HarmonyOS Ecosystem ဖွံ့ဖြိုးတိုးတက်မှု ပွဲမှာ Huawei ရဲ့ Device Cloud ဌာနမှ ဥက္ကဌက HarmonyOS NEXT Software System ကို ဖန်တီးမှုဟာ ဒုတိယ အဆင့်ကို ရောက်နေပြီလို့ ပြောပါတယ်။ ၂၀၂၄ ခုနှစ်အကုန်မှာ ကုမ္ပဏီက HarmonyOS App Store မှာ နောက်ထပ် Native App ၅,၀၀၀ ရောက်လာမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

Huawei says it has no plans to use HarmonyOS in non-Chinese models - Gizchina.com

Huawei ဟာ ပညာရေး အဖွဲ့အစည်းနဲ့ တခြား ကုမ္ပဏီတွေနဲ့ ပူးပေါင်းဖို့ စီစဉ်ထားပြီး HarmonyOS App Ecosystem တိုးတက်စေဖို့ လစဉ်လတိုင်း Developer ၁၀၀,၀၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးနေပါတယ်။

HarmonyOS 2 - Huawei Global

Huawei ဟာ သိပ်မဝေးတဲ့ အနာဂတ်မှာ HarmonyOS အတွက် Native App ၅၀၀,၀၀၀ အထိ ရှိလာဖို့ မျှော်လင့်ထားပါတယ်။ နှိုင်းယှဉ်ရရင် Apple App Store မှာ ၂၀၂၂ ခုနှစ်မှာ App ၁.၇၈ သန်း ရှိပါတယ်။ အဲဒီအရေအတွက်ကို မှီဖို့ Huawei App Store ဟာ အများကြီးလိုပါသေးတယ်။

HarmonyOS NEXT မှာ UI အသစ်၊ ကိုယ်ပိုင် UI Toolkit ၊ SDK နဲ့ Compiler တို့ ပါလာပါတယ်။ Android ကို မမှီခိုထားတဲ့ HarmonyOS ကို ပထမဆုံး ဖြန့်ချိပေးခဲ့တာလို့ Huawei က ပြောပါတယ်။

Ref : gsmarena