Huawei ဟာ ပြီးခဲ့တဲ့နှစ်ကစတင်ပြီးတော့ US အစိုးရရဲ့ ပိတ်ပင်မှုတွေကို ခံနေရတာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိအချိန်မှာ Huawei စမတ်ဖုန်းတွေဟာ Snapdragon Processor တွေအပြင် Google App နဲ့ Service တွေကိုလည်း အသုံးပြုနိုင်ခြင်းမရှိတော့ပါဘူး။

ဒါပေမယ့် အခုနောက်ပိုင်းမှာ US ကနေ Huawei အတွက် Kirin Chipset တွေထုတ်လုပ်နိုင်ဖို့အဓိကအနေနဲ့ Chip တွေထောက်ပံ့ပေးနေတဲ့ TSMC ကိုပါ Huawei အား Chip တွေရောင်းချတာကို ရပ်ဆိုင်းဖို့ကြိုးစားနေတာဖြစ်ပါတယ်။

အဲ့ဒီအတွက် Huawei ကနေ အခုနောက်ပိုင်းမှာ ကုမ္ပဏီရဲ့ Internal Design Chip Production ကို TSMC ကနေ SMIC ကို ပြောင်းလဲနေပြီဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ SMIC ဟာ Semiconductor Manufacturing International Corporation ကို ကိုယ်စားပြုတာဖြစ်သလို တရုတ်နိုင်ငံမှာအကြီးမားဆုံး Semiconductor ထုတ်လုပ်သူလည်းဖြစ်ပါတယ်။

အဆိုပါသတင်းတွေအရ Huawei ရဲ့ Chip Division ဖြစ်တဲ့ HiSilicon ကနေ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းထဲက SMIC Chip တွေကို စမ်းသပ်နေတာဖြစ်ပြီး နောက်ပိုင်းမှာ SMIC Chip တွေကိုပြောင်းလဲဖို့စီစဥ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင်မနှစ်တုန်းကလည်း SMIC ဆီကနေ 14nm Chip တွေမှာယူမှုကို ပြုလုပ်ခဲ့သေးတယ်လို့လည်းသိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ SMIC ရဲ့ Shanghai စက်ရုံကနေ တစ်လကို Chip ၃၅,၀၀၀ ခန့်ထုတ်လုပ်နိုင်တဲ့ Advanced Integrated Circuit Production Line ကိုပါ တည်ဆောက်သွားဖို့ စီစဥ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အဲ့ဒီအတွက် Huawei အနေနဲ့ လာမယ့် TSMC 5nm Chip ကိုအခြေခံထားတဲ့ Kirin 1020 Chipset အပြီးမှာ SMIC ကိုပြောင်းလဲသွားဖို့များနေပါတယ်။

Ref – Giz China