နာမည်ကြီး Tipster Digital Chat Station က တရုတ် နည်းပညာ ကုမ္ပဏီတွေ ဖြစ်တဲ့ Huawei, ZTE နဲ့ BOE တို့ ပူးပေါင်းကာ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ ပါတဲ့ Foldable OLED မျက်နှာပြင်ကို ဖန်တီးနေတယ်လို့ ပြောပါတယ်။ အဲဒီ မျက်နှာပြင် နည်းပညာကို ပထမဆုံး ထည့်သွင်းထားမယ့် စမတ်ဖုန်းက Huawei Mate X4 Foldable စမတ်ဖုန်း ဖြစ်လာမှာပါ။

Huawei, ZTE and BOE work on a flexible OLED with under-display selfie cam

Huawei Mate X4 ဟာ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ ပါတဲ့ ပထမဆုံး Foldable စမတ်ဖုန်း မဟုတ်ပါဘူး။ Samsung က Galaxy Fold4 မှာ အဲဒီမျက်နှာပြင် နည်းပညာကို ထည့်သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဆဲလ်ဖီး ကင်မရာကို ဖုံးအုပ်ထားတဲ့အတွက် ရုပ်ပုံ အရည်အသွေး ညံ့ဖျင်းပါတယ်။ အခုတော့ Huawei, ZTE နဲ့ BOE တို့က ဒီပြဿနာကို ဖြေရှင်းနိုင်ပုံရပါတယ်။

ZTE Axon 20 5G: World's first under-screen selfie camera underperforms - CNET

အဲဒီ မျက်နှာပြင်ကို Q8 OLED လို့ အမည်ပေးထားပြီး ကင်မရာ အရည်အသွေး ပြဿနာတွေကို ဖြေရှင်းပေးထားတယ်လို့ သိရပါတယ်။ ZTE ဟာ အဲဒီနည်းပညာနယ်ပယ်မှာ ကျွမ်းကျင်ပြီး BOE ကလည်း မျက်နှာပြင် နည်းပညာမှာ ကောင်းမွန်တဲ့အတွက် အခုလို အောင်မြင်သွားတာဖြစ်နိုင်ပါတယ်။ ZTE ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က မျက်နှာပြင်အောက်ကင်မရာ နည်းပညာ ပါတဲ့ Axon Series ကို ထုတ်လုပ်ရောင်းချခဲ့ပြီး ပြီးခဲ့တဲ့ မျိုးဆက် စမတ်ဖုန်းတွေမှာ သိသိသာသာ တိုးတက်လာပါတယ်။ အခုမျက်နှာပြင် အသစ်မှာ 2480x1116p Resolution ပါလာမှာ ဖြစ်ပြီး High-frequency 1,440Hz PWM Dimming ထောက်ပံ့ထားမယ်လို့ သိရပါတယ်။

Ref: gsmarena