Infinix က အိန္ဒိယမှာ Smart 8 ကို ရောင်းချထားပြီးပြီ ဖြစ်ပြီး အခုတော့ Smart 8 Plus ကို ကြေညာလိုက်ပါတယ်။

Infinix Smart 8 Plus lands in India, priced to sell - GSMArena.com news

Infinix Smart 8 Plus အတွက် Galaxy White, Timber Black နဲ့ Shiny Gold အရောင်တွေ ထုတ်လုပ်ထားပြီး အိန္ဒိယမှာ ၇,၇၉၉ ရူပီး သတ်မှတ်ထားပါတယ်။ လက်ရှိ ပေါက်ဈေးအရ မြန်မာငွေ ၃၄၀,၀၀၀ ဝန်းကျင်ကျသင့်မှာ ဖြစ်ပြီး မတ်လ ၉ ရက်နေ့မှာ Flipkart ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဖုန်းအလဲအထပ်လုပ်ရင် Infinix Smart 8 Plus ကို ၆,၉၉၉ ရူပီးနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Infinix Smart 8 Plus Price In India: Infinix Introduces Budget Phone With 6,000mAh Battery, 50MP Camera; Check Offers, Specs

Infinix Smart 8 Plus မှာ 6.6” 720x1612p IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate နဲ့ 500 Nit Peak Brightness ထောက်ပံ့ထားပါတယ်။ MediaTek Helio G36 SoC မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 50MP , 0.08MP Auxiliary ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံးပါပါတယ်။ 18W Wired Charging ထောက်ပံ့တဲ့ အရွယ်ကြီး 6,000mAh Battery ပါလာပြီး Android 13 (Go Edition) အခြေပြု Infinix XOS 13 မောင်းနှင်ထားပါတယ်။

Ref : gsmarena