Xiaomi ဟာ Redmi Note 9 ကို ပြီးခဲ့တဲ့ ဧပြီလကတည်းက ကြေညာခဲ့တာပါ။ ဒါပေမယ့် အိန္ဒိယဈေးကွက်မှာတော့ ဒီဟန်းဆက်ကို လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်ပြီး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Note 9 ဟာ Redmi Note 9 Pro, Redmi Note 9 Pro Max တို့နဲ့ ပေါင်းစည်းသွားမှာ ဖြစ်ပါတယ်။

ဒီမော်ဒယ်နှစ်မျိုးဟာ လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက အိန္ဒိယဈေးကွက်မှာဖြန်ချိခဲ့တာ ဖြစ်ပြီး၊ Xiaomi က Note 9 ကိုလည်း ဖြန့်ချိဦးမယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အခုကောလာဟလထွက်လာတာကတော့ Note 9 မှာ 3GB RAM အမျိုးအစား မရှိတော့ဘူးဆိုတဲ့ သတင်းပါ။

အခြားဈေးကွက်တွေမှာ 3GB+64GB အမျိုးအစားကို $190 (၂ သိန်း ၆ သောင်းဝန်းကျင်) နဲ့ ရောင်းချခဲ့ပေမယ့် အိန္ဒိယဈေးကွက်မှာတော့ ဒီအမျိုးအစားမရှိဘူးလို့ သတင်းထွက်လာတာပါ။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတာက Xiaomi အနေနဲ့ အိန္ဒိယဈေးကွက်အတွက် Redmi Note 9 ကို 6GB of RAM အမျိုးအစားအဖြစ် မိတ်ဆက်သွားမယ် ဆိုတာပါ။

နိုင်ငံတကာဈေးကွက်မှာ ဖြန့်ချိခဲ့တဲ့ Redmi Note 9 ဟာ 4GB of RAM အမျိုးအစားက အမြင့်ဆုံးဖြစ်တာကြောင့် 6GB of RAM အမျိုးအစားရရှိမယ့် အိန္ဒိယဈေးကွက်အတွက် ပိုပြီးတော့ ဆွဲဆောင်မှု ရှိစေနိုင်တယ်လို့ သုံးသပ်ရပါတယ်။ Redmi Note 9 ဟာ 6.53-inch FHD+ DotDisplay Gorilla Glass 5 နဲ့ဖြစ်ပြီး Splash-proof nano-coating လည်း ဖြစ်ပါတယ်။

မျက်နှာပြင်ရဲ့ ဘယ်ဘက်ထိပ်မှာ Punch-hole နဲ့အတူ 13MP Selfie ကင်မရာ တစ်လုံးတပ်ဆင်ထားပါတယ်။ MediaTek Helio G85 chipset အသုံးပြုထားပြီး ကျောဘက်မှာ 48MP အဓိကင်မရာအပါအဝင် ကင်မရာ ၄ လုံးတပ်ဆင်ထားပါတယ်။ 5,020mAh ပမာဏဘက်ထရီဖြစ်ပြီး 18W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ထားပါသေးတယ်။

Ref: Gizmochina