Zawgyi





Ref – Mashable

Unicode

Instagram ကို သုံးနေတဲ့သူတွေဆိုရင် ကြော်ငြာတွေတက်လာတဲ့ထဲမှာ Product တစ်ခုခုရဲ့ ကြော်ငြာတွေကို တွေ့ဖူးကြမှာပါ။ အခုအချိန်မှာတော့ Instagram ကနေ အဆိုပါ Product ကြော်ငြာတွေအတွက် နောက်ထပ် Feature အသစ်တစ်ခုကို ထည့်သွင်းပေးလိုက်ပါပြီ။

အခု Instagram ကနေ ထည့်သွင်းပေးလိုက်တဲ့ Shopping Feature တစ်ခုကတော့ Augmented Reality ပဲဖြစ်ပြီး Product ကြော်ငြာတွေက App ထဲမှာပဲ စမ်းသပ်နိုင်တော့မှာဖြစ်ပါတယ်။ စစခြင်းအနေနဲ့ကတော့ အခု Feature က Cosmetics နဲ့ Eyewear Brand တွေမှာပဲ ရရှိဦးမှာပါ။ Instagram အနေနဲ့ကတော့ နောက်ပိုင်းမှာ တခြားသော Brand တွေကိုပါ ရရှိနိုင်အောင်ဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားထားပါတယ်။

ဒီ AR Feature ကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုရင် Instagram မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ Lipstick ဒါမှမဟုတ် Sunglasses ရဲ့ ကြော်ငြာကို တွေ့ပြီးတော့ အဆိုပါ ကြော်ငြာကလည်း AR Shopping Feature ကို အသုံးပြုထားတယ်ဆိုရင် App ထဲမှာတင် ကိုယ်နဲ့လိုက်မလိုက် ကြိုပြီး ကြည့်လို့ရမှာပါ။

ဒါတင်မဟုတ်သေးဘဲ အခုလိုမျိုး ကြိုတင်စမ်းကြည့်တဲ့ ပုံတွေ၊ Short Video တွေကိုလည်း Instagram Stories အဖြစ်တင်နိုင်ဦးမှာဖြစ်ပါတယ်။ အခုလို ပြုလုပ်ပေးထားတာက Instagram အသုံးပြုတဲ့သူတွေအတွက်တော့ သဘောကျစရာဖြစ်လာဦးမှာပါ။

Ref – Mashable