Zawgyi

Huawei Y7 Prime (2019 ေမာ္ဒယ္) ဟာ အခုႏွစ္ဇႏၷဝါရီမွာ ထြက္ရွိခဲ့တာပါ။ ဒါေပမယ့္ တရုတ္အေျခစုိက္ ကုမၸဏီက ဒီထုတ္ကုန္ကို တဖန္ျပန္လည္ဆန္းသစ္ဖို႔ ၾကိဳးစားလာၿပီး လည္သာအတုနဲ႔ Special Edition ဗားရွင္းအသစ္ကို မိတ္ဆက္လာပါတယ္။

အျမင္ပုိင္းဆုိင္ရာေျပာင္းလဲမႈအျပင္ အတြင္းပုိင္းမွာ 64GB Storage အျဖစ္ တုိးျမွင့္လာတာကလြဲရင္ေတာ့ ဒီဖုန္းဟာ မူရင္းဗားရွင္းနဲ႔ အတူတူပါပဲ။

Huawei Y7 Prime (2019) ဟာ 6.26” လက္မအရြယ္ IPS Panel ကိုအသုံးျပဳထားၿပီး HD+ Resolution ေထာက္ပံ့ေပးတယ္။ Waterdrop Notch ထဲမွာ 16MP Selfie ကင္မရာတစ္ခု ပါဝင္တယ္။ အတြင္းမွာေတာ့ Snapdragon 450 ခ်စ္ပ္ဆက္ကို 3GB RAM မန္မုိရီနဲ႔ တြဲဖက္ထားပါတယ္။ ေနာက္ဘက္မွာ 13MP ကင္မရာကို 2MP Depth Sensor နဲ႔တြဲထားၿပီး သမာရုိးက် Fingerprint ဖတ္စက္တစ္ခုလည္း ပါဝင္တယ္။

စက္ႏွင္စနစ္ကေတာ့ Android 8.1 Oreo ကိုပဲ အေျခခံထားတဲ့ EMUI 8.2 နဲ႔ အသုံးျပဳရမွာပါ။ ဒီဖုန္းအသစ္ဟာ ပါကစၥတန္ေစ်းကြက္ကို အရင္ဝင္လာၿပီး ေဒၚလာ ၂၂၀ (ျမန္မာေငြ သုံးသိန္းသုံးေသာင္းေက်ာ္) ဝန္းက်င္ ေစ်းႏႈန္းနဲ႔ထြက္လာတယ္။ အျခားေစ်းကြက္ေတြကို ဘယ္ေတာ့ဝင္လာမလဲဆုိတာေတာ့ မေၾကျငာေသးပါဘူး။

Ref – GSM Arena

Unicode

Huawei Y7 Prime (2019 မော်ဒယ်) ဟာ အခုနှစ်ဇန္နဝါရီမှာ ထွက်ရှိခဲ့တာပါ။ ဒါပေမယ့် တရုတ်အခြေစိုက် ကုမ္ပဏီက ဒီထုတ်ကုန်ကို တဖန်ပြန်လည်ဆန်းသစ်ဖို့ ကြိုးစားလာပြီး လည်သာအတုနဲ့ Special Edition ဗားရှင်းအသစ်ကို မိတ်ဆက်လာပါတယ်။

အမြင်ပိုင်းဆိုင်ရာပြောင်းလဲမှုအပြင် အတွင်းပိုင်းမှာ 64GB Storage အဖြစ် တိုးမြှင့်လာတာကလွဲရင်တော့ ဒီဖုန်းဟာ မူရင်းဗားရှင်းနဲ့ အတူတူပါပဲ။

Huawei Y7 Prime (2019) ဟာ 6.26” လက်မအရွယ် IPS Panel ကိုအသုံးပြုထားပြီး HD+ Resolution ထောက်ပံ့ပေးတယ်။ Waterdrop Notch ထဲမှာ 16MP Selfie ကင်မရာတစ်ခု ပါဝင်တယ်။ အတွင်းမှာတော့ Snapdragon 450 ချစ်ပ်ဆက်ကို 3GB RAM မန်မိုရီနဲ့ တွဲဖက်ထားပါတယ်။ နောက်ဘက်မှာ 13MP ကင်မရာကို 2MP Depth Sensor နဲ့တွဲထားပြီး သမာရိုးကျ Fingerprint ဖတ်စက်တစ်ခုလည်း ပါဝင်တယ်။

စက်နှင်စနစ်ကတော့ Android 8.1 Oreo ကိုပဲ အခြေခံထားတဲ့ EMUI 8.2 နဲ့ အသုံးပြုရမှာပါ။ ဒီဖုန်းအသစ်ဟာ ပါကစ္စတန်ဈေးကွက်ကို အရင်ဝင်လာပြီး ဒေါ်လာ ၂၂၀ (မြန်မာငွေ သုံးသိန်းသုံးသောင်းကျော်) ဝန်းကျင် ဈေးနှုန်းနဲ့ထွက်လာတယ်။ အခြားဈေးကွက်တွေကို ဘယ်တော့ဝင်လာမလဲဆိုတာတော့ မကြေငြာသေးပါဘူး။

Ref – GSM Arena