Unicode
Huawei ရဲ့ ပထမဆုံး Foldable Phone ဖြစ်တဲ့ Huawei Mate X ဟာ အခုအချိန်မှာတော့ တရုတ်နိုင်ငံမှာ စတင်ရောင်းချနေပြီလည်းဖြစ်ပါတယ်။ ဒီလိုမျိုး Delay ဖြစ်တာတွေအများအပြားနဲ့ ကြုံတွေ့ခဲ့ရတဲ့ Huawei Mate X ဟာ လက်ရှိ Huawei ရဲ့ ပုံမှန် Flagship ဖုန်းတွေလိုမျိုး Software Update လည်း ကြီးကြီးမားမားရရှိခဲ့ခြင်းမရှိပါဘူး။ Huawei ကိုယ်တိုင်လည်း လက်ရှိနောက်ဆုံး EMUI Update ဖြစ်တဲ့ EMUI 10 ကို Device ၁ သန်းကျော်သုံးစွဲနေပြီဖြစ်ပေမယ့် Mate X Foldable Phone ကတော့ ပါဝင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ Huawei ကနေ Mate X အတွက် Android 10 ကို အခြေခံထားတဲ့ EMUI 10 ကို စတင်စမ်းသပ်နေပါပြီ။ လက်ရှိမှာ Huawei Mate X ဖုန်းကို သုံးစွဲသူနည်းပါးနေသေးပေမယ့် Huawei ကနေ EMUI 10 ကို စမ်းသုံးချင်တဲ့သူတွေအတွက် Beta Program ကို စတင်လိုက်တာဖြစ်ပါတယ်။ Beta Program ဖြစ်နေတဲ့အတွက် Bugs တွေ ရှိနေနိုင်ပြီး Daily သုံးမယ့်သူတွေအတွက် မဟုတ်ဘူးလို့ Huawei ကနေ ပြောကြားထားပါတယ်။
Huawei ဟာ Mate X Foldable Phone ကို တရုတ်နိုင်ငံတွင်းမှာပဲ Flashsale ၂ ကြိမ်ပြုလုပ်ပြီး ရောင်းချခဲ့ဖူးတာဖြစ်ပါတယ်။ အဆိုပါ ၂ ကြိမ်စလုံးမှာလည်း ချက်ချင်းရောင်းကုန်သွားခဲ့ပြီးတော့ နိုင်ငံတကာစျေးကွက်မှာ ရောင်းချဖို့ကတော့ ဖြစ်နိုင်ခြေနည်းပါးတဲ့ပုံစံပါပဲ။
ဘာပဲဖြစ်ဖြစ် Huawei Mate X အတွက် EMUI 10 Update ဟာ ပိုပြီးရှင်းလင်းတဲ့ UI ၊ Enhanced Dark Mode ၊ UI Performance ၊ Gesture နဲ့ GPU Turbo လို Feature တွေကို သိသိသာသာ အဆင့်မြှင့်တင်လာမှာဖြစ်ပါတယ်။
Ref – GSM Arena
Zawgyi
Ref – GSM Arena