Huawei ကနေ Mid Range စမတ်ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ Huawei Y8p ကို တိတ်တဆိတ်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Huawei Y8p ဖုန်းနဲ့ တူညီတဲ့ Hardware ပါဝင်တဲ့ဖုန်းတစ်လုံးကို Huawei Enjoy 10s နာမည်နဲ့ တွေ့ရှိခဲ့တဲ့အတွက် ဖြစ်နိုင်တာက ရောင်းချတဲ့နိုင်ငံပေါ်မှုတည်ပြီးတော့ Huawei Y8p သို့မဟုတ် Enjoy 10s လို့ နာမည်ပေးထားမယ်လို့ ယူဆရပါတယ်။

Huawei Y8p စမတ်ဖုန်းဟာ 6.3″ Full HD+ OLED Display ကို အသုံးပြုထားပြီးတော့ Screen-to-Body Ratio 90.17% အထိရှိမှာဖြစ်တဲ့အပြင် In-display Fingerprint Sensor လည်းပါဝင်မှာဖြစ်ပါတယ်။

Camera ပိုင်းမှာလည်း စိတ်ဝင်စားဖို့ကောင်းပြီးတော့ Huawei ကနေ ပုံမှန် Flagship ဖုန်းတွေမှာပဲ ပါဝင်နေကြဖြစ်တဲ့ 48MP RYYB SuperSpectrum Sensor အမျိုးအစားကို Primary အနေနဲ့ အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အဆိုပါ Camera ကနေ Super Night Mode Feature ကိုပါ အသုံးပြုပြီး ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။

ကျန်တဲ့ Camera တွေအနေနဲ့ကတော့ 8MP 120-degree Ultrawide Camera ၊ 2MP Depth Sensor တွေပါဝင်မှာဖြစ်ပြီးတော့ Selfie Camera ကိုတော့ Waterdrop Notch Design နဲ့ 16MP Sensor ကို ထည့်သွင်းထားပါတယ်။

Processor ပိုင်းအနေနဲ့ကတော့ Kirin 710F Chipset ကို အသုံးပြုထားပြီး RAM 4GB နဲ့ 128GB Storage ပါဝင်မှာဖြစ်ပါတယ်။ RAM 6GB Version ကိုလည်း ရောင်းချသွားမှာဖြစ်ပေမယ့် Storage အနေနဲ့ကတော့ 128GB ပဲပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ 4000mAh Battery ကိုမှ 10W Charging Speed ကို Support ပေးနိုင်တဲ့ USB-C Port ကို ထည့်သွင်းထားမယ်လို့ သိရပါတယ်။

Software ပိုင်းအနေနဲ့ကတော့ Android 10 ကို အခြေခံထားတဲ့ EMUI 10.1 ကို အသုံးပြုထားမှာဖြစ်ပြီး Google Mobile Services အစား Huawei Mobile Services ကိုပဲ အသုံးပြုရမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ €245 (မြန်မာငွေ ၃ သိန်း ၇ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားဖို့များနေပါတယ်။

Ref – GSM Arena