[Zawgyi]

Samsung ဟာ Galaxy Fold ကို ပိုၿပီးေတာ့ အၾကမ္းခံႏိုင္ေအာင္လို႔ ဒီဇိုင္းပိုင္းမွာပါ ျပန္လည္ျပင္ဆင္ခဲ့သလိုပဲ Huawei ကလည္း သူတို႔ရဲ႕ Mate X ကို လိုအပ္ခ်က္ေတြျဖည့္တင္းမြမ္းမံရင္း ဒီဇိုင္းပိုင္းလည္း အနည္းငယ္ ျပင္ဆင္ခဲ့ပါတယ္။ ဒီကုမၸဏီႏွစ္ခုကေတာ့ သူတို႔ရဲ႕ Foldable ဖုန္းေတြကို အေကာင္းဆုံးျဖစ္ေအာင္ အၿပိဳင္အဆိုင္ႀကိဳးပမ္းေနၾကတာ ျဖစ္ပါတယ္။

အားလုံးကေမွ်ာ္လင့္ေနၾကေပမယ့္ Galaxy Fold ေရာ Mate X ပါ ေဈးကြက္ထဲကို ေရာက္လာျခင္း မရွိေသးပါဘူး။ ကုမၸဏီႏွစ္ခုစလုံးက ေဈးကြက္ထဲျဖန႔္မယ့္ရက္ကို အႀကိမ္ႀကိမ္ေ႐ႊ႕ဆိုင္းေနခဲ့ၾကတာပါ။ ကနဦးသတင္းေတြအရ Mate X က ေဈးကြက္ထဲကို ေစာၿပီးေရာက္မယ္လို႔ ေမွ်ာ္လင့္ခဲ့ရေပမယ့္ အခုေတာ့ သူလည္းေနာက္ဆုတ္ခဲ့ျပန္ပါၿပီ။ ဒါေၾကာင့္ ႏိုဝင္ဘာေလာက္မွပဲ Mate X ကိုေဈးကြက္ထဲမွာ ေတြ႕ျမင္ရေတာ့မယ္လို႔ ယူဆရပါတယ္။

အခုေနာက္ဆုံးထြက္ေပၚလာတဲ့ သတင္းတစ္ခုမွာေတာ့ Mate X ဟာ Kirin 990 SoC ကို အသုံးျပဳထားၿပီး ကင္မရာပိုင္းကလည္း P 30 ရဲ႕ ကင္မရာေတြအတိုင္းပဲလို႔ ေတြ႕ရွိရပါတယ္။ Kirin 990 ဟာ Mate 30 နဲ႔ Mate 30 Pro ေတြမွာလည္း အသုံးျပဳထားတာပါ။ ကင္မရာပိုင္းကေတာ့ အဓိကကင္မရာဟာ RGB အစား RYYB ကို အသုံးျပဳမယ္ဆိုတဲ့ အဓိပၸါယ္ သက္ေရာက္ပါတယ္။

Huawei ဟာ Mate X ကို ေျပာင္းလဲရာမွာ ပတၱာနဲ႔ အဖြင့္အပိတ္ခလုတ္ေတြကို အဓိကထား ေျပာင္းလဲခဲ့ပါတယ္။ ဒါ့အျပင္ ဟန္းဆက္နဲ႔ ပတ္သက္တဲ့အခ်က္အလက္အခ်ိဳ႕ကလည္း ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ TENAA ေပၚ ေရာက္လာခဲ့ပါတယ္။ ဒါေပမယ့္ ေခါက္သိမ္းခ်ိန္မွာ အဓိကမ်က္ႏွာျပင္က အျပင္ဘက္မွာပဲ ရွိေနမွာျဖစ္တာေၾကာင့္ အၾကမ္းခံမႈနဲ႔ ေရရွည္တည္တံ့မႈအတြက္ လက္ေတြ႕စမ္းသပ္ခ်က္အခ်ိဳ႕ကို ရင္ဆိုင္ရဦးမွာပဲ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Huawei Mate X မှာ Kirin 990 SoC သုံးထားပြီး အဓိက ကင်မရာဟာ P 30 နဲ့တူညီကြောင်း သတင်းထွက်ပေါ်လာ

Samsung ဟာ Galaxy Fold ကို ပိုပြီးတော့ အကြမ်းခံနိုင်အောင်လို့ ဒီဇိုင်းပိုင်းမှာပါ ပြန်လည်ပြင်ဆင်ခဲ့သလိုပဲ Huawei ကလည်း သူတို့ရဲ့ Mate X ကို လိုအပ်ချက်တွေဖြည့်တင်းမွမ်းမံရင်း ဒီဇိုင်းပိုင်းလည်း အနည်းငယ် ပြင်ဆင်ခဲ့ပါတယ်။ ဒီကုမ္ပဏီနှစ်ခုကတော့ သူတို့ရဲ့ Foldable ဖုန်းတွေကို အကောင်းဆုံးဖြစ်အောင် အပြိုင်အဆိုင်ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

အားလုံးကမျှော်လင့်နေကြပေမယ့် Galaxy Fold ရော Mate X ပါ ဈေးကွက်ထဲကို ရောက်လာခြင်း မရှိသေးပါဘူး။ ကုမ္ပဏီနှစ်ခုစလုံးက ဈေးကွက်ထဲဖြန့်မယ့်ရက်ကို အကြိမ်ကြိမ်ရွှေ့ဆိုင်းနေခဲ့ကြတာပါ။ ကနဦးသတင်းတွေအရ Mate X က ဈေးကွက်ထဲကို စောပြီးရောက်မယ်လို့ မျှော်လင့်ခဲ့ရပေမယ့် အခုတော့ သူလည်းနောက်ဆုတ်ခဲ့ပြန်ပါပြီ။ ဒါကြောင့် နိုဝင်ဘာလောက်မှပဲ Mate X ကိုဈေးကွက်ထဲမှာ တွေ့မြင်ရတော့မယ်လို့ ယူဆရပါတယ်။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတစ်ခုမှာတော့ Mate X ဟာ Kirin 990 SoC ကို အသုံးပြုထားပြီး ကင်မရာပိုင်းကလည်း P 30 ရဲ့ ကင်မရာတွေအတိုင်းပဲလို့ တွေ့ရှိရပါတယ်။ Kirin 990 ဟာ Mate 30 နဲ့ Mate 30 Pro တွေမှာလည်း အသုံးပြုထားတာပါ။ ကင်မရာပိုင်းကတော့ အဓိကကင်မရာဟာ RGB အစား RYYB ကို အသုံးပြုမယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။

Huawei ဟာ Mate X ကို ပြောင်းလဲရာမှာ ပတ္တာနဲ့ အဖွင့်အပိတ်ခလုတ်တွေကို အဓိကထား ပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် ဟန်းဆက်နဲ့ ပတ်သက်တဲ့အချက်အလက်အချို့ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ TENAA ပေါ် ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ခေါက်သိမ်းချိန်မှာ အဓိကမျက်နှာပြင်က အပြင်ဘက်မှာပဲ ရှိနေမှာဖြစ်တာကြောင့် အကြမ်းခံမှုနဲ့ ရေရှည်တည်တံ့မှုအတွက် လက်တွေ့စမ်းသပ်ချက်အချို့ကို ရင်ဆိုင်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena