[Zawgyi]

Huawei ရဲ႕ေနာက္ကြယ္မွာ တ႐ုတ္အစိုးရ ရွိေနတယ္မရွိေနဘူးဆိုတာက ႏိုင္ငံေရးသမားေတြ ေမးၾကတဲ့ေမးခြန္းပါ။ နည္းပညာေလာကမွာေတာ့ Huawei ရဲ႕ေနာက္မွာ ဘယ္သူရွိရွိ အေရးမႀကီးပါဘူး။ စီးပြားေရးေလာကမွာေတာ့ Huawei ကုမၸဏီဆက္လက္ရွင္သန္ဖို႔ ေဈးကြက္ကိုဘယ္လိုခ်ဲ႕ထြင္မလဲဆိုတဲ့ ေမးခြန္းကအေရးႀကီးပါတယ္။

အခုေတာ့ Huawei ဟာ အေမရိကန္ရဲ႕ မဟာရန္သူေတာ္ ႐ုရွားႏိုင္ငံမွာ 5G ကြန္ရက္တည္ေဆာက္ခြင့္ ရသြားၿပီ ျဖစ္ပါတယ္။ အေမရိကန္ရဲ႕ တားျမစ္ပိတ္ပင္ျခင္းေတြက Huawei အတြက္ ႐ုရွားႏိုင္ငံဝင္ခြင့္လက္မွတ္လို ျဖစ္သြားပုံပါပဲ။ ဒါမွမဟုတ္ ရန္သူရဲ႕ ရန္သူဟာ မိတ္ေဆြပဲ ဆိုတဲ့ စကားလိုမ်ား ျဖစ္သြားသလားလို႔ ေမးရေတာ့မွာ ျဖစ္ပါတယ္။

႐ုရွားသမၼတ ဗလာဒီမာပူတင္ဟာ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္နဲ႔အတူ ႏွစ္ႏိုင္ငံကုန္သြယ္မႈ အႏွစ္ ၇၀ ျပည့္အထိမ္းအမွတ္ပြဲကို ဂုဏ္ျပဳေပးခဲ့ၿပီး ႏွစ္ႏိုင္ငံၾကား ခ်စ္ၾကည္ရင္းႏွီးမႈကို ပိုမိုတိုးျမႇင့္လိုက္ပါတယ္။ ဒီေနာက္မွာေတာ့ Huawei ဟာ ႐ုရွား Carrier MTS နဲ႔အတူ 5G ကြန္ရက္ေတြ တည္ေဆာက္ေပးဖို႔အတြက္ ခိုင္မာတဲ့မိတ္ဖက္အျဖစ္လက္တြဲလုပ္ေဆာင္ဖို႔ လက္မွတ္ေရးထိုးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

သေဘာတူညီမႈကို Huawei အလုပ္အမႈေဆာင္ Guo Ping နဲ႔ MTS ရဲ႕ ဥကၠ႒နဲ႔စီအီးအို Alexei Kornya တို႔က ႏွစ္ဘက္ေသာ သမၼတေတြရဲ႕ေရွ႕ေမွာက္မွာပဲ ကိုယ္စားျပဳလက္မွတ္ေရးထိုးခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီသေဘာတူညီမႈဟာ စီးပြားေရးအရ သာမန္လုပ္႐ိုးလုပ္စဥ္အတိုင္းပဲလို႔ ထင္ျမင္ရေပမယ့္ အေမရိကန္အတြက္ေတာ့ မ်က္စိစပါးေမႊးစူးစရာ ျဖစ္သြားမွာ အမွန္ပါပဲ။

CNN ရဲ႕ ေဖာ္ျပခ်က္အရ ႐ုရွားဟာ အေမရိကန္တို႔ စိုးရိမ္သလို လုံၿခဳံေရးဆိုင္ရာကိစၥရပ္နဲ႔ပတ္သက္ၿပီး စိုးရိမ္ျခင္းမရွိဘူးလို႔ သိရပါတယ္။ MTS ကေတာ့ 5G ကြန္ရက္ေတြကိုတည္ေဆာက္ဖို႔ ဒီႏွစ္ထဲမွာ စတင္ၿပီးအစီေရးဆြဲသြားမွာျဖစ္ၿပီး လာမယ့္ ၂၀၂၀ ျပည့္ႏွစ္အတြင္းမွာေတာ့ ဖြံ႕ၿဖိဳးတိုးတက္မႈကို အေကာင္အထည္ေဖာ္ေတာ့မွာ ျဖစ္တယ္လို႔ အတည္ျပဳေပးခဲ့ပါတယ္။

Ref: GSMArena

[Unicode]

ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ခွင့်ရသွားတဲ့ Huawei

Huawei ရဲ့နောက်ကွယ်မှာ တရုတ်အစိုးရ ရှိနေတယ်မရှိနေဘူးဆိုတာက နိုင်ငံရေးသမားတွေ မေးကြတဲ့မေးခွန်းပါ။ နည်းပညာလောကမှာတော့ Huawei ရဲ့နောက်မှာ ဘယ်သူရှိရှိ အရေးမကြီးပါဘူး။ စီးပွားရေးလောကမှာတော့ Huawei ကုမ္ပဏီဆက်လက်ရှင်သန်ဖို့ ဈေးကွက်ကိုဘယ်လိုချဲ့ထွင်မလဲဆိုတဲ့ မေးခွန်းကအရေးကြီးပါတယ်။

အခုတော့ Huawei ဟာ အမေရိကန်ရဲ့ မဟာရန်သူတော် ရုရှားနိုင်ငံမှာ 5G ကွန်ရက်တည်ဆောက်ခွင့် ရသွားပြီ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ တားမြစ်ပိတ်ပင်ခြင်းတွေက Huawei အတွက် ရုရှားနိုင်ငံဝင်ခွင့်လက်မှတ်လို ဖြစ်သွားပုံပါပဲ။ ဒါမှမဟုတ် ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေပဲ ဆိုတဲ့ စကားလိုများ ဖြစ်သွားသလားလို့ မေးရတော့မှာ ဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့အတူ နှစ်နိုင်ငံကုန်သွယ်မှု အနှစ် ၇၀ ပြည့်အထိမ်းအမှတ်ပွဲကို ဂုဏ်ပြုပေးခဲ့ပြီး နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်လိုက်ပါတယ်။ ဒီနောက်မှာတော့ Huawei ဟာ ရုရှား Carrier MTS နဲ့အတူ 5G ကွန်ရက်တွေ တည်ဆောက်ပေးဖို့အတွက် ခိုင်မာတဲ့မိတ်ဖက်အဖြစ်လက်တွဲလုပ်ဆောင်ဖို့ လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

သဘောတူညီမှုကို Huawei အလုပ်အမှုဆောင် Guo Ping နဲ့ MTS ရဲ့ ဥက္ကဋ္ဌနဲ့စီအီးအို Alexei Kornya တို့က နှစ်ဘက်သော သမ္မတတွေရဲ့ရှေ့မှောက်မှာပဲ ကိုယ်စားပြုလက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီသဘောတူညီမှုဟာ စီးပွားရေးအရ သာမန်လုပ်ရိုးလုပ်စဉ်အတိုင်းပဲလို့ ထင်မြင်ရပေမယ့် အမေရိကန်အတွက်တော့ မျက်စိစပါးမွှေးစူးစရာ ဖြစ်သွားမှာ အမှန်ပါပဲ။

CNN ရဲ့ ဖော်ပြချက်အရ ရုရှားဟာ အမေရိကန်တို့ စိုးရိမ်သလို လုံခြုံရေးဆိုင်ရာကိစ္စရပ်နဲ့ပတ်သက်ပြီး စိုးရိမ်ခြင်းမရှိဘူးလို့ သိရပါတယ်။ MTS ကတော့ 5G ကွန်ရက်တွေကိုတည်ဆောက်ဖို့ ဒီနှစ်ထဲမှာ စတင်ပြီးအစီရေးဆွဲသွားမှာဖြစ်ပြီး လာမယ့် ၂၀၂၀ ပြည့်နှစ်အတွင်းမှာတော့ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်တော့မှာ ဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

Ref: GSMArena