[Zawgyi]

Huawei က ၿပီးခဲ့တဲ့ ၁၀ ရက္ေလာက္က Mate 30 5G နဲ႔ Mate 30 Pro 5G ကို မွာယူခြင့္ျပဳလိုက္ပါတယ္။ အခုေတာ့ အဲဒီ ဖုန္းေတြကို စတင္ ေရာင္းေပးလိုက္ၿပီျဖစ္ၿပီး Huawei က ၁ မိနစ္အတြင္းမွာ အလံုးေပါင္း ၁ သိန္းေရာင္းခ်ရတယ္လို႔ ၾကြားလိုက္ပါတယ္။ ေနာက္ထပ္ Flash Sale ကို ႏို၀င္ဘာလ ၅ ရက္ေန႔မွာ ထပ္ေရာင္းေပးမွာ ျဖစ္ၿပီး ကံေကာင္းသူေတြက Huawei Watch GT2 , Mediapad M6 နဲ႔ FreeBuds 3 ေတြကို လက္ေဆာင္ရမွာ ျဖစ္ပါတယ္။

Huawei Mate 30 5G နဲ႔ Mate 30 Pro 5G ကို လက္ရွိမွာ တရုတ္မွာပဲ ေရာင္းေပးထားပါတယ္။ Mate 30 5G အတြက္ ေမာ္ဒယ္ႏွစ္ခု ထုတ္လုပ္ထားၿပီး 8/128GB ကို ၄,၉၉၉ ယြမ္နဲ႔ 8/256GB ကို ၅,၄၉၉ ယြမ္ သတ္မွတ္ထားပါတယ္။  ျမန္မာေငြ ၁၁ သိန္းနဲ႔ ၁၂ သိန္းေလာက္ရွိပါတယ္။  Mate 30 Pro 5G ရဲ႕ 8/256GB ကို ၆,၈၉၉ ယြမ္နဲ႔ 8/512GB ကို ၇,၈၉၉ ယြမ္ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၁၅ သိန္းနဲ႔ ၁၇ သိန္းေလာက္က်သင့္ပါတယ္။

စမတ္ဖုန္း ႏွစ္လံုးစလံုးမွာ Huawei ရဲ႕ Kirin 990 5G 7nm+ EVU Processor ေမာင္းႏွင္ထားပါတယ္။ 5G Modem နဲ႔ NPU Chip ေတြ ထည့္ထားပါတယ္။ အန္တင္နာ ၂၁ ခု ပါၿပီး ၁၄ ခုက 5G အတြက္ ျဖစ္ပါတယ္။ တျခား 5G Phone ေတြရဲ႕ အန္တင္နာ ၆ ခု ဒီဇိုင္းထက္ ပိုမ်ားပါတယ္။

Huawei Mate 30 5G နဲ႔ Mate 30 Pro 5G မွာ 4,200 နဲ႔ 4,500mAh Battery ေတြ အသီးသီးထည့္ထားၿပီး 40W Fast Charging နဲ႔ 27W Wireless Charging ပါပါတယ္။ ရိုးရိုး Mate 30 နဲ႔ Mate 30 Pro ေတြမွာ မရတဲ့ အေရာင္ ၂ မ်ိဳးျဖစ္တဲ့ Vegan Leather Orange နဲ႔ Vegan Leather Green အေရာင္ေတြကို 5G Model ေတြအတြက္ ထုတ္လုပ္ေပးထားပါတယ္။

Ref : gsmarena

[Unicode]

၁ မိနစ်အတွင်း Huawei Mate 30 5G နဲ့ Mate 30 Pro 5G အလုံးပေါင်း ၁ သိန်းရောင်းချရ

Huawei က ပြီးခဲ့တဲ့ ၁၀ ရက်လောက်က Mate 30 5G နဲ့ Mate 30 Pro 5G ကို မှာယူခွင့်ပြုလိုက်ပါတယ်။ အခုတော့ အဲဒီ ဖုန်းတွေကို စတင် ရောင်းပေးလိုက်ပြီဖြစ်ပြီး Huawei က ၁ မိနစ်အတွင်းမှာ အလုံးပေါင်း ၁ သိန်းရောင်းချရတယ်လို့ ကြွားလိုက်ပါတယ်။ နောက်ထပ် Flash Sale ကို နိုဝင်ဘာလ ၅ ရက်နေ့မှာ ထပ်ရောင်းပေးမှာ ဖြစ်ပြီး ကံကောင်းသူတွေက Huawei Watch GT2 , Mediapad M6 နဲ့ FreeBuds 3 တွေကို လက်ဆောင်ရမှာ ဖြစ်ပါတယ်။

Huawei Mate 30 5G နဲ့ Mate 30 Pro 5G ကို လက်ရှိမှာ တရုတ်မှာပဲ ရောင်းပေးထားပါတယ်။ Mate 30 5G အတွက် မော်ဒယ်နှစ်ခု ထုတ်လုပ်ထားပြီး 8/128GB ကို ၄,၉၉၉ ယွမ်နဲ့ 8/256GB ကို ၅,၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၁ သိန်းနဲ့ ၁၂ သိန်းလောက်ရှိပါတယ်။ Mate 30 Pro 5G ရဲ့ 8/256GB ကို ၆,၈၉၉ ယွမ်နဲ့ 8/512GB ကို ၇,၈၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၅ သိန်းနဲ့ ၁၇ သိန်းလောက်ကျသင့်ပါတယ်။

စမတ်ဖုန်း နှစ်လုံးစလုံးမှာ Huawei ရဲ့ Kirin 990 5G 7nm+ EVU Processor မောင်းနှင်ထားပါတယ်။ 5G Modem နဲ့ NPU Chip တွေ ထည့်ထားပါတယ်။ အန်တင်နာ ၂၁ ခု ပါပြီး ၁၄ ခုက 5G အတွက် ဖြစ်ပါတယ်။ တခြား 5G Phone တွေရဲ့ အန်တင်နာ ၆ ခု ဒီဇိုင်းထက် ပိုများပါတယ်။

Huawei Mate 30 5G နဲ့ Mate 30 Pro 5G မှာ 4,200 နဲ့ 4,500mAh Battery တွေ အသီးသီးထည့်ထားပြီး 40W Fast Charging နဲ့ 27W Wireless Charging ပါပါတယ်။ ရိုးရိုး Mate 30 နဲ့ Mate 30 Pro တွေမှာ မရတဲ့ အရောင် ၂ မျိုးဖြစ်တဲ့ Vegan Leather Orange နဲ့ Vegan Leather Green အရောင်တွေကို 5G Model တွေအတွက် ထုတ်လုပ်ပေးထားပါတယ်။

Ref : gsmarena