Intel ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Workstation Desktop ကွန်ပျူတာတွေအတွက် Intel Core i9 Processor တွေကို ထုတ်ပေးခဲ့ပြီးတော့ အခုအချိန်မှာတော့ Intel ကနေ Core i9 Processor တွေကို Laptop တွေအတွက်ပါ ထုတ်ပေးလိုက်ပါပြီ။

အခုလိုမျိုး Laptop တွေမှာပါ Core i9 Processor တွေကို အသုံးပြုနိုင်တဲ့အတွက် လက်ရှိအချိန်မှာ အကောင်းဆုံးသော Gaming နဲ့ Creation အတွက် အသုံးပြုနိုင်တဲ့ Laptop Processor တွေဖြစ်လာမယ်လို့ သိရပါတယ်။

အခုကြေငြာသွားတဲ့ Intel Core i9 Processor တွေထဲမှာ အကောင်းဆုံးကတော့ Intel Core i9-8950HK Processor ဖြစ်ပြီးတော့ အဆိုပါ Processor ဟာ လက်ရှိပထမဆုံးသော 6 Core 12 Threads Processor တွေကိုအသုံးပြုထားတာဖြစ်ပြီးတော့ Turbo Boost 4.8Ghz အထိကို ရောက်ရှိနိုင်တာဖြစ်ပါတယ်။ Intel ကတော့ 7th Gen Processor တွေထက် အကုန်လုံးမှာ ၂၉ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာပြီးတော့ Gaming မှာ ၄၁ ရာခိုင်နှုန်း၊ 4K Video Editing မှာ ၅၉ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာမှာပဲဖြစ်ပါတယ်။ Core i9 Processor အပြင် High Performance Intel 8th Generation H-Series Core i5 နဲ့ i7 Processor တွေကိုပါ ကြေငြာသွားခဲ့ပါတယ်။ အဆိုပါ Processor တွေက Intel ရဲ့ Coffee Lake Architecture ဖြစ်တဲ့ 14++nm Architecture ကိုအသုံးပြုထားတာဖြစ်ပြီးတော့ Core i7 Processor တွေမှာ 6 Cores ၊ 12 Threads နဲ့ Core i5 Processor တွေမှာ 4 Cores ၊ 8 Threads ပါဝင်မှာဖြစ်ပါတယ်။

အခု Intel ရဲ့ 8th Generation High Performance Core i9 ၊ i7 နဲ့ i5 Processor တွေက Gaming Laptops တွေအတွက် အဓိကရည်ရွယ်သွားမှာဖြစ်ပြီး နောက်ဆုံးမှာတော့ Laptop ကွန်ပျူတာတွေမှာလည်း Desktop Processor တွေနီးပါး စွမ်းဆောင်ရည်ရရှိလာတော့မှာပဲဖြစ်ပါတယ်။