်ချက်အား လက်တွေ့အသုံးပြုလိုခြင်း ၊ Mobile Photography နှင့် ပတ်သက်သည့် ဗဟုသုတများအား ပိုမိုလေ့လာလိုခြင်း အစရှိသည့် ရည်ရွယ်ချက် ကိုယ်စီဖြင့် တတ်ရောက်ခဲ့ကြပြီး ၁ ရက်တာ လက်တွေ့သင်ကြားမှု အပြီးတွင် Search4Soul Mobile Photography Workshop မှ တတ်ရောက်သူအသီးသီး၏ ရည်ရွယ်ချက်များအား ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
သင်တန်းသက်ရောက်ခဲ့သူ (၂၅) ဦးမှ ကိုဝေလင်း ဝေမျှခဲ့သည့် ဗဟုသုတများအပေါ်တွင် အခြေခံပြီး သတ်မှတ်ထားသည့်Theme ၃ ဖြင့် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အကောင်းဆုံး ရိုက်ကူးနိုင်သူတစ်ဦးအား ကိုဝေလင်း မှ ပြန်လည်ရွေးချယ်ကာ ဆုလက်ဆောင်အဖြစ် HUAWEI Watch GT အား ပေးအပ်ခဲ့သည်။
ပါဝင်ခဲ့ကြသည့် ယှဉ်ပြိုင်သူများထဲမှ အကောင်းဆုံး ဓာတ်ပုံဝါသနာရှင်အဖြစ် ကိုဟန်သာထူးလွင် မှ ရရှိခဲ့သည်။
Look
ကိုဟန်သာထူးလွင်မှ Rain Outdoor Night Theme ဖြင့် ရိုက်ကူးခဲ့သည့်ဓာတ်ပုံ
ကိုဟန်သာထူးလွင်မှ Cafe Soul Search Theme ဖြင့် ရိုက်ကူးခဲ့သည့်ဓာတ်ပုံ
ယခုကဲ့သို့ Search4Soul Mobile Photography Workshop တတ်ရောက်ခဲ့သူတစ်ဦးဖြစ်ပြီး HUAWEI စမတ်ဖုန်း သုံးစွဲသူတစ်ဦးဖြစ်သော ကိုမင်းမောင်မောင်မှ “စသုံးကတည်းက Huawei ဘဲ ကိုင်ခဲ့တာပါ။ စကိုင်တုန်းကတော့ 510 ပေါ့။ အခုတော့ လက်ရှိ Huawei P10 Plus ကို ကိုင်နေပါတယ်။P30 Series က ဓာတ်ပုံအရမ်းမရိုက်တတ်တဲ့သူတွေ အတွက်လည်း အရမ်းကို အဆင်ပြေစေပါတယ်။ပုံထွက်လည်း ကောင်းစေပါတယ်။ Huawei P30 Series မှာ Monochrome ကို အကြိုက်ဆုံးပါ။ Huawei ဖုန်းကိုဘဲ ဆက်ပြီးသုံးမှာပါ။” ဟူ၍ HUAWEI နှင့် HUAWEI ဖုန်းများ အပေါ်တွင် ထားရှိသည့် စိတ်သဘောထားအား ဝေမျှခဲ့သည်။
ထို့အပြင် Huawei Mobile Photography Workshop တတ်ရောက်ခဲ့သူ ကိုရဲဇော်အောင် မှ “Huawei ကနေပြီတော့ workshop လုပ်ပေးတာက ကင်မရာကို ဝါသနာပါတဲ့သူတွေ ၊ ဓာတ်ပုံ လှလှလေးတွေ ရိုက်ချင်တဲ့သူတွေအတွက် အရမ်းကို အဆင်ပြေပါတယ်။တော်တော်များများက ကင်မရာတော့ ကိုင်ထားကြတယ်။ ဖုန်းတွေရှိကြတယ်။ ဒါပေမယ့် ဓာတ်ပုံတစ်ပုံလှဖို့အတွက် ဘယ်လိုရိုက်ရမယ်ဆိုတာ မသိဘူး။ အဲ့တော့ Huawei က လုပ်ပေးတဲ့ အတွက် ဓာတ်ပုံဘယ်လို ရိုက်ပေးရမယ်ဆိုတာ သိသွားတဲ့အတွက် အကျိုးကျေးဇူးအများကြီးရပါတယ်။ ပုံတစ်ပုံရဲ့ Detail တို့ sharpness တို့ကို ကောင်းကောင်းမွန်မွန်မြင်ရတယ်။ ပြီးရင် ပုံပြင်မယ်ဆိုရင်လည်း ပြင်လို့ရတယ်။ နောက်တစ်ခုက ဒီ ဖုန်းက Milky way တို့ star trail တို့ကို ရိုက်လို့ရတယ်။ အခြားဖုန်းတွေက ရိုက်လို့တော့ရတယ်။ ဒါပေမယ့် ဒီဖုန်းလောက် အဆင်မပြေဘူး။ အဲ့အတွက် ဒီဖုန်းက အရမ်းကို အဆင်ပြေပါတယ်။” ဟု ပြောကြားခဲ့သည်။
Huawei P30 Series အား မတ်လ ၂၇ ရက်နေ့တွင် ကမ္ဘာတစ်လွှားသို့ မိတ်ဆက်ခဲ့ပြီး ၎င်း၏ ပြောင်မြောက်သည့် ကင်မရာပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ ကြောင့် ကမ္ဘာတစ်လွှားတွင် ရောင်းအား အလွန်ကောင်းခဲ့သည်။ HUAWEI P30 Series ထုတ်ကုန်များသည် ကုမ္ပဏီ၏ အဆင့်မြင့်ဆုံးသော ကင်မရာများပါဝင်သည့် စမတ်ဖုန်း မော်ဒယ်များဟု ဆိုနိုင်ပြီး တီထွင်ဆန်းသစ်သည့် HUAWEI SuperSpectrum Sensor ၊ လွန်စွာကောင်းမွန်သည့် optical HUAWEI SuperZoom Lens ၊ Time of Flight (TOF) ကင်မရာ အသစ် နှင့် ပိုမိုကောင်းမွန်သည့် OIS နှင့် AIS Image Stabilization နည်းပညာ များ ပါဝင်လာခဲ့သည်။ P30 (သို့မဟုတ်) P30 Pro များအား ကိုင်ဆော င်ခြင်းဖြင့် သုံးစွဲသူများမှ လွန်စွာကောင်းမွန်သည့် ဓာတ်ပုံ နှင့် ဗီဒီယိုများအား မည်သည့် အခြေအနေတွင် မဆို ဖမ်းယူနိုင်မည်ဖြစ်သည်။ အဆိုပါ Series အား မြန်မာနိုင်ငံအတွင်းသို့လည်း တင်သွင်းရောင်းချခဲ့ပြီး စမတ်ဖုန်းကြိုက်နှစ်သက်သူများကြားတွင် ရေပန်းစားခဲ့သည်။ လက်ရှိတွင် မြန်မာပြည် ဈေးကွက်အတွင်း၌ Breathing Crystal နှင့် Aurora ဟု အမည်ရသည့် အရောင်အမျိုးအစား နှစ်ခုသာ ရရှိနိုင်သေးသော်လည်း မကြာမီအချိန်အတွင်းမှာ အရောင်သစ်အား တင်သွင်းသွားရန်ရှိသည်။ Huawei P30 Series တွင် P30 Pro နှင့် P30 အား မြန်မာငွေကျပ် ၁,၄၉၉,၀၀၀ နှင့် ၁,၀၉၉,၀၀၀ ဖြင့် ဈေးကွက်ထဲတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။
ကိုဝေလင်း ( Love Diary)
ကိုဝေလင်းသည် “Love Diary” ၏ ပဲ့ကိုင်ရှင်တစ်ဦး ဖြစ်ပြီး Asia Wedding Photo Association (AWPA) ရဲ့ 2018 first-half competition နှင့် 2018 second-half competition တို့မှာ ပထမ နှင့် ဒုတိယရရှိပြီး စုစုပေါင်း Excellence Award (၁၁) ဆု၊ AWPA 2018 Annual Competition မှာ Grand Award (၁) ဆု၊ Gold Award (၁) ဆု၊ Silver Award (၁) ဆု နှင့် Bronze Award (၂)ဆု၊ စုစုပေါင်း (၅) ဆု၊ Wedding & Portrait Photographers International (WPPI) ၏ 2018 second-half competition မှာ တတိယနေရာနှင့် Silver Distinction Award (၂) ဆု နှင့် Silver Award (၄) ဆု၊ WPPI 2019 Annual Print Competition မှာ Silver Award (၁)ဆု၊ Magic Lens Award 2019 Annual မှာ ဒုတိယနေရာနှင့် Bronze Merit Award (၇) ဆု၊ Professional Photographers Europe Community 2019 first half competition မှာ Gold Award (၁) ဆု၊ စသဖြင့် နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲများမှာ ဆုပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့အပြင် “Unlock Photography Workshops” မှာ Founder နှင့် Photography Educator တစ်ဦးအဖြစ် ရပ်တည်နေတဲ့ ကိုဝေလင်း မှ ဦးဆောင်သင်ကြားပေးမည် ဖြစ်သည်။