[Zawgyi]

လြန္ခဲ့တဲ့လအနည္းငယ္တုန္းက Facebook ဟာ Group Stories လုပ္ေဆာင္ခ်က္ကို စမ္းသပ္ခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း ကုမၸဏီဟာ ဒီစမ္းသပ္လုပ္ေဆာင္ခ်က္ကို ၿပီးခဲ့တဲ့လတုန္းကပဲ အေၾကာင္းျပခ်က္မရွိဘဲနဲ႔ ျဖဳတ္ခ်ခဲ့ပါတယ္။ ဒါေၾကာင့္ လူအေတာ္မ်ားမ်ားက Group Stories ကို မွတ္မွတ္ထင္ထင္ မျဖစ္ခဲ့ၾကပါဘူး။

ဒါေပမယ့္ Jane Manchun Wong ရဲ႕ ေရးသားေဖာ္ျပခ်က္အရ Facebook မွာ မေအာင္ျမင္ခဲ့တဲ့ Group Stories လုပ္ေဆာင္ခ်က္ကို Instagram မွာ ေျပာင္းလဲလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ Group Stories လို႔ အတိအက်မေျပာႏိုင္ေပမယ့္ တူညီတဲ့စမ္းသပ္မႈျဖစ္တာကိုေတာ့ ေျပာႏိုင္တယ္လို႔ ဆိုပါတယ္။

ဒါဟာ လက္ရွိအခ်ိန္ လူမႈကြန္ရက္မွာ ရရွိေနတဲ့ Close Friend လုပ္ေဆာင္ခ်က္နဲ႔ အေတာ္ေလးကိုနီးစပ္ေပမယ့္ အရမ္းပဲ အၾကမ္းထည္ဆန္လြန္းတယ္လို႔လည္း ဆိုပါတယ္။ Wong ကေတာ့ Instagram မွာ စမ္းသပ္မႈ ျပဳလုပ္ေနတဲ့ လုပ္ေဆာင္ခ်က္ေတြရဲ႕ Screen Shot အခ်ိဳ႕ကို တြစ္တာမွာ မွ်ေဝခဲ့ၿပီ ျဖစ္ပါတယ္။

အေျခခံအားျဖင့္ေတာ့ Story ကို ဖန္တီးတဲ့အခ်ိန္ ျဖစ္လာတာနဲ႔ ခပ္ဆင္ဆင္ ျဖစ္ပါတယ္။ ေ႐ြးခ်ယ္မႈသစ္အျဖစ္ “Share to Group Story” ကိုလည္း ေတြ႕ရလိမ့္မယ္လို႔ ဆိုပါတယ္။ ဒီလုပ္ေဆာင္ခ်က္ဟာ Facebook မွာလည္း စမ္းသပ္ၿပီးၿပီျဖစ္ေပမယ့္ Instagram မွာလည္း စမ္းသပ္ဖို႔ လိုအပ္ေနေသးတာ ျဖစ္ပါတယ္။ ဒါမွပဲ ဘယ္ပလက္ေဖာင္းမွာ ပိုၿပီးလူႀကိဳက္မ်ားမလဲဆိုတာသိႏိုင္ၿပီး ဆုံးျဖတ္ခ်က္ခ်ႏိုင္မွာလည္း ျဖစ္ပါတယ္။

Ref: Android Community

[Unicode]

Group Stories ကို Instagram မှာ စမ်းသပ်နေတဲ့ Facebook

လွန်ခဲ့တဲ့လအနည်းငယ်တုန်းက Facebook ဟာ Group Stories လုပ်ဆောင်ချက်ကို စမ်းသပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီဟာ ဒီစမ်းသပ်လုပ်ဆောင်ချက်ကို ပြီးခဲ့တဲ့လတုန်းကပဲ အကြောင်းပြချက်မရှိဘဲနဲ့ ဖြုတ်ချခဲ့ပါတယ်။ ဒါကြောင့် လူအတော်များများက Group Stories ကို မှတ်မှတ်ထင်ထင် မဖြစ်ခဲ့ကြပါဘူး။

ဒါပေမယ့် Jane Manchun Wong ရဲ့ ရေးသားဖော်ပြချက်အရ Facebook မှာ မအောင်မြင်ခဲ့တဲ့ Group Stories လုပ်ဆောင်ချက်ကို Instagram မှာ ပြောင်းလဲလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ Group Stories လို့ အတိအကျမပြောနိုင်ပေမယ့် တူညီတဲ့စမ်းသပ်မှုဖြစ်တာကိုတော့ ပြောနိုင်တယ်လို့ ဆိုပါတယ်။

ဒါဟာ လက်ရှိအချိန် လူမှုကွန်ရက်မှာ ရရှိနေတဲ့ Close Friend လုပ်ဆောင်ချက်နဲ့ အတော်လေးကိုနီးစပ်ပေမယ့် အရမ်းပဲ အကြမ်းထည်ဆန်လွန်းတယ်လို့လည်း ဆိုပါတယ်။ Wong ကတော့ Instagram မှာ စမ်းသပ်မှု ပြုလုပ်နေတဲ့ လုပ်ဆောင်ချက်တွေရဲ့ Screen Shot အချို့ကို တွစ်တာမှာ မျှဝေခဲ့ပြီ ဖြစ်ပါတယ်။

အခြေခံအားဖြင့်တော့ Story ကို ဖန်တီးတဲ့အချိန် ဖြစ်လာတာနဲ့ ခပ်ဆင်ဆင် ဖြစ်ပါတယ်။ ရွေးချယ်မှုသစ်အဖြစ် “Share to Group Story” ကိုလည်း တွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ Facebook မှာလည်း စမ်းသပ်ပြီးပြီဖြစ်ပေမယ့် Instagram မှာလည်း စမ်းသပ်ဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။ ဒါမှပဲ ဘယ်ပလက်ဖောင်းမှာ ပိုပြီးလူကြိုက်များမလဲဆိုတာသိနိုင်ပြီး ဆုံးဖြတ်ချက်ချနိုင်မှာလည်း ဖြစ်ပါတယ်။

Ref: Android Community