Zawgyi

HUAWEI အေနနဲ႔ Y စီးရီးေတြရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း ျဖစ္တဲ့ HUAWEI Y9 (2019) ကို ဒီလ အေစာပိုင္းတုန္းက ျပည္ပႏိုင္ငံတခ်ိဴ႕မွာ မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ HUAWEI Y9 (2019) ဟာ ၿပီးခဲ့တဲ့ မတ္လတုန္းက မိတ္ဆက္ခဲ့တဲ့ Y9 (2018) ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း တစ္လုံးျဖစ္ပါတယ္။ ဒီေန႔မွာလည္း HUAWEI Myanmar အေနနဲ႔ Y9 (2019) ကို ျပည္တြင္းေစ်းကြက္ထဲမွာ မၾကာခင္ ေရာင္းခ်ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

 

HUAWEI Y9 (2018) မွာ ကင္မရာ ၄လုံးကို ထည့္သြင္းတပ္ဆင္ေပးထားတာေၾကာင့္ လူအမ်ားရဲ႕ စိတ္ဝင္စားျခင္းကို ခံခဲ့ရသလို အခု Y9 (2019) မွာလည္း Artificial Intelligence လို႔ေခၚတဲ့ ဥာဏ္ရည္တုနည္းပညာ အေထာက္အပံ့ေတြပါမယ့္ AI ကင္မရာ ၄လုံး ထည့္သြင္းတပ္ဆင္ထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ယေန႔ေခတ္ စမတ္ဖုန္းေလာကမွာ ေရပန္းစားေနတဲ့ Display Notch ပါဝင္လာမွာ ျဖစ္ၿပီး HUAWEI Y9 (2018) နဲ႔ယွဥ္မယ္ဆိုရင္ Display အ႐ြယ္အစားကလည္း ပိုမိုႀကီးမားလာမွာ ျဖစ္ပါတယ္။ Processor အပိုင္းကိုလည္း အဆင့္ျမႇင့္တင္မႈမ်ားစြာ ျပဳလုပ္ထားမွာ ျဖစ္ပါတယ္။

HUAWEI Y9 (2019) နဲ႔ပတ္သတ္ၿပီး ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္ကေတာ့ ကာလာပါ။ P20 Pro ကေန စၿပီး Huawei ဖုန္းေတာ္ေတာ္မ်ားမ်ားမွာ အသုံးျပဳလာတဲ့ အေရာင္ေျပး (Gradient Color) ေလးေတြကို အခု Y9 (2019) မွာလည္း အသုံးျပဳထားတယ္လို႔ သိရပါတယ္။ ဘာပဲျဖစ္ျဖစ္ ေျပာင္းလဲမႈမ်ားစြာနဲ႔ ပြဲထြက္လာမွာ ျဖစ္တာေၾကာင့္ HUAWEI Y9 (2019) က စိတ္ဝင္စားစရာေကာင္းေနတာေတာ့ အမွန္ပါပဲ။

Unicode

မြန်မာနိုင်ငံကို မကြာမီ ရောက်ရှိလာတော့မယ့် HUAWEI Y9 (2019)

HUAWEI အနေနဲ့ Y စီးရီးတွေရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ HUAWEI Y9 (2019) ကို ဒီလ အစောပိုင်းတုန်းက ပြည်ပနိုင်ငံတချိူ့မှာ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ HUAWEI Y9 (2019) ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက မိတ်ဆက်ခဲ့တဲ့ Y9 (2018) ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း တစ်လုံးဖြစ်ပါတယ်။ ဒီနေ့မှာလည်း HUAWEI Myanmar အနေနဲ့ Y9 (2019) ကို ပြည်တွင်းစျေးကွက်ထဲမှာ မကြာခင် ရောင်းချနိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

HUAWEI Y9 (2018) မှာ ကင်မရာ ၄လုံးကို ထည့်သွင်းတပ်ဆင်ပေးထားတာကြောင့် လူအများရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရသလို အခု Y9 (2019) မှာလည်း Artificial Intelligence လို့ခေါ်တဲ့ ဥာဏ်ရည်တုနည်းပညာ အထောက်အပံ့တွေပါမယ့် AI ကင်မရာ ၄လုံး ထည့်သွင်းတပ်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယနေ့ခေတ် စမတ်ဖုန်းလောကမှာ ရေပန်းစားနေတဲ့ Display Notch ပါဝင်လာမှာ ဖြစ်ပြီး HUAWEI Y9 (2018) နဲ့ယှဥ်မယ်ဆိုရင် Display အရွယ်အစားကလည်း ပိုမိုကြီးမားလာမှာ ဖြစ်ပါတယ်။ Processor အပိုင်းကိုလည်း အဆင့်မြှင့်တင်မှုများစွာ ပြုလုပ်ထားမှာ ဖြစ်ပါတယ်။

HUAWEI Y9 (2019) နဲ့ပတ်သတ်ပြီး နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ ကာလာပါ။ P20 Pro ကနေ စပြီး Huawei ဖုန်းတော်တော်များများမှာ အသုံးပြုလာတဲ့ အရောင်ပြေး (Gradient Color) လေးတွေကို အခု Y9 (2019) မှာလည်း အသုံးပြုထားတယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ပြောင်းလဲမှုများစွာနဲ့ ပွဲထွက်လာမှာ ဖြစ်တာကြောင့်  HUAWEI Y9 (2019) က စိတ်ဝင်စားစရာကောင်းနေတာတော့ အမှန်ပါဘဲ။