Huawei က ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ MatePad Pro ကို ကြေညာခဲ့ပြီး အခုတော့ 5G မော်ဒယ်ကို ချပြလိုက်ပါတယ်။ Kirin 990 5G Chipset မောင်းနှင်ထားပြီး ပိုမြန်တဲ့ Wireless Charging ပါလာပါတယ်။ 5G Modem ပါတဲ့ Chipset ဖြစ်ပြီး Download Speed က 4G ထက် ၁၀ ဆပိုမြန်လာသလို Latency က နည်းသွားတဲ့အတွက် Cloud Gaming အတွက် ရှယ်ပါပဲ။

5G မော်ဒယ်မှာ 27W Wireless Charging ပါလာပြီး 4G မော်ဒယ်ရဲ့ 15W ထက်ပိုကောင်းလာပါတယ်။ Wired Charging ကတော့ တူညီပြီး 40W ထောက်ပံ့ထားပါတယ်။ Reverse Wireless Charging ပါတဲ့အတွက် တခြား ကိရိယာတွေကို ကြိုးမဲ့အားသွင်းပေးနိုင်ပါတယ်။

၁၀.၈ လက်မ 2560x1600p မျက်နှာပြင် ထည့်သွင်းထားပြီး iPad Pro ရဲ့ 265ppi ထက် ပိုမြင့်တဲ့ 280ppi ပါလာပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေဟာ ၄.၉ မီလီမီတာရှိပြီး Screen-to-body Ratio က ၉၀ ရာခိုင်နှုန်းတောင်ရှိတဲ့အတွက် လှပပါတယ်။ Android 10 အခြေပြု EMUI 10 မောင်းနှင်ထားပြီး Huawei က Custom Multitasking Interface ကို တော်တော်ကြွားထားပါတယ်။ App ၂ ခု ဘေးချင်းယှဉ်သုံးနိုင်တဲ့ Split-screen ပါလာပြီး App ၃ ထောင်ကျော်ကို ထောက်ပံ့တဲ့ App Multiplier လုပ်ဆောင်ချက် ထည့်ထားပါတယ်။

တက်ဘလက်အတွက် အဓိက Accessory ၂ ခုက Smart Keyboard နဲ့ M-Pencil Stylus ဖြစ်ပါတယ်။ တက်ဘလက်ရဲ့ ဘယ်နဲ့ ညာဘက်မှာ စပီကာ ၂ လုံးစီ ထည့်သွင်းထားပြီး မိုက်ကရိုဖုန်း ၄ လုံးပါလာပါတယ်။ 13MP ကင်မရာဘေးမှာ အသံဆူညံတာကို ဖယ်ရှားပေးတဲ့ မိုက်ကရိုဖုန်း အပို ၁ လုံးတပ်ဆင်ထားပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ ထည့်သွင်းထားပါတယ်။ 8/256GB နဲ့ 8/512GB ၂ မျိုးထုတ်လုပ်ထားပြီး ၈၀၀ ယူရိုနဲ့ ၉၅၀ ယူရို အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၂ သိန်း ၅ သောင်းနဲ့ ၁၄ သိန်း ၈ သောင်းလောက် ကျသင့်မှာပါ။ Smart Keyboard ကို ၁၃၀ ယူရိုနဲ့ M-Pencil ကို ၁၀၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်းနဲ့ ၁ သိန်း ၅ သောင်းလောက် ရှိပါတယ်။

Ref : gsmarena