[Zawgyi]

ၿပီးခဲ့တဲ့ရက္ပုိင္းအတြင္းမွာ အိႏၵိယႏုိင္ငံအတြင္း TikTok အက္ပလီေကးရွင္းကို သုံးစြဲခြင့္ ပိတ္ပင္ခဲ့ေပမယ့္ သိပ္မၾကာခင္မွာပဲ တမီလ္နာဒူမွ တရားရုံးကေန ျပန္လည္ရုတ္သိမ္းေပးခဲ့ၿပီးတဲ့ေနာက္ အိႏၵိယရဲ႕ အြန္လိုင္းမုိဘုိင္းစတုိးေတြေပၚကို TikTok App ျပန္ေရာက္ရွိလာခဲ့ပါတယ္။

အစကေတာ့ အိႏၵိယအမတ္ေတြက ဒီ App ဟာ အရြယ္မေရာက္ေသးတဲ့သူေတြကို လိင္ပုိင္းဆုိင္ရာ ျမင္ကြင္းေတြ ၾကည့္ရႈႏုိင္ဖို႔ လြယ္ကူေၾကာင္းနဲ႔ ညစ္ညမ္းရည္ရြယ္ခ်က္ျဖင့္ သုံးစြဲႏုိင္တယ္ဆုိၿပီး ပိတ္ပင္ဖို႔ ၾကိဳးစားခဲ့ၾကတာပါ။ ဒါေပမယ့္ TikTok ကိုထုတ္လုပ္တဲ့ Bytedance Technology ကုမၸဏီရဲ႕ အယူခံကို တရားရုံးက လက္ခံခဲ့ၿပီးေနာက္ ပိတ္ပင္မႈကို အခ်ိန္တုိအတြင္း ျပန္လည္ပယ္ဖ်က္ခဲ့တာ ျဖစ္ပါတယ္။

TikTok ကုိပိတ္ပင္ထားတယ္ဆုိေပမယ့္ အိႏၵိယမုိဘုိင္းသုံးစြဲသူေတြဟာ ဒီ ဗီဒီယိုအေျခခံ လူမႈပလက္ေဖာင္းကို App Store ေတြက တုိက္ရုိက္ေဒါင္းလို႔မရတာကလြဲရင္ တျခားရင္းျမစ္ေတြက ေဒါင္းၿပီး သုံးလို႔ ရေနခဲ့တာပါပဲ။ အခုဆုိရင္ အိႏၵိယျပည္တြင္းမွာ TikTok သုံးစြဲသူ သန္း ၃၀၀ နီးပါးရွိတယ္လို႔ ခန္႔မွန္းၾကၿပီးေတာ့ တစ္ကမာၻလုံးမွာေတာ့ သုံးစြဲသူဦးေရ တစ္ဘီလီယံေက်ာ္သြားခဲ့ပါၿပီ။

ဒီ App ဟာ သုံးစြဲသူေတြရဲ႕ စကၠန္႔ပုိင္းသာၾကာတဲ့ ဗီဒီယုိေတြအတြက္ ကာကြယ္ႏုိင္ရန္ အထူး Effect ေတြ ထည့္သြင္းေပးထားၿပီးသားပါ။ ဒါေပမယ့္ အိႏၵိယႏုိင္ငံမွ မိဘတစ္ခ်ဳိ႕နဲ႔ ႏုိင္ငံေရးသမားတစ္ခ်ဳိ႕ကေတာ့ ဒါကို လုံးဝ ပိတ္ပင္ႏုိင္ဖို႔ ၾကိဳးစားခဲ့ၾကပါတယ္။ အခုအခါ ကုမၸဏီက သူတုိ႔ကို ပိတ္ပင္ျခင္းဟာ မတရားေၾကာင္း ျပန္လည္ စြပ္စြဲခဲ့ၿပီး ပိတ္ပင္ခံရတဲ့ တစ္ရက္ကို အေမရိကန္ေဒၚလာငါးသိန္း ေလွ်ာ္ေၾကးျပန္ေပးဖို႔ တရားျပန္စြဲဆုိထားပါတယ္။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အိန္ဒိယနိုင်ငံအတွင်း TikTok အက်ပလီကေးရှင်းကို သုံးစွဲခွင့် ပိတ်ပင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ တမီလ်နာဒူမှ တရားရုံးကနေ ပြန်လည်ရုတ်သိမ်းပေးခဲ့ပြီးတဲ့နောက် အိန္ဒိယရဲ့ အွန်လိုင်းမိုဘိုင်းစတိုးတွေပေါ်ကို TikTok App ပြန်ရောက်ရှိလာခဲ့ပါတယ်။

အစကတော့ အိန္ဒိယအမတ်တွေက ဒီ App ဟာ အရွယ်မရောက်သေးတဲ့သူတွေကို လိင်ပိုင်းဆိုင်ရာ မြင်ကွင်းတွေ ကြည့်ရှုနိုင်ဖို့ လွယ်ကူကြောင်းနဲ့ ညစ်ညမ်းရည်ရွယ်ချက်ဖြင့် သုံးစွဲနိုင်တယ်ဆိုပြီး ပိတ်ပင်ဖို့ ကြိုးစားခဲ့ကြတာပါ။ ဒါပေမယ့် TikTok ကိုထုတ်လုပ်တဲ့ Bytedance Technology ကုမ္ပဏီရဲ့ အယူခံကို တရားရုံးက လက်ခံခဲ့ပြီးနောက် ပိတ်ပင်မှုကို အချိန်တိုအတွင်း ပြန်လည်ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

TikTok ကိုပိတ်ပင်ထားတယ်ဆိုပေမယ့် အိန္ဒိယမိုဘိုင်းသုံးစွဲသူတွေဟာ ဒီ ဗီဒီယိုအခြေခံ လူမှုပလက်ဖောင်းကို App Store တွေက တိုက်ရိုက်ဒေါင်းလို့မရတာကလွဲရင် တခြားရင်းမြစ်တွေက ဒေါင်းပြီး သုံးလို့ ရနေခဲ့တာပါပဲ။ အခုဆိုရင် အိန္ဒိယပြည်တွင်းမှာ TikTok သုံးစွဲသူ သန်း ၃၀၀ နီးပါးရှိတယ်လို့ ခန့်မှန်းကြပြီးတော့ တစ်ကမ္ဘာလုံးမှာတော့ သုံးစွဲသူဦးရေ တစ်ဘီလီယံကျော်သွားခဲ့ပါပြီ။

ဒီ App ဟာ သုံးစွဲသူတွေရဲ့ စက္ကန့်ပိုင်းသာကြာတဲ့ ဗီဒီယိုတွေအတွက် ကာကွယ်နိုင်ရန် အထူး Effect တွေ ထည့်သွင်းပေးထားပြီးသားပါ။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှ မိဘတစ်ချို့နဲ့ နိုင်ငံရေးသမားတစ်ချို့ကတော့ ဒါကို လုံးဝ ပိတ်ပင်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အခုအခါ ကုမ္ပဏီက သူတို့ကို ပိတ်ပင်ခြင်းဟာ မတရားကြောင်း ပြန်လည် စွပ်စွဲခဲ့ပြီး ပိတ်ပင်ခံရတဲ့ တစ်ရက်ကို အမေရိကန်ဒေါ်လာငါးသိန်း လျှော်ကြေးပြန်ပေးဖို့ တရားပြန်စွဲဆိုထားပါတယ်။

Ref – GSM Arena