Zawgyi

မႏွစ္က ႏုိဝင္ဘာလမွာ Instagram ဟာ Close Friends လို႔အမည္ေပးထားတဲ့ Feature တစ္ခုကို မိတ္ဆက္ခဲ့ဖူးၿပီး သီးသန္႔ေရြးခ်ယ္ထားတဲ့ Followers ေတြသာျမင္ရေအာင္ Stories ေတြကိုေဝမွ်ႏုိင္တဲ့ Feature တစ္ခုျဖစ္ခဲ့ပါတယ္။ တစ္ႏွစ္ခန္႔အၾကာ ယေန႔မွာေတာ့ Instagram ကုမၸဏီက Close Friends နဲ႔တြဲဖက္သုံးစြဲႏုိင္မယ့္ App အသစ္ကို မိတ္ဆက္လာခဲ့ၿပီး အဲ့ဒါကို Threads လို႔အမည္ေပးထားပါတယ္။

Threads ဟာ သင့္ရဲ႕ အင္စတာအေကာင့္ထဲက Close Friends စာရင္းထဲပါတဲ့ လူေတြနဲ႔ ဓါတ္ပုံေတြ၊ ဗီဒီယုိေတြ ေဝမွ်ရတာ ပိုအဆင္ေျပေအာင္ျပဳလုပ္ထားၿပီး Screen ရဲ႕ေအာက္ေျခမွာ ျမင္ေနရတဲ့ ပရုိဖုိင္ပုံေလးေတြကို ႏွိပ္ၿပီး ေပးပို႔ႏုိင္သလို Swipe Up လုပ္ၿပီး ေရြးခ်ယ္ပို႔ႏုိင္ပါတယ္။

ဒါ့ျပင္ ဒီ App ထဲမွာ သင့္ Instagram Close Friends စာရင္းထဲပါတဲ့လူေတြအတြက္ သီးသန္႔ Inbox တစ္ခုလည္း ပါဝင္လာပါတယ္။ Instagram ရဲ႕မူရင္း DM လုိပဲ စာပုိ႔ႏုိင္မွာျဖစ္ေပမယ့္ Close Friends လုပ္ထားတဲ့လူေတြကိုသာ ျမင္ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ သီးသန္႔လူခြဲထားတာကလြဲရင္ မူလ Insta App မွာလည္း အလားတူစာပုိ႔ႏုိင္တာပါပဲ။

Threads မွာ Status လုိ႔ေခၚတဲ့ Feature တစ္ခုလည္း ပါဝင္ၿပီး WhatsApp မွာပါတဲ့ About နဲ႔တူညီပါတယ္။ သူကေတာ့ ကိုယ္ဘာလုပ္ေနတယ္ဆုိတာကို အလိုအေလွ်ာက္တင္ေပးႏုိင္တဲ့ စနစ္ပါ ပါဝင္ၿပီး ကိုယ္က ေကာ္ဖီဆုိင္ ထိုင္ေနတယ္ဆုိရင္ “At a café” ဆုိၿပီး ေကာ္ဖီခြက္ပုံေလးနဲ႔ ကိုယ့္တည္ေနရာကို ထည့္မေဖာ္ျပဘဲ တင္ေပးမွာပါ။ တကယ္လို႔ ဖုန္းအားနည္းၿပီး အားသြင္းေနစဥ္ဆုိရင္လည္း ပလက္ေခါင္းပုံေလးနဲ႔ “Low Battery” လို႔ အလိုအေလွ်ာက္ တင္ေပးႏုိင္မွာ ျဖစ္ပါတယ္။

Instagram ရဲ႕ပုိင္ရွင္ျဖစ္တဲ့ Facebook ကုမၸဏီကေတာ့ Threads ကေန သုံးစြဲသူေတြရဲ႕ တည္ေနရာေဒတာေတြကို လုိက္လံမွတ္သားၿပီး ဆာဗာေတြထဲမွာ သိမ္းဆည္းထားတာမ်ဳိး မလုပ္ဘူးလို႔ေတာ့ ေျပာထားပါတယ္။ Threads ဟာ Android နဲ႔ iOS ႏွစ္မ်ဳိးလုံးအတြက္ ထြက္ရွိလာပါၿပီ။

Ref – GSM Arena

Unicode

မနှစ်က နိုဝင်ဘာလမှာ Instagram ဟာ Close Friends လို့အမည်ပေးထားတဲ့ Feature တစ်ခုကို မိတ်ဆက်ခဲ့ဖူးပြီး သီးသန့်ရွေးချယ်ထားတဲ့ Followers တွေသာမြင်ရအောင် Stories တွေကိုဝေမျှနိုင်တဲ့ Feature တစ်ခုဖြစ်ခဲ့ပါတယ်။ တစ်နှစ်ခန့်အကြာ ယနေ့မှာတော့ Instagram ကုမ္ပဏီက Close Friends နဲ့တွဲဖက်သုံးစွဲနိုင်မယ့် App အသစ်ကို မိတ်ဆက်လာခဲ့ပြီး အဲ့ဒါကို Threads လို့အမည်ပေးထားပါတယ်။

Threads ဟာ သင့်ရဲ့ အင်စတာအကောင့်ထဲက Close Friends စာရင်းထဲပါတဲ့ လူတွေနဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ ဝေမျှရတာ ပိုအဆင်ပြေအောင်ပြုလုပ်ထားပြီး Screen ရဲ့အောက်ခြေမှာ မြင်နေရတဲ့ ပရိုဖိုင်ပုံလေးတွေကို နှိပ်ပြီး ပေးပို့နိုင်သလို Swipe Up လုပ်ပြီး ရွေးချယ်ပို့နိုင်ပါတယ်။

ဒါ့ပြင် ဒီ App ထဲမှာ သင့် Instagram Close Friends စာရင်းထဲပါတဲ့လူတွေအတွက် သီးသန့် Inbox တစ်ခုလည်း ပါဝင်လာပါတယ်။ Instagram ရဲ့မူရင်း DM လိုပဲ စာပို့နိုင်မှာဖြစ်ပေမယ့် Close Friends လုပ်ထားတဲ့လူတွေကိုသာ မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သီးသန့်လူခွဲထားတာကလွဲရင် မူလ Insta App မှာလည်း အလားတူစာပို့နိုင်တာပါပဲ။

Threads မှာ Status လို့ခေါ်တဲ့ Feature တစ်ခုလည်း ပါဝင်ပြီး WhatsApp မှာပါတဲ့ About နဲ့တူညီပါတယ်။ သူကတော့ ကိုယ်ဘာလုပ်နေတယ်ဆိုတာကို အလိုအလျှောက်တင်ပေးနိုင်တဲ့ စနစ်ပါ ပါဝင်ပြီး ကိုယ်က ကော်ဖီဆိုင် ထိုင်နေတယ်ဆိုရင် “At a café” ဆိုပြီး ကော်ဖီခွက်ပုံလေးနဲ့ ကိုယ့်တည်နေရာကို ထည့်မဖော်ပြဘဲ တင်ပေးမှာပါ။ တကယ်လို့ ဖုန်းအားနည်းပြီး အားသွင်းနေစဉ်ဆိုရင်လည်း ပလက်ခေါင်းပုံလေးနဲ့ “Low Battery” လို့ အလိုအလျှောက် တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Instagram ရဲ့ပိုင်ရှင်ဖြစ်တဲ့ Facebook ကုမ္ပဏီကတော့ Threads ကနေ သုံးစွဲသူတွေရဲ့ တည်နေရာဒေတာတွေကို လိုက်လံမှတ်သားပြီး ဆာဗာတွေထဲမှာ သိမ်းဆည်းထားတာမျိုး မလုပ်ဘူးလို့တော့ ပြောထားပါတယ်။ Threads ဟာ Android နဲ့ iOS နှစ်မျိုးလုံးအတွက် ထွက်ရှိလာပါပြီ။

Ref – GSM Arena