[Unicode]

Huawei ရဲ့ Watch GT ဟာ ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်းပိုင်း၊ ကြာရှည်ခံတဲ့ဘက်ထရီသက်တမ်းတွေကြောင့် လူကြိုက်များပြီးအောင်မြင်ခဲ့တဲ့ စမတ်နာရီ ဖြစ်ပါတယ်။ အခု အသစ်ထွက်လာတဲ့ Watch GT 2 ကလည်း Watch GT ရဲ့ ဂုဏ်ပုဒ်ကောင်းတွေကို ဆက်ပြီးသယ်ဆောင်လာခဲ့တာကို တွေ့ရပါတယ်။

Huawei ဟာ ဒုတိယမျိုးဆက် Watch GT 2 မှာ ပြုပြင်ပြောင်းလဲမှုအချို့နဲ့အတူ အဆင့်မြှင့်တင်ခဲ့ပြီး စမတ်နာရီဈေးကွက်ထဲမှာ ပိုပြီးထိုးဖောက်နိုင်ဖို့ ကြိုးပမ်းလာတာ တွေ့ရပါတယ်။ အထူးသဖြင့် Watch GT 2 မှာ ဖုန်းခေါ်ဆိုတာ၊ ဖြေကြားတာ၊ Music control ပိုင်းနဲ့ အားကစားလှုပ်ရှားမှုပိုင်း စတာတွေမှာ ပိုပြီးဆန်းသစ်တဲ့ Feature တွေပါဝင်လာပါတယ်။ ဒီလိုမျိူး Features တွေ ပါလာတာက ပထမမျိူးဆက် Watch GT ထက် သိသိသာသာတိုးတက်ပြောင်းလဲလာတယ်လို့ ပြောနိုင်သလို ပြိုင်ဘက် Smart Watch တွေထက်လည်း Feature ပိုပြီး စုံလင်တယ်လို့ ပြောနိုင်ပါတယ်။

Huawei Watch GT 2 46mm ဟာ 1.39-inch, 454 x 454 AMOLED မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ စမတ်နာရီကောင်းတစ်လုံးအတွက် လုံလုံလောက်လောက်ကောင်းမွန်တဲ့ မျက်နှာပြင်အရည်အသွေးလို့ ဆိုရမှာပါ။ ကိုယ်ထည်ပိုင်းကိုတော့ Stainless steel နဲ့ပဲ တည်ဆောက်ပေးထားတာပါ။ ဒီဇိုင်းပိုင်းက 3D glass screen ဖြစ်တာကြောင့် Bezel-less ဘက်ကိုရောက်အောင်သွားထားပါတယ်။

နာရီရဲ့ မျက်နှာပြင်ကို စိတ်ကြိုက်ပြောင်းလဲနိုင်ဖို့ Huawei health – Watch face store ကနေ အလွယ်တကူ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။ GT2 မှာ Built-in watch faces ၈ မျိုးလောက် ပါဝင်ပါတယ်။ သုံးစွဲသူအနေနဲ့ မတူညီတဲ့ မျက်နှာပြင်ပုံစံတွေကို ပြောင်းလဲသုံးစွဲရင်း မတူညီတဲ့ ခံစားချက်အတွေ့အကြုံတွေကို ရယူခံစားနိုင်မှာပါ။ ဒါတင်မကသေးဘဲ ကိုယ့်စိတ်ကြိုက်ဓါတ်ပုံတွေကိုလည်း နာရီမျက်နှာပြင်အနေနဲ့ ထားနိုင်ပါသေးတယ်။

5ATM အဆင့်သတ်မှတ်ချက်ရှိတာကြောင့် ရေအောက်မီတာ ၅၀ အနက်မှာ မိနစ် ၃၀ အထိ ကောင်းကောင်းအလုပ်လုပ်မှာဖြစ်ပါတယ်။ ညာဘက်က ခလုတ်နှစ်ခုအနက် တစ်ခုက Built-in apps တွေရွေးဖို့ဖြစ်ပြီး နောက်တစ်ခုကတော့ Health tracking အတွက်ပါ။ ညာဘက်အခြမ်းမှာတော့ မိုနိုစပီကာ ရှိပြီး ဘယ်ဘက်ခြမ်းမှာ မိုက်ခရိုဖုန်းရှိပါတယ်။

Watch GT 2 မှာသုံးထားတဲ့ Chipset က Kirin A1 ပါ။ စွမ်းအင်ခြွေတာပြီး စွမ်းဆောင်ရည်မြင့်မားတာကြောင့် GT 2 ကို နောက်တစ်ဆင့်ဆီပို့ဆောင်နိုင်တာလို့လည်း ဆိုရပါမယ်။ 2GB of RAM နဲ့ သိုလှောင်မှုပမာဏ 4GB ဟာ သုံးစွဲသူအတွက် ပျော်ရွှင်ကျေနပ်မှုတွေကို ပေးနိုင်ပါလိမ့်မယ်။ Bluetooth 5.1, Built-in GPS တို့ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။

Huawei Watch GT 2 ဟာ iOS 9.0 နဲ့အထက်၊ Android 4.4 နဲ့အထက်မောင်းနှင်တဲ့ စမတ်ဖုန်းတွေနဲ့ တွဲသုံးနိုင်ပါတယ်။ Huawei Mobile Service နဲ့ Huawei Eco System ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Huawei Health app နဲ့တွဲသုံးရင်တော့ အကောင်းဆုံးပါ။

Fitness tracking ပိုင်းမှာတော့ ရွေးချယ်စရာတွေ အတော်များများရှိပါတယ်။ ဥပမာအားဖြင့် ပြေးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာမျိုးကို အိမ်တွင်း၊ အိမ်ပြင် သီးသန့်ခွဲခြားရွေးချယ်တာမျိုး၊ ရေကူးတာကို သဘာဝကန်နဲ့ ရေကူးကန် ခွဲခြားသတ်မှတ်တာမျိုးတွေ လုပ်လို့ရပါတယ်။ ဒါ့အပြင် Personal intelligent sports coach လည်း ပါဝင်တာကြောင့် သီးသန့် Trainer ငှားထားသလို စနစ်ကျတဲ့ကျန်းမာရေးလှုပ်ရှားမှုကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Heart rate tracking ကလည်း ကောင်းမွန်တဲ့ စောင့်ကြည့်ထောက်ပံ့မှုတွေ ပြုလုပ်နိုင်တာ တွေ့ရပါတယ်။ အသုံးပြုသူရဲ့ နှလုံးခုန်နှုန်းဟာ သတ်မှတ်အဆင့်ထက် နိမ့်နေတယ်ဆိုရင် တုန်ခါမှုနဲ့အတူ သတိပေးတဲ့စနစ်လည်း ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် အသုံးပြုသူဟာ နှလုံးကျန်းမာရေးနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့ အချိန်မီတိုင်ပင် ကုသနိုင်မှာဖြစ်ပါတယ်။ TrueSleep 2.0 feature ကတော့ အိပ်စက်ခြင်းကို စောင့်ကြည့်ပေးမှာဖြစ်ပြီး အိပ်စက်နေချိန်အတွင်း နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ ကောင်းစွာအိပ်ပျော်ခြင်းရှိမရှိ စတာတွေကို ခွဲခြားမှတ်တမ်းတင်ပေးထားမှာ ဖြစ်ပါတယ်။

Huawei Watch GT 2 ရဲ့ 455mAh ဘက်ထရီဟာ Kirin A1 chipset ကြောင့် ပိုပြီးတော့ သက်တမ်းကြာရှည်ခွင့်ရသွားပါတယ်။ အားအပြည့်သွင်းထားပြီးရင် ၁၄ ရက်ကြာ အသင့်သုံးစွဲနိုင်မှာပါ။ သီချင်းနားထောင်တာမျိုးမလုပ်ဘဲ သာမန်အသုံးပြုမယ်ဆိုရင်တော့ ၁၀ ရက်လောက်ကြာတဲ့အထိ အားပြန်သွင်းစရာမလိုဘဲ ကောင်းကောင်းသုံးနိုင်ပါတယ်။ အားပြန်သွင်းချိန်ကတော့ ၁ နာရီနဲ့ ၂၂ မိနစ်လောက်ပဲကြာတာကြောင့် ဘက်ထရီပိုင်းနဲ့ပတ်သက်ရင် Huawei Watch GT 2 ရဲ့ကျော်ကြားမှုက ပြိုင်ဘက်မရှိလို့ပဲ ဆိုရမှာပါ။

Huawei Watch GT 2 က ဘယ်လိုလူမျိုးတွေအတွက် သင့်တော်လဲဆိုရင်တော့ အားကစားလှုပ်ရှားမှုပြုလုပ်လိုတဲ့ လူငယ်၊ လူရွယ်တွေအတွက် အသင့်တော်ဆုံးလို့ ဆိုရပါမယ်။ ဘာကြောင့်လဲဆိုတော့ Watch GT2 ဟာ စမတ်နာရီဆိုပေမယ့် ဖုန်းခေါ်ဆိုတာ၊ ဖြေကြားတာတွေကို (Favorite contact list နဲ့အတူ) စမတ်ဖုန်းတစ်လုံးလိုအသုံးချနိုင်သလို၊ ကိုယ့်စိတ်ကြိုက်သီချင်းတွေကို စမတ်ဖုန်းမလိုဘဲ Watch GT2 ကနေတစ်ဆင့် နားထောင်နိုင်လို့ပါပဲ။ သိုလှောင်မှုပမာဏ 2GB ဟာ သီချင်းပေါင်းများစွာ ထည့်သွင်းထားဖို့ လုံလုံလောက်လောက်ဖြစ်နေမှာပါ။ Watch GT2 ကနေတိုက်ရိုက်နားထောင်နိုင်သလို၊ Bluetooth headset နဲ့ ချိတ်ဆက်ပြီးတော့လည်း နားထောင်နိုင်ပါတယ်။

တကယ်တော့ နှလုံးခုန်နှုန်းလို၊ အိပ်စက်မှုလိုမျိုး အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေဟာ လူကြီးလူငယ်မရွေး ရရှိဖို့လိုအပ်ပါတယ်။ ဒီလိုကျန်းမာရေးစောင့်ရှောက်မှုမျိုးကို Huawei Watch GT2 တစ်လုံးရှိရုံနဲ့ အလွယ်တကူ ရယူခံစားနိုင်တာကတော့ “တန်လွန်းပါတယ်” လို့ပဲ ပြောရပါလိမ့်မယ်။

[Zawgyi]

အားသြင္းရင္းနဲ႔ပဲ အခ်ိန္ကုန္ေနမွာမဟုတ္တဲ့ Huawei Watch GT 2 ဆိုတာ ဘယ္လိုမ်ိဳးလဲ

Huawei ရဲ႕ Watch GT ဟာ ဆြဲေဆာင္မႈရွိတဲ့ဒီဇိုင္းပိုင္း၊ ၾကာရွည္ခံတဲ့ဘက္ထရီသက္တမ္းေတြေၾကာင့္ လူႀကိဳက္မ်ားၿပီးေအာင္ျမင္ခဲ့တဲ့ စမတ္နာရီ ျဖစ္ပါတယ္။ အခု အသစ္ထြက္လာတဲ့ Watch GT 2 ကလည္း Watch GT ရဲ႕ ဂုဏ္ပုဒ္ေကာင္းေတြကို ဆက္ၿပီးသယ္ေဆာင္လာခဲ့တာကို ေတြ႕ရပါတယ္။

Huawei ဟာ ဒုတိယမ်ိဳးဆက္ Watch GT 2 မွာ ျပဳျပင္ေျပာင္းလဲမႈအခ်ိဳ႕နဲ႔အတူ အဆင့္ျမႇင့္တင္ခဲ့ၿပီး စမတ္နာရီေဈးကြက္ထဲမွာ ပိုၿပီးထိုးေဖာက္ႏိုင္ဖို႔ ႀကိဳးပမ္းလာတာ ေတြ႕ရပါတယ္။ အထူးသျဖင့္ Watch GT 2 မွာ ဖုန္းေခၚဆိုတာ၊ ေျဖၾကားတာ၊ Music control ပိုင္းနဲ႔ အားကစားလႈပ္ရွားမႈပိုင္း စတာေတြမွာ ပိုၿပီးဆန္းသစ္တဲ့ Feature ေတြပါဝင္လာပါတယ္။ ဒီလိုမ်ိဴး Features ေတြ ပါလာတာက ပထမမ်ိဴးဆက္ Watch GT ထက္ သိသိသာသာတိုးတက္ေျပာင္းလဲလာတယ္လို႔ ေျပာႏိုင္သလို ၿပိဳင္ဘက္ Smart Watch ေတြထက္လည္း Feature ပိုၿပီး စုံလင္တယ္လို႔ ေျပာႏိုင္ပါတယ္။

Huawei Watch GT 2 46mm ဟာ 1.39-inch, 454 x 454 AMOLED မ်က္ႏွာျပင္နဲ႔ ျဖစ္ပါတယ္။ စမတ္နာရီေကာင္းတစ္လုံးအတြက္ လုံလုံေလာက္ေလာက္ေကာင္းမြန္တဲ့ မ်က္ႏွာျပင္အရည္အေသြးလို႔ ဆိုရမွာပါ။ ကိုယ္ထည္ပိုင္းကိုေတာ့ Stainless steel နဲ႔ပဲ တည္ေဆာက္ေပးထားတာပါ။ ဒီဇိုင္းပိုင္းက 3D glass screen ျဖစ္တာေၾကာင့္ Bezel-less ဘက္ကိုေရာက္ေအာင္သြားထားပါတယ္။

နာရီရဲ႕ မ်က္ႏွာျပင္ကို စိတ္ႀကိဳက္ေျပာင္းလဲႏိုင္ဖို႔ Huawei health – Watch face store ကေန အလြယ္တကူ ေဒါင္းလုဒ္ရယူႏိုင္ပါတယ္။ GT2 မွာ Built-in watch faces ၈ မ်ိဳးေလာက္ ပါဝင္ပါတယ္။ သုံးစြဲသူအေနနဲ႔ မတူညီတဲ့ မ်က္ႏွာျပင္ပုံစံေတြကို ေျပာင္းလဲသုံးစြဲရင္း မတူညီတဲ့ ခံစားခ်က္အေတြ႕အႀကဳံေတြကို ရယူခံစားႏိုင္မွာပါ။ ဒါတင္မကေသးဘဲ ကိုယ့္စိတ္ႀကိဳက္ဓါတ္ပုံေတြကိုလည္း နာရီမ်က္ႏွာျပင္အေနနဲ႔ ထားႏိုင္ပါေသးတယ္။

5ATM အဆင့္သတ္မွတ္ခ်က္ရွိတာေၾကာင့္ ေရေအာက္မီတာ ၅၀ အနက္မွာ မိနစ္ ၃၀ အထိ ေကာင္းေကာင္းအလုပ္လုပ္မွာျဖစ္ပါတယ္။ ညာဘက္က ခလုတ္ႏွစ္ခုအနက္ တစ္ခုက Built-in apps ေတြေ႐ြးဖို႔ျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ Health tracking အတြက္ပါ။ ညာဘက္အျခမ္းမွာေတာ့ မိုႏိုစပီကာ ရွိၿပီး ဘယ္ဘက္ျခမ္းမွာ မိုက္ခ႐ိုဖုန္းရွိပါတယ္။

Watch GT 2 မွာသုံးထားတဲ့ Chipset က Kirin A1 ပါ။ စြမ္းအင္ေႁခြတာၿပီး စြမ္းေဆာင္ရည္ျမင့္မားတာေၾကာင့္ GT 2 ကို ေနာက္တစ္ဆင့္ဆီပို႔ေဆာင္ႏိုင္တာလို႔လည္း ဆိုရပါမယ္။ 2GB of RAM နဲ႔ သိုေလွာင္မႈပမာဏ 4GB ဟာ သုံးစြဲသူအတြက္ ေပ်ာ္႐ႊင္ေက်နပ္မႈေတြကို ေပးႏိုင္ပါလိမ့္မယ္။ Bluetooth 5.1, Built-in GPS တို႔ကိုလည္း ေထာက္ပံ့ေပးထားပါေသးတယ္။

Huawei Watch GT 2 ဟာ iOS 9.0 နဲ႔အထက္၊ Android 4.4 နဲ႔အထက္ေမာင္းႏွင္တဲ့ စမတ္ဖုန္းေတြနဲ႔ တြဲသုံးႏိုင္ပါတယ္။ Huawei Mobile Service နဲ႔ Huawei Eco System ရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ Huawei Health app နဲ႔တြဲသုံးရင္ေတာ့ အေကာင္းဆုံးပါ။

Fitness tracking ပိုင္းမွာေတာ့ ေ႐ြးခ်ယ္စရာေတြ အေတာ္မ်ားမ်ားရွိပါတယ္။ ဥပမာအားျဖင့္ ေျပးတာ၊ လမ္းေလွ်ာက္တာ၊ စက္ဘီးစီးတာမ်ိဳးကို အိမ္တြင္း၊ အိမ္ျပင္ သီးသန႔္ခြဲျခားေ႐ြးခ်ယ္တာမ်ိဳး၊ ေရကူးတာကို သဘာဝကန္နဲ႔ ေရကူးကန္ ခြဲျခားသတ္မွတ္တာမ်ိဳးေတြ လုပ္လို႔ရပါတယ္။ ဒါ့အျပင္ Personal intelligent sports coach လည္း ပါဝင္တာေၾကာင့္ သီးသန္႕ Trainer ငွားထားသလို စနစ္က်တဲ့က်န္းမာေရးလႈပ္ရွားမႈကို ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

Heart rate tracking ကလည္း ေကာင္းမြန္တဲ့ ေစာင့္ၾကည့္ေထာက္ပံ့မႈေတြ ျပဳလုပ္ႏိုင္တာ ေတြ႕ရပါတယ္။ အသုံးျပဳသူရဲ႕ ႏွလုံးခုန္ႏႈန္းဟာ သတ္မွတ္အဆင့္ထက္ နိမ့္ေနတယ္ဆိုရင္ တုန္ခါမႈနဲ႔အတူ သတိေပးတဲ့စနစ္လည္း ထည့္သြင္းေပးထားပါတယ္။ ဒါေၾကာင့္ အသုံးျပဳသူဟာ ႏွလုံးက်န္းမာေရးနဲ႔ပတ္သက္ၿပီး ဆရာဝန္နဲ႔ အခ်ိန္မီတိုင္ပင္ ကုသႏိုင္မွာျဖစ္ပါတယ္။ TrueSleep 2.0 feature ကေတာ့ အိပ္စက္ျခင္းကို ေစာင့္ၾကည့္ေပးမွာျဖစ္ၿပီး အိပ္စက္ေနခ်ိန္အတြင္း ႏွလုံးခုန္ႏႈန္း၊ အသက္ရႉႏႈန္း၊ ေကာင္းစြာအိပ္ေပ်ာ္ျခင္းရွိမရွိ စတာေတြကို ခြဲျခားမွတ္တမ္းတင္ေပးထားမွာ ျဖစ္ပါတယ္။

Huawei Watch GT 2 ရဲ႕ 455mAh ဘက္ထရီဟာ Kirin A1 chipset ေၾကာင့္ ပိုၿပီးေတာ့ သက္တမ္းၾကာရွည္ခြင့္ရသြားပါတယ္။ အားအျပည့္သြင္းထားၿပီးရင္ ၁၄ ရက္ၾကာ အသင့္သုံးစြဲႏိုင္မွာပါ။ သီခ်င္းနားေထာင္တာမ်ိဳးမလုပ္ဘဲ သာမန္အသုံးျပဳမယ္ဆိုရင္ေတာ့ ၁၀ ရက္ေလာက္ၾကာတဲ့အထိ အားျပန္သြင္းစရာမလိုဘဲ ေကာင္းေကာင္းသုံးႏိုင္ပါတယ္။ အားျပန္သြင္းခ်ိန္ကေတာ့ ၁ နာရီနဲ႔ ၂၂ မိနစ္ေလာက္ပဲၾကာတာေၾကာင့္ ဘက္ထရီပိုင္းနဲ႔ပတ္သက္ရင္ Huawei Watch GT 2 ရဲ႕ေက်ာ္ၾကားမႈက ၿပိဳင္ဘက္မရွိလို႔ပဲ ဆိုရမွာပါ။

Huawei Watch GT 2 က ဘယ္လိုလူမ်ိဳးေတြအတြက္ သင့္ေတာ္လဲဆိုရင္ေတာ့ အားကစားလႈပ္ရွားမႈျပဳလုပ္လိုတဲ့ လူငယ္၊ လူ႐ြယ္ေတြအတြက္ အသင့္ေတာ္ဆုံးလို႔ ဆိုရပါမယ္။ ဘာေၾကာင့္လဲဆိုေတာ့ Watch GT2 ဟာ စမတ္နာရီဆိုေပမယ့္ ဖုန္းေခၚဆိုတာ၊ ေျဖၾကားတာေတြကို (Favorite contact list နဲ႔အတူ) စမတ္ဖုန္းတစ္လုံးလိုအသုံးခ်ႏိုင္သလို၊ ကိုယ့္စိတ္ႀကိဳက္သီခ်င္းေတြကို စမတ္ဖုန္းမလိုဘဲ Watch GT2 ကေနတစ္ဆင့္ နားေထာင္ႏိုင္လို႔ပါပဲ။ သိုေလွာင္မႈပမာဏ 2GB ဟာ သီခ်င္းေပါင္းမ်ားစြာ ထည့္သြင္းထားဖို႔ လုံလုံေလာက္ေလာက္ျဖစ္ေနမွာပါ။ Watch GT2 ကေနတိုက္႐ိုက္နားေထာင္ႏိုင္သလို၊ Bluetooth headset နဲ႔ ခ်ိတ္ဆက္ၿပီးေတာ့လည္း နားေထာင္ႏိုင္ပါတယ္။

တကယ္ေတာ့ ႏွလုံးခုန္ႏႈန္းလို၊ အိပ္စက္မႈလိုမ်ိဳး အေျခခံက်န္းမာေရးေစာင့္ေရွာက္မႈေတြဟာ လူႀကီးလူငယ္မေ႐ြး ရရွိဖို႔လိုအပ္ပါတယ္။ ဒီလိုက်န္းမာေရးေစာင့္ေရွာက္မႈမ်ိဳးကို Huawei Watch GT2 တစ္လုံးရွိ႐ုံနဲ႔ အလြယ္တကူ ရယူခံစားႏိုင္တာကေတာ့ “တန္လြန္းပါတယ္” လို႔ပဲ ေျပာရပါလိမ့္မယ္။