[Zawgyi]

မေန႔တုန္းက အင္တာနက္တခြင္ ၿပဲၿပဲစင္ေအာင္ ထြက္ေပၚခဲ့တဲ့ သတင္းေတြဟာ Huawei နဲ႔ အေမရိကန္တို႔ရဲ႕ ျပႆနာေတြဆိုတာ အားလုံးသိၿပီးသား ျဖစ္မွာပါ။ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က Huawei Technologies Co Ltd ႀကီးကို (Blacklist) နာမည္ပ်က္စာရင္းသြင္းၿပီး Google , Intel နဲ႔ Qualcomm တို႔လိုမ်ိဴး အေမရိကန္ႏိုင္ငံ အေျခစိုက္ ကုမၸဏီႀကီးေတြကို Huawei နဲ႔ ခ်က္ျခင္း အဆက္အသြယ္ျဖတ္ဖို႔ ဖိအားေပးခဲ့တယ္လို႔ ယူဆရပါတယ္။ ဒါ့ေၾကာင့္ပဲ အဆိုပါ ကုမၸဏီႀကီးေတြဆီကေနၿပီးေတာ့ Huawei နဲ႔ ခ်က္ျခင္း အဆက္ျဖတ္မယ္ဆိုတဲ့ သတင္းေတြ ဆက္တိုက္ဆိုသလို ေပၚထြက္လာခဲ့တာ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ အေမရိကန္ ကုန္သြယ္ေရးဌာနက Huawei ကို သနားညႇာတာေသာအားျဖင့္ အေမရိကန္ကုမၸဏီေတြနဲ႔အတူ စီးပြားေရးျပဳလုပ္ခြင့္ ယာယီလိုင္စင္ ထုတ္ေပးလိုက္ၿပီလို႔ သိရပါတယ္။ အဆိုပါ လိုင္စင္ဟာ ရက္ေပါင္း ၉၀သာ ၾကာျမင့္မွာျဖစ္ၿပီး၊ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ ၁၉ရက္ေန႔ၿပီးရင္ သက္တမ္းကုန္ဆုံးသြားမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Huawei အေနနဲ႔ မၿပီးျပတ္ေသးတဲ့ လုပ္ငန္းေတြကို အၿပီးသတ္ဖို႔၊ လက္ရွိ Customers ေတြကို လိုအပ္တာ ေထာက္ပံ့ခဲ့ဖို႔အတြက္ ဒီအေတာအတြင္းမွာ Google, Intel, Qualcomm အပါအဝင္ တျခားေသာ အေမရိကန္ကုမၸဏီေတြနဲ႔အတူ ဆက္လက္ပူးတြဲလုပ္ေဆာင္ခြင့္ေတြ ရရွိေနဦးမွာပါ။ ဒါ့အျပင္ Huawei အေပၚ မွီခိုအားထားေနရတဲ့ အေမရိကန္ ကုမၸဏီငယ္ေလးေတြလည္း အသက္ရႈ ေခ်ာင္သြားပါတယ္။

ယာယီလိုင္စင္ဟာ ေစ်းကြက္ထဲကို ေရာက္ရွိၿပီးျဖစ္တဲ့ ပစၥည္းေတြကိုသာ ထိန္းသိမ္းဖို႔ ခြင့္ျပဳထားတာ ျဖစ္တဲ့အတြက္ Huawei အေနနဲ႔ Security Updates ေတြထုတ္ေပးလို႔ရေပမယ့္ နည္းပညာ ဒါမွမဟုတ္ Android နဲ႔ပတ္သက္တဲ့ Hardware ထုတ္ကုန္အသစ္ေတြကိုေတာ့ ေရာင္းခ်ခြင့္ မရွိပါဘူး။ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ Huawei ဟာ ဒီ ၃လအတြင္းမွာ သီးသန္႔ျပဳလုပ္ထားတဲ့ Operating System (OS) ကို ၿပီးစီးေအာင္လုပ္ၿပီး Firmware အသစ္အေနနဲ႔ သူတို႔ရဲ႕ လက္ရွိ Devices ေတြအတြက္ ထုတ္လႊင့္ေပးသြားဖြယ္ရွိတယ္လို႔ ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : Android Authority

[Unicode]

ယာယီလိုင်စင်ရလို့ အသက်ရှုချောင်သွားတဲ့ Huawei ၊ ၃လအတွင်း OS အသစ် မိတ်ဆက်လာနိုင်

မနေ့တုန်းက အင်တာနက်တခွင် ပြဲပြဲစင်အောင် ထွက်ပေါ်ခဲ့တဲ့ သတင်းတွေဟာ Huawei နဲ့ အမေရိကန်တို့ရဲ့ ပြဿနာတွေဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က Huawei Technologies Co Ltd ကြီးကို (Blacklist) နာမည်ပျက်စာရင်းသွင်းပြီး Google , Intel နဲ့ Qualcomm တို့လိုမျိူး အမေရိကန်နိုင်ငံ အခြေစိုက် ကုမ္ပဏီကြီးတွေကို Huawei နဲ့ ချက်ခြင်း အဆက်အသွယ်ဖြတ်ဖို့ ဖိအားပေးခဲ့တယ်လို့ ယူဆရပါတယ်။ ဒါ့ကြောင့်ပဲ အဆိုပါ ကုမ္ပဏီကြီးတွေဆီကနေပြီးတော့ Huawei နဲ့ ချက်ခြင်း အဆက်ဖြတ်မယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အမေရိကန် ကုန်သွယ်ရေးဌာနက Huawei ကို သနားညှာတာသောအားဖြင့် အမေရိကန်ကုမ္ပဏီတွေနဲ့အတူ စီးပွားရေးပြုလုပ်ခွင့် ယာယီလိုင်စင် ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ လိုင်စင်ဟာ ရက်ပေါင်း ၉၀သာ ကြာမြင့်မှာဖြစ်ပြီး၊ ၂၀၁၉ခုနှစ် သြဂုတ်လ ၁၉ရက်နေ့ပြီးရင် သက်တမ်းကုန်ဆုံးသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Huawei အနေနဲ့ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေကို အပြီးသတ်ဖို့၊ လက်ရှိ Customers တွေကို လိုအပ်တာ ထောက်ပံ့ခဲ့ဖို့အတွက် ဒီအတောအတွင်းမှာ Google, Intel, Qualcomm အပါအဝင် တခြားသော အမေရိကန်ကုမ္ပဏီတွေနဲ့အတူ ဆက်လက်ပူးတွဲလုပ်ဆောင်ခွင့်တွေ ရရှိနေဦးမှာပါ။ ဒါ့အပြင် Huawei အပေါ် မှီခိုအားထားနေရတဲ့ အမေရိကန် ကုမ္ပဏီငယ်လေးတွေလည်း အသက်ရှု ချောင်သွားပါတယ်။

ယာယီလိုင်စင်ဟာ စျေးကွက်ထဲကို ရောက်ရှိပြီးဖြစ်တဲ့ ပစ္စည်းတွေကိုသာ ထိန်းသိမ်းဖို့ ခွင့်ပြုထားတာ ဖြစ်တဲ့အတွက် Huawei အနေနဲ့ Security Updates တွေထုတ်ပေးလို့ရပေမယ့် နည်းပညာ ဒါမှမဟုတ် Android နဲ့ပတ်သက်တဲ့ Hardware ထုတ်ကုန်အသစ်တွေကိုတော့ ရောင်းချခွင့် မရှိပါဘူး။ ကျွမ်းကျင်ပညာရှင်တွေကတော့ Huawei ဟာ ဒီ ၃လအတွင်းမှာ သီးသန့်ပြုလုပ်ထားတဲ့ Operating System (OS) ကို ပြီးစီးအောင်လုပ်ပြီး Firmware အသစ်အနေနဲ့ သူတို့ရဲ့ လက်ရှိ Devices တွေအတွက် ထုတ်လွှင့်ပေးသွားဖွယ်ရှိတယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Android Authority