[Zawgyi]

Hyper ဆိုတဲ့ ကုမၸဏီတစ္ခုက Power Output 100W အထိ ေထာက္ပံ့ေပးႏိုင္တဲ့ HyperJuice အမည္ရွိ PowerBank မိတ္ဆက္လိုက္ပါၿပီ။ အဆိုပါ PowerBank မွာ USB Type-C အေပါက္ ၂ေပါက္ ထည့္ေပးထားတဲ့အတြက္ Devices ၂ခုကို တၿပိဳင္တည္း အားသြင္းႏိုင္မယ္လို႔ သိရပါတယ္။ ပထမ တစ္ေပါက္က Power Output 100W အထိ ေထာက္ပံ့ေပးထားၿပီး ဒုတိယ တစ္ေပါက္ကေတာ့ 60W အထိ ေထာက္ပံ့ေပးထားပါတယ္။

HyperJuice ဟာ USB Type-C အသုံးျပဳၿပီး Power Output ကို 100W အထိ ေထာက္ပံ့ေပးႏိုင္တဲ့ ကမာၻ႔ပထမဦးဆုံး PowerBank ျဖစ္ပါတယ္။ စမတ္ဖုန္းေတြအျပင္ USB Type-C ပါတဲ့ Apple MacBook Air နဲ႔ MacBook Pro တို႔လိုမ်ိဴး Laptops ေတြကိုလည္း အားျပန္သြင္းေပးႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ Power Output 18W အျမန္အားသြင္းစနစ္ ေထာက္ပံ့ေပးထားတဲ့ ႐ိုး႐ိုး USB Type-A အေပါက္လည္း ပါဝင္ေသးတယ္လို႔ သိရပါတယ္။

HyperJuice PowerBank မွာ ဘက္ထရီသိုေလွာင္မႈ ပမာဏ 27000mAh ထည့္သြင္းထားၿပီး ေလယာဥ္ေတြေပၚမွာ သယ္ေဆာင္ခြင့္ရဖို႔အတြက္ ေလေၾကာင္းလိုင္း စည္းမ်ဥ္း၊ စည္းကမ္းေတြနဲ႔အညီ ထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။ အားသြင္းတဲ့အခါမွာ 112W Power Adapter ကို အသုံးျပဳၿပီး Power Input 100W နဲ႔ အားသြင္းႏိုင္မွာျဖစ္တဲ့အတြက္ ၀ ကေန ၁၀၀ အထိ အားအျပည္သြင္းဖို႔ဆိုရင္ ၁နာရီ ဝန္းက်င္ေလာက္သာ လိုအပ္မယ္လို႔ ကုမၸဏီက ေျပာၾကားထားပါတယ္။

PowerBank ရဲ႕ အေလးခ်ိန္ဟာ ၆၆၁ဂရမ္ ရွိၿပီး Aluminum ကိုယ္ထည္နဲ႔ ဖုံးအုပ္ေပးထားတယ္လို႔ သိရပါတယ္။ အေရာင္ေတြအေနနဲ႔ Silver နဲ႔ Deep Gray အေရာင္ ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာျဖစ္ၿပီး ေစ်းႏႈန္းကေတာ့ တ႐ုတ္ေငြ ၁၇၂၈ ယြမ္ ( ျမန္မာေငြ ၃၈၇,၀၀၀ က်ပ္ ဝန္းက်င္ ) က်သင့္မွာပါ။

Ref : Gizmochina, Hyper

[Unicode]

Power Output 100W အထိ ထောက်ပံ့ပေးနိုင်တဲ့ ကမ္ဘာ့ ပထမဦးဆုံး PowerBank

Hyper ဆိုတဲ့ ကုမ္ပဏီတစ်ခုက Power Output 100W အထိ ထောက်ပံ့ပေးနိုင်တဲ့ HyperJuice အမည်ရှိ PowerBank မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ PowerBank မှာ USB Type-C အပေါက် ၂ပေါက် ထည့်ပေးထားတဲ့အတွက် Devices ၂ခုကို တပြိုင်တည်း အားသွင်းနိုင်မယ်လို့ သိရပါတယ်။ ပထမ တစ်ပေါက်က Power Output 100W အထိ ထောက်ပံ့ပေးထားပြီး ဒုတိယ တစ်ပေါက်ကတော့ 60W အထိ ထောက်ပံ့ပေးထားပါတယ်။

HyperJuice ဟာ USB Type-C အသုံးပြုပြီး Power Output ကို 100W အထိ ထောက်ပံ့ပေးနိုင်တဲ့ ကမ္ဘာ့ပထမဦးဆုံး PowerBank ဖြစ်ပါတယ်။ စမတ်ဖုန်းတွေအပြင် USB Type-C ပါတဲ့ Apple MacBook Air နဲ့ MacBook Pro တို့လိုမျိူး Laptops တွေကိုလည်း အားပြန်သွင်းပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Power Output 18W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ ရိုးရိုး USB Type-A အပေါက်လည်း ပါဝင်သေးတယ်လို့ သိရပါတယ်။

HyperJuice PowerBank မှာ ဘက်ထရီသိုလှောင်မှု ပမာဏ 27000mAh ထည့်သွင်းထားပြီး လေယာဥ်တွေပေါ်မှာ သယ်ဆောင်ခွင့်ရဖို့အတွက် လေကြောင်းလိုင်း စည်းမျဥ်း၊ စည်းကမ်းတွေနဲ့အညီ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ အားသွင်းတဲ့အခါမှာ 112W Power Adapter ကို အသုံးပြုပြီး Power Input 100W နဲ့ အားသွင်းနိုင်မှာဖြစ်တဲ့အတွက် ၀ ကနေ ၁၀၀ အထိ အားအပြည်သွင်းဖို့ဆိုရင် ၁နာရီ ဝန်းကျင်လောက်သာ လိုအပ်မယ်လို့ ကုမ္ပဏီက ပြောကြားထားပါတယ်။

PowerBank ရဲ့ အလေးချိန်ဟာ ၆၆၁ဂရမ် ရှိပြီး Aluminum ကိုယ်ထည်နဲ့ ဖုံးအုပ်ပေးထားတယ်လို့ သိရပါတယ်။ အရောင်တွေအနေနဲ့ Silver နဲ့ Deep Gray အရောင် ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး စျေးနှုန်းကတော့ တရုတ်ငွေ ၁၇၂၈ ယွမ် ( မြန်မာငွေ ၃၈၇,၀၀၀ ကျပ် ဝန်းကျင် ) ကျသင့်မှာပါ။

Ref : Gizmochina, Hyper