Huawei ရဲ့ နှစ်စဥ်ပြုလုပ်နေကျ Huawei Developer Conference ဟာ ယခုနှစ်မှာလည်း လာမယ့်စက်တင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အတွင်း ပြုလုပ်သွားမယ်လို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။ Huawei ကနေ လက်ရှိအချိန်မှာ အဆိုပါ Event တွေအတွက် လက်မှတ်တွေကိုပါ ကြိုတင်ရောင်းချနေပြီလို့သိရပါတယ်။

Huawei ရဲ့ ကိုယ်ပိုင် Website မှာ ဖော်ပြထားချက်အရတော့ လက်ရှိ Huawei ရဲ့ Operating System တွေဖြစ်တဲ့ EMUI 11 နဲ့ HarmonyOS 2.0 ကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ HMS Core 5.0 ကိုပါ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Google ရဲ့ ARCore ကို ယှဥ်ပြိုင်ဖို့အတွက် Huawei AR Engine ကို မိတ်ဆက်ခဲ့ပါသေးတယ်။ အဆိုပါ AR Engine ကိုအသုံးပြုပြီးတော့ Developer တွေအနေနဲ့ Augmented Reality App တွေကို ဖန်တီးနိုင်မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Huawei အနေနဲ့ EMUI 11 မှာ AR ပိုင်းကိုပါ အာရုံစိုက်လာနိုင်ပါတယ်။

HarmonyOS 2.0 အနေနဲ့ကတော့ လောလောဆယ်မှာ Android OS ကို စမတ်ဖုန်းတွေမှာ အစားထိုးသွားမှာတော့ မဟုတ်သေးပေမယ့် PC ၊ Smartwatch နဲ့ Car တွေမှာ အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Huawei အနေနဲ့ EMUI 11 မှာ GMS မရှိပေမယ့်လည်း စမတ်ဖုန်းနဲ့ PC ပိုင်းအတွက် စိတ်ဝင်စားဖွယ် Feature အသစ်တွေကို မိတ်ဆက်သွားတော့မှာပါ။

Ref – Gizmo China