[Zawgyi]

Android 10 ဟာ အသုံးျပဳသူေတြအတြက္ အလင္းမ်ားလြန္းၿပီး အျမင္အာ႐ုံထိခိုက္ေစမယ့္ App ေတြ ေလ်ာ့နည္းလာေစမယ့္ အလားလာေကာင္းေတြကိုလည္း ယူေဆာင္လာတယ္လို႔ ဆိုရပါတယ္။ ဒါေပမယ့္ App အနည္းငယ္ကပဲ Dark Theme အသစ္ကို ေထာက္ပံ့ေပးႏိုင္ေသးတာ ေတြ႕ရပါတယ္။

Facebook က ပိုင္ဆိုင္တဲ့ Instagram ကေတာ့ Android 10 မွာ Dark Theme ေထာက္ပံ့ေပးႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ Instagram ကစမ္းသပ္ေနတယ္ဆိုတာကို Tipsters အေတာ္မ်ားမ်ားကလည္း မၾကာခဏ ဆိုသလို ေျပာဆိုခဲ့ၾကဖူးပါတယ္။ ဒါေပမယ့္ Android 10 ကို သုံးစြဲမႈႏႈန္းကလည္း အမ်ားအျပားမဟုတ္ေသးတာေၾကာင့္ ဒီအေၾကာင္းအရာဟာ လူေျပာသူေျပာ နည္းေနေသးတယ္လို႔ ဆိုရမွာပါ။

Instagram ရဲ႕ Interface ဟာ ၿခဳံၿပီးေျပာမယ္ဆိုရင္ အျဖဴေရာင္ကို အသုံးမ်ားတယ္လို႔ ေျပာရမွာပါ။ ဒါေပမယ့္ Android 10 မွာေတာ့ အလိုအေလ်ာက္ အနက္ေရာင္၊ ဒါမွမဟုတ္ မီးခိုးေရာင္ကို ေျပာင္းသြားလိမ့္မယ္လို႔ သိရပါတယ္။ ဒီလိုေျပာင္းဖို႔ Android 10 မွာ Dark Theme စနစ္ကို ဖြင့္ထားဖို႔ေတာ့ လိုပါလိမ့္မယ္။ ဒါေပမယ့္လည္း Android 10 ေမာင္းႏွင္ထားတဲ့ စမတ္ဖုနး္တိုင္းမွာလည္း ေျပာင္းလဲလို႔ မရႏိုင္ေသးဘူးလို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Instagram beta ပဲျဖစ္ေနေသးတာေၾကာင့္ အေသးစိတ္ေျပာလို႔မရႏိုင္ေသးပါဘူး။ ဒါေပမယ့္ Instagram Dark Theme ဟာ Android 10 မွာ ကန႔္သတ္ထားတာမ်ိဳးမရွိဘူးလို႔ေတာ့ ယူဆရပါတယ္။ Final Version ထြက္လာရင္ေတာ့ Android 10 ေမာင္းႏွင္ထားတဲ့ ဘယ္စမတ္ဖုန္းအမ်ိဳးအစားမွာမဆို Dark Theme ရရွိမယ္လို႔ ယူဆရပါတယ္။

Ref: Android police

[Unicode]

Instagram ဟာ Android 10 အတွက် Dark Mode UI ကို စမ်းသပ်နေတယ်လို့ သတင်းထွက်ပေါ်လာ

Android 10 ဟာ အသုံးပြုသူတွေအတွက် အလင်းများလွန်းပြီး အမြင်အာရုံထိခိုက်စေမယ့် App တွေ လျော့နည်းလာစေမယ့် အလားလာကောင်းတွေကိုလည်း ယူဆောင်လာတယ်လို့ ဆိုရပါတယ်။ ဒါပေမယ့် App အနည်းငယ်ကပဲ Dark Theme အသစ်ကို ထောက်ပံ့ပေးနိုင်သေးတာ တွေ့ရပါတယ်။

Facebook က ပိုင်ဆိုင်တဲ့ Instagram ကတော့ Android 10 မှာ Dark Theme ထောက်ပံ့ပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Instagram ကစမ်းသပ်နေတယ်ဆိုတာကို Tipsters အတော်များများကလည်း မကြာခဏ ဆိုသလို ပြောဆိုခဲ့ကြဖူးပါတယ်။ ဒါပေမယ့် Android 10 ကို သုံးစွဲမှုနှုန်းကလည်း အများအပြားမဟုတ်သေးတာကြောင့် ဒီအကြောင်းအရာဟာ လူပြောသူပြော နည်းနေသေးတယ်လို့ ဆိုရမှာပါ။

Instagram ရဲ့ Interface ဟာ ခြုံပြီးပြောမယ်ဆိုရင် အဖြူရောင်ကို အသုံးများတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် Android 10 မှာတော့ အလိုအလျောက် အနက်ရောင်၊ ဒါမှမဟုတ် မီးခိုးရောင်ကို ပြောင်းသွားလိမ့်မယ်လို့ သိရပါတယ်။ ဒီလိုပြောင်းဖို့ Android 10 မှာ Dark Theme စနစ်ကို ဖွင့်ထားဖို့တော့ လိုပါလိမ့်မယ်။ ဒါပေမယ့်လည်း Android 10 မောင်းနှင်ထားတဲ့ စမတ်ဖုနး်တိုင်းမှာလည်း ပြောင်းလဲလို့ မရနိုင်သေးဘူးလို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ Instagram beta ပဲဖြစ်နေသေးတာကြောင့် အသေးစိတ်ပြောလို့မရနိုင်သေးပါဘူး။ ဒါပေမယ့် Instagram Dark Theme ဟာ Android 10 မှာ ကန့်သတ်ထားတာမျိုးမရှိဘူးလို့တော့ ယူဆရပါတယ်။ Final Version ထွက်လာရင်တော့ Android 10 မောင်းနှင်ထားတဲ့ ဘယ်စမတ်ဖုန်းအမျိုးအစားမှာမဆို Dark Theme ရရှိမယ်လို့ ယူဆရပါတယ်။

Ref: Android police