[Zawgyi]

ျမန္မာႏိုင္ငံတြင္ Cloud နည္းပညာကို အေျခခံသည့္ SAP Business One Software Solution ဝန္ေဆာင္မႈေပးရန္ ကမာၻ႔ဦးေဆာင္ ICT နည္းပညာဝန္ေဆာင္မႈေပးသည့္ Huawei ကုမၸဏီႏွင့္ ဆိုက္ဘာလုံၿခဳံေရးဝန္ေဆာင္မႈေပးသူ RITZ ကုမၸဏီတို႔က မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ယေန႔တြင္ ထုတ္ျပန္ေၾကညာသည္။ Huawei ႏွင့္ RITZ တို႔ၾကား ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ သေဘာတူညီခ်က္ လက္မွတ္ေရးထိုးပြဲကို ၂၀၁၉ ခုႏွစ္ ဧၿပီလ ၁၀ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ဆူးေလရွန္ဂရီလာ ဟိုတယ္တြင္ က်င္းပခဲ့သည္။

Cloud အေျခခံ SAP Business One Solution သည္ ဂ်ာမနီအေျခစိုက္ ဥေရာပႏိုင္ငံေပါင္းစုံ ေကာ္ပိုေရးရွင္းႀကီးျဖစ္သည့္ SAP Software ေကာ္ပိုေရးရွင္းက ေထာက္ပံ့ထားသည့္ နည္းပညာျဖစ္သည္။ အဆိုပါနည္းပညာသည္ သုံးစြဲသူဝန္ေဆာင္မႈစီမံခန႔္ခြဲမႈ၊ ျဖန႔္ေဝမႈ၊ လုပ္ငန္းခြင္ဝန္ေဆာင္မႈ၊ ဘ႑ာ ေရးစီမံခန႔္ခြဲမႈ၊ လူ႔စြမ္းအားအရင္းအျမစ္၊ စာရင္းအင္း၊ ကုန္ထုတ္လုပ္မႈ၊ စီမံကိန္းခန႔္ခြဲမႈ၊ ဝယ္ယူမႈႏွင့္ ေရာင္းခ်မႈ အပါအဝင္ ကုမၸဏီမ်ား၏ စီးပြားေရးဆိုင္ရာလုပ္ငန္းေဆာင္႐ြက္ခ်က္မ်ားကို ေပါင္း စည္းေပးသည့္ နည္းပညာပလက္ေဖာင္းတစ္ခုျဖစ္သည္။ စီးပြားေရးလုပ္ငန္းတစ္ခုခ်င္းစီႏွင့္ လိုက္ ေလ်ာညီေထြေျပာင္းလဲအသုံးျပဳႏိုင္သည့္ SAP Business One Solution ကို လုပ္ငန္းသုံးဆာဗာမ်ားျဖင့္ အသုံးျပဳႏိုင္သကဲ့သို႔ Cloud အေျချပဳဝန္ေဆာင္မႈအေနျဖင့္လည္း ျမန္မာႏိုင္ငံတြင္ အသုံးျပဳႏိုင္ ၿပီျဖစ္သည္။ အဆိုပါ Solution သည္ ဘာသာစကားေပါင္း ၂၈ မ်ိဳးအထိ ေထာက္ပံ့ေပးႏိုင္ၿပီး ႏိုင္ငံ တစ္ခုခ်င္းစီအတြက္ သီးသန႔္ျပဳလုပ္ထားသည့္ အမ်ိဳးအစားေပါင္း ၄၄ ခုအထိလည္း ရရွိႏိုင္သည္။ လုံၿခဳံေရးဆိုင္ရာ ႏိုင္ငံတကာအသိအမွတ္ျပဳလက္မွတ္မ်ား ရရွိထားၿပီး၊ SAP Iaas ဆိုင္ရာ အရည္အေသြး ျပည့္မီသည့္အတြက္ Huawei က Cloud အေျခခံ SAP Business One Solution ကို တဆင့္ေထာက္ပံ့ေပးႏိုင္ျခင္းျဖစ္သည္။

Huawei Myanmar ၏ CEO ျဖစ္သူ Mr Zhang Liman က “Huawei Cloud ကို သုံးၿပီး SAP Business One နည္းပညာတည္ေဆာက္မႈကို အဆင့္ျမႇင့္ေပးႏိုင္မယ့္ ဒီပူးေပါင္းေဆာင္႐ြက္မႈကို ထုတ္ျပန္ေၾကညာခြင့္ရတာ အလြန္ဝမ္းသာပါတယ္။ အခုဆို ျမန္မာႏိုင္ငံမွာရွိတဲ့ စီးပြားေရးလုပ္ငန္း စုေတြနဲ႔ အဖြဲ႕အစည္းေတြက ႏိုင္ငံတကာအသိအမွတ္ျပဳထားတဲ့ SAP Business One နည္းပညာ ကို အသုံးျပဳႏိုင္ၾကပါၿပီ။ ဒီနည္းပညာက အားလုံံးပါဝင္ေပါင္းစည္းထားတဲ့ ပလက္ေဖာင္းတစ္ခုတည္း ကို အသုံးျပဳၿပီး၊ စီးပြားေရးလုပ္ငန္းေတြရဲ႕ အဓိကနယ္ပယ္ေတြျဖစ္တဲ့ ဘ႑ာေရး၊ စီမံခန႔္ခြဲေရးနဲ႔ အျခားေသာ လုပ္ငန္းေဆာင္႐ြက္ခ်က္ေတြကို ပိုၿပီးထိထိေရာက္ေရာက္လုပ္ေဆာင္ႏိုင္ေစဖို႔ ကူညီ ေပးသြားမွာပါ။ အခုဆို ဒီနည္းပညာက အရင္ကထက္ ပိုလုံၿခဳံစိတ္ခ်ရၿပီး အလြယ္တကူလည္း ရယူႏိုင္ၿပီျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ဒစ္ဂ်စ္တယ္ဖြံ႕ၿဖိဳးမႈအရွိန္အဟုန္ကို ျမႇင့္တင္ေပးၿပီး နယ္ပယ္ အသီးသီးက မိတ္ဖက္လုပ္ငန္းရွင္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ရင္း အျပန္အလွန္အက်ိဳးရွိေစမယ့္ စီးပြားေရးေဂဟစနစ္ကို ဖန္တီးေပးမယ္ဆိုတဲ့ Huawei ရဲ႕ကတိကဝတ္ကို ဒီပူးေပါင္းေဆာင္႐ြက္မႈ သမိုင္းမွတ္တိုင္ေတြက သက္ေသထူေနပါတယ္။” ဟု ေျပာၾကားသည္။

RITZ Cyber Intelligent Co., Ltd ၏ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာျဖစ္သူ ဦးလင္းထြန္းက “Huawei ရဲ႕ အဆင့္ျမင့္ Cloud နည္းပညာပံ့ပိုးမႈေတြေၾကာင့္ SAP Business One ပလက္ေဖာင္းနဲ႔ ျမန္မာႏိုင္ငံမွာ လုပ္ငန္းေတြ ပိုမိုေဆာင္႐ြက္လာႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ စီးပြားေရးလုပ္ငန္းေတြ၊ အစိုးရနဲ႔ ပညာ ေရးဆိုင္ရာ သက္ေမြးတကၠသိုလ္ေတြအေနနဲ႔ ပိုၿပီးထိေရာက္တဲ့ အစီအစဥ္ခ်ၿပီး လုပ္ငန္းေတြ လည္ ပတ္ေဆာင္႐ြက္ႏိုင္ဖို႔ အားလုံးပါဝင္အသုံးျပဳႏိုင္တဲ့ ဝန္ေဆာင္မႈတစ္ခုကို စတင္အသုံးျပဳႏိုင္ေတာ့မွာျဖစ္ပါတယ္။ အခုလိုပူးေပါင္းေဆာင္႐ြက္မႈကတဆင့္ ကြၽန္ေတာ္တို႔ရဲ႕ နည္းပညာေတြနဲ႔ ဆိုက္ဘာ လုံၿခဳံေရးေဆာင္႐ြက္ခ်က္ေတြကို အဆင့္ျမႇင့္တင္ႏိုင္ေတာ့မွာျဖစ္လို႔ စိတ္လႈပ္ရွားမိပါတယ္။ စီးပြားေရးလုပ္ငန္းေတြအတြက္ ရည္မွန္းခ်က္ႀကီးႀကီးထားၿပီး ေနာက္ဆုံးေပၚ ဒစ္ဂ်စ္တယ္လုပ္ငန္း တစ္ခုျဖစ္လာဖို႔ ေမွ်ာ္မွန္းထားတဲ့ကြၽန္ေတာ္တို႔အတြက္ေတာ့ Huawei နဲ႔ အတူ ပူးေပါင္းေဆာင္႐ြက္ ခြင့္ရတာ တကယ္ပဲ ဝမ္းေျမာက္ရပါတယ္” ဟု ေျပာၾကားသည္။

လက္မွတ္ထိုးပြဲအခမ္းအနားသို႔ ဘ႑ာေရး၊ ေထာက္ပံ့ပို႔ေဆာင္ေရး၊ ကုန္ထုတ္လုပ္မႈ၊ ICT ႏွင့္ အျခားေသာနယ္ပယ္အသီးသီးမွ RITZ ႏွင့္ SAP တို႔၏ သုံးစြဲသူမ်ားႏွင့္ မိတ္ဖက္မ်ား ၃၀ ေက်ာ္ခန႔္ တက္ေရာက္ခဲ့ၾကသည္။

Huawei ၏ Cloud နည္းပညာမ်ားအေၾကာင္းပိုမိုျပည့္စုံစြာသိရွိလိုပါက https://e.huawei.com/en /solutions/business-needs/data-center?source=corp_comm တြင္ ဝင္ေရာက္ေလ့လာႏိုင္ပါ သည္။

[Unicode]

မြန်မာနိုင်ငံတွင် Cloud အ‌ခြေခံ SAP Business One Solution ဝန်ဆောင်မှုများပေးရေး Huawei နှင့် RITZ တို့၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ထုတ်ပြန်ကြေညာ

မြန်မာနိုင်ငံတွင် Cloud နည်းပညာကို အခြေခံသည့် SAP Business One Software Solution ဝန်ဆောင်မှုပေးရန် ကမ္ဘာ့ဦးဆောင် ICT နည်းပညာဝန်ဆောင်မှုပေးသည့် Huawei ကုမ္ပဏီနှင့် ဆိုက်ဘာလုံခြုံရေးဝန်ဆောင်မှုပေးသူ RITZ ကုမ္ပဏီတို့က မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာသည်။ Huawei နှင့် RITZ တို့ကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပခဲ့သည်။

Cloud အခြေခံ SAP Business One Solution သည် ဂျာမနီအခြေစိုက် ဥရောပနိုင်ငံပေါင်းစုံ ကော်ပိုရေးရှင်းကြီးဖြစ်သည့် SAP Software ကော်ပိုရေးရှင်းက ထောက်ပံ့ထားသည့် နည်းပညာဖြစ်သည်။ အဆိုပါနည်းပညာသည် သုံးစွဲသူဝန်ဆောင်မှုစီမံခန့်ခွဲမှု၊ ဖြန့်ဝေမှု၊ လုပ်ငန်းခွင်ဝန်ဆောင်မှု၊ ဘဏ္ဍာ ရေးစီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ်၊ စာရင်းအင်း၊ ကုန်ထုတ်လုပ်မှု၊ စီမံကိန်းခန့်ခွဲမှု၊ ဝယ်ယူမှုနှင့် ရောင်းချမှု အပါအဝင် ကုမ္ပဏီများ၏ စီးပွားရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များကို ပေါင်း စည်းပေးသည့် နည်းပညာပလက်ဖောင်းတစ်ခုဖြစ်သည်။ စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီနှင့် လိုက် လျောညီထွေပြောင်းလဲအသုံးပြုနိုင်သည့် SAP Business One Solution ကို လုပ်ငန်းသုံးဆာဗာများဖြင့် အသုံးပြုနိုင်သကဲ့သို့ Cloud အခြေပြုဝန်ဆောင်မှုအနေဖြင့်လည်း မြန်မာနိုင်ငံတွင် အသုံးပြုနိုင် ပြီဖြစ်သည်။ အဆိုပါ Solution သည် ဘာသာစကားပေါင်း ၂၈ မျိုးအထိ ထောက်ပံ့ပေးနိုင်ပြီး နိုင်ငံ တစ်ခုချင်းစီအတွက် သီးသန့်ပြုလုပ်ထားသည့် အမျိုးအစားပေါင်း ၄၄ ခုအထိလည်း ရရှိနိုင်သည်။ လုံခြုံရေးဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များ ရရှိထားပြီး၊ SAP Iaas ဆိုင်ရာ အရည်အသွေး ပြည့်မီသည့်အတွက် Huawei က Cloud အခြေခံ SAP Business One Solution ကို တဆင့်ထောက်ပံ့ပေးနိုင်ခြင်းဖြစ်သည်။

Huawei Myanmar ၏ CEO ဖြစ်သူ Mr Zhang Liman က “Huawei Cloud ကို သုံးပြီး SAP Business One နည်းပညာတည်ဆောက်မှုကို အဆင့်မြှင့်ပေးနိုင်မယ့် ဒီပူးပေါင်းဆောင်ရွက်မှုကို ထုတ်ပြန်ကြေညာခွင့်ရတာ အလွန်ဝမ်းသာပါတယ်။ အခုဆို မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်း စုတွေနဲ့ အဖွဲ့အစည်းတွေက နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ SAP Business One နည်းပညာ ကို အသုံးပြုနိုင်ကြပါပြီ။ ဒီနည်းပညာက အားလုံံးပါဝင်ပေါင်းစည်းထားတဲ့ ပလက်ဖောင်းတစ်ခုတည်း ကို အသုံးပြုပြီး၊ စီးပွားရေးလုပ်ငန်းတွေရဲ့ အဓိကနယ်ပယ်တွေဖြစ်တဲ့ ဘဏ္ဍာရေး၊ စီမံခန့်ခွဲရေးနဲ့ အခြားသော လုပ်ငန်းဆောင်ရွက်ချက်တွေကို ပိုပြီးထိထိရောက်ရောက်လုပ်ဆောင်နိုင်စေဖို့ ကူညီ ပေးသွားမှာပါ။ အခုဆို ဒီနည်းပညာက အရင်ကထက် ပိုလုံခြုံစိတ်ချရပြီး အလွယ်တကူလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို မြှင့်တင်ပေးပြီး နယ်ပယ် အသီးသီးက မိတ်ဖက်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရင်း အပြန်အလှန်အကျိုးရှိစေမယ့် စီးပွားရေးဂေဟစနစ်ကို ဖန်တီးပေးမယ်ဆိုတဲ့ Huawei ရဲ့ကတိကဝတ်ကို ဒီပူးပေါင်းဆောင်ရွက်မှု သမိုင်းမှတ်တိုင်တွေက သက်သေထူနေပါတယ်။” ဟု ပြောကြားသည်။

RITZ Cyber Intelligent Co., Ltd ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးလင်းထွန်းက “Huawei ရဲ့ အဆင့်မြင့် Cloud နည်းပညာပံ့ပိုးမှုတွေကြောင့် SAP Business One ပလက်ဖောင်းနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ပိုမိုဆောင်ရွက်လာနိုင်တော့မှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ၊ အစိုးရနဲ့ ပညာ ရေးဆိုင်ရာ သက်မွေးတက္ကသိုလ်တွေအနေနဲ့ ပိုပြီးထိရောက်တဲ့ အစီအစဉ်ချပြီး လုပ်ငန်းတွေ လည် ပတ်ဆောင်ရွက်နိုင်ဖို့ အားလုံးပါဝင်အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုတစ်ခုကို စတင်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ အခုလိုပူးပေါင်းဆောင်ရွက်မှုကတဆင့် ကျွန်တော်တို့ရဲ့ နည်းပညာတွေနဲ့ ဆိုက်ဘာ လုံခြုံရေးဆောင်ရွက်ချက်တွေကို အဆင့်မြှင့်တင်နိုင်တော့မှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက် ရည်မှန်းချက်ကြီးကြီးထားပြီး နောက်ဆုံးပေါ် ဒစ်ဂျစ်တယ်လုပ်ငန်း တစ်ခုဖြစ်လာဖို့ မျှော်မှန်းထားတဲ့ကျွန်တော်တို့အတွက်တော့ Huawei နဲ့ အတူ ပူးပေါင်းဆောင်ရွက် ခွင့်ရတာ တကယ်ပဲ ဝမ်းမြောက်ရပါတယ်” ဟု ပြောကြားသည်။

လက်မှတ်ထိုးပွဲအခမ်းအနားသို့ ဘဏ္ဍာရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှု၊ ICT နှင့် အခြားသောနယ်ပယ်အသီးသီးမှ RITZ နှင့် SAP တို့၏ သုံးစွဲသူများနှင့် မိတ်ဖက်များ ၃၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

Huawei ၏ Cloud နည်းပညာများအကြောင်းပိုမိုပြည့်စုံစွာသိရှိလိုပါက https://e.huawei.com/en /solutions/business-needs/data-center?source=corp_comm တွင် ဝင်ရောက်လေ့လာနိုင်ပါ သည်။