အိန္ဒိယဟာ တရုတ်နဲ့ နယ်စပ် ပြဿနာ ဖြစ်ပွားပြီးနောက် ပြီးခဲ့တဲ့လမှာ TikTok, WeChat နဲ့ UC Browser အပါအဝင် တရုတ် App ၅၉ ခုကို ပိတ်ပင်ခဲ့ပါတယ်။ အခုလည်း အိန္ဒိယ အစိုးရက နာမည်ကျော် စစ်တိုက်တဲ့ ဂိမ်း ဖြစ်တဲ့ PlayerUnknown’s BattleGround (PUBG) နဲ့ ByteDance ရဲ့ သီချင်း App ဖြစ်တဲ့ Resso အပါအဝင် တရုတ် App ၂၇၅ ခုကို ပိတ်ပင်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

Economic Times ရဲ့ သတင်းအရ အိန္ဒိယ အစိုးရဟာ Security နဲ့ User Privacy ကို ချိုးဖောက်တဲ့ App ၂၇၅ ခုကို စာရင်းပြုစုထားတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ PUBG နဲ့ Resso အပြင် Alibaba ရဲ့ အွန်လိုင်း စတိုး AliExpress နဲ့ ဓါတ်ပုံ မျှဝေတဲ့ ULike   တို့လည်း ပါပါတယ်။

အိန္ဒိယဟာ တရုတ်ကြောင့် သူတို့ရဲ့ စစ်သား ၂၀ ကျော် အသတ်ခံရပြီးနောက်မှာ တရုတ် App ၅၉ ခုကို စတင် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယဟာ နိုင်ငံ လုံခြုံရေးကို ထိခိုက်စေတဲ့ App တွေကို လေ့လာဆန်းစစ်ပြီး ပိတ်ပင်ဖို့ ကြံစည်နေပါတယ်။

တရုတ် App တွေဟာ အိန္ဒိယမှာ အရမ်းကို အောင်မြင်နေပြီး TikTok သုံးစွဲသူ သန်း ၂၀၀ ကျော်တောင်ရှိပါတယ်။ PUBG ကစားသူဟာ သန်း ၅၀ ကျော်ရှိတဲ့အထိ အောင်မြင်နေတာပါ။

Ref : tnw