iFixit ဟာ Huawei Mate Xs ကို တစ်စစီဖြုတ်ပြီး အတွင်းအစိတ်အပိုင်းတွေ လေ့လာခဲ့ပါတယ်။ တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးရဲ့ ဒုတိယမျိုးဆက် Foldable ဟာ ပထမမျိုးဆက်ထက် ပိုပြီးနည်းပညာအဆင့်မြှင့်တင်မှုတွေ တွေ့ရသလို ပိုပြီးတော့လည်း အားရစရာကောင်းတဲ့ Foldable မျက်နှာပြင် လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် iFixit ကတော့ တစ်စစီဖြုတ်ပြီးတဲ့နောက် အံ့သြစရာမှတ်ချက်တစ်ခုကို ပြောဆိုခဲ့ပါတယ်။ အဲဒါက Mate Xs ရဲ့ဖွဲ့စည်းတည်ဆောက်ထားမှုဟာ အလွန်ပဲရှုပ်ထွေးနေတာကြောင့် ပြုပြင်ဖို့ ခက်ခဲတယ်ဆိုတဲ့ မှတ်ချက်ပဲ ဖြစ်ပါတယ်။ iFixit ရဲ့အဆိုအရ Mate Xs မှာ ပြန်လည်ပြုပြင်ဖို့ အခက်ခဲဆုံးအပိုင်းက ဘက်ထရီလို့ သိရပါတယ်။

Huawei Mate Xs မှာ ဘက်ထရီကို နှစ်ပိုင်းခွဲထားတာ ဖြစ်ပါတယ်။ ဒီဘက်ထရီတွေကို ကော်နဲ့ကပ်ထားတာဖြစ်ပြီး ဖယ်ထုတ်ဖို့ ခက်ခဲတယ်လို့လည်း iFixit ကဆိုပါတယ်။ အခြားတစ်ဖက်မှာတော့ မျက်နှာပြင်ပိုင်းဆိုင်ရာက ကြီးမားတဲ့ တိုးတက်မှုကိုယူဆောင်လာပြီး မူလ Mate X ထက်လည်း ပိုပြီးတော့ အကြမ်းခံသလို၊ ကာလာကြာရှည်လည်း အသုံးခံမယ်လို့ ထောက်ခံမှတ်ချက်ပေးခဲ့ပါတယ်။

Mate Xs ရဲ့ တည်ဆောက်ပုံဒီဇိုင်းသစ်ဟာ ဖုန်မှုန့်တွေကာကွယ်ရာမှာ ပိုပြီးအဆင့်မြင့်ထိရောက်ကောင်းမွန်လာသလို၊ Samsung ရဲ့ Fold ထက် ပိုမြင့်တဲ့ဖြေရှင်းမှုဖြစ်တာကြောင့် ပိုပြီးကောင်းမွန်တဲ့ အဆင့်သတ်မှတ်ချက်ကို ရရှိသင့်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြန်လည်ပြုပြင်နိုင်မှုနဲ့ပတ်သက်တဲ့ ရမှတ်ကတော့ ၁၀ မှတ်မှာ ၂ မှတ်ပဲ ရရှိတာ ဖြစ်ပါတယ်။

Ref: GSM Arena