Huawei က Watch 3 Series ကို လွန်ခဲ့တဲ့ ၂ နှစ်က ကြေညာခဲ့ပြီး အခုတော့ မျိုးဆက်သစ် Watch 4 Series ကို ချပြဖို့ ပြင်ဆင်နေပါတယ်။ Watch 4 Series မှာ ထူးခြားတာက Zircon material (ဒြပ်ထု) ကို အသုံးပြုထားမှာ ဖြစ်ပြီး ဂြိုလ်တု ဆက်သွယ်ရေး ပါတဲ့ ပထမဆုံး စမတ်နာရီ ဖြစ်လာမှာပါ။

Zircon material (ဒြပ်ထု)ဟာ စတီးထက် ၄ ဆ ပိုမိုမာကျောပြီး အချိန်ကြာလာရင်တောင် ပျက်ဆီးမှု မရှိဘူးလို့ သိရပါတယ်။ Huawei က အဲဒီဒြပ်ထုကို ပရီမီယမ် Watch 4 မှာ ထည့်သွင်းထားနိုင်ပါတယ်။

The Huawei Watch 3 and Watch 3 Pro are already receiving new features with their first updates - NotebookCheck.net News

Huawei Watch 4 ဟာ ဆက်သွယ်ရေး အပိုင်းမှာလည်း တော်တော် တိုးတက်လာမှာ ဖြစ်ပါတယ်။ ဂြိုလ်တုဆက်သွယ်ရေး ပါလာမှာ ဖြစ်တဲ့ အတွက် မိုဘိုင်း ကွန်ရက်ကို မှီခိုစရာ မလိုဘဲ SMS Message တွေ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ မကြာခင်က ပေါက်ကြားသတင်းတွေအရ Huawei Watch 4 နဲ့ Watch 4 Pro ဟာ WiFi Certification ကို ကျော်ဖြတ်ပြီးပြီ ဖြစ်ပြီး လျှို့ဝှက်အမည်တွေက ARC (Arch) နဲ့ MDS (Medusa) တို့ ဖြစ်ကြပါတယ်။

Huawei က Watch 4 Series ကြေညာမယ့် နေ့ကို မပြောသေးပေမယ့် အရင်မျိုးဆက်ထက် သိသိသာသာ တိုးတက်မှုတွေ ပါလာနိုင်ပါတယ်။

သိသာထင်ရှားတာက Zircon material (ဒြပ်ထု)နဲ့ ဂြိုလ်တု ဆက်သွယ်ရေးကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Ref : gizmochina