[Zawgyi]

Facebook ဟာ Facebook Viewpoints အမည္ရွိတဲ့ App တစ္ခုကို App Store နဲ႔ Google Play Store ႏွစ္ခုစလုံးမွာ ထုတ္ေပးလိုက္ၿပီျဖစ္ပါတယ္။ ဒီ App ဟာ ကုမၸဏီရဲ႕ နည္းပညာမ်က္ႏွာစာသစ္ေျပာင္းလဲျခင္းကို ကူညီေပးတဲ့ အသုံးျပဳသူေတြအတြက္ ဆုေၾကးေငြျပန္လည္ေပးအပ္သြားမွာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ဒါေပမယ့္ Facebook Viewpoints ကေပးတဲ့ ေငြေၾကးကိုရယူဖို႔အတြက္ အသုံးျပဳသူအေနနဲ႔ နာမည္၊ အီးေမးလ္လိပ္စာ၊ Facebook log-in info စတဲ့ အေျခခံအခ်က္အလက္ေတြကိုေတာ့ ထည့္သြင္းေပးရမွာ ျဖစ္ပါတယ္။ အကယ္၍ ကုမၸဏီက ကိုယ့္အေၾကာင္းကို ကိုယ့္ထက္ပိုသိသြားမွာစိုးရိမ္ရင္ေတာ့ ဒီ App ကို အသုံးမျပဳဖို႔ ေ႐ြးခ်ယ္ရမွာ ျဖစ္ပါတယ္။

အသုံးျပဳပုံကေတာ့ လြယ္ကူပါတယ္။ App ကို ထည့္သြင္းၿပီး Facebook Viewpoints account တစ္ခုျပဳလုပ္လိုက္ရင္ ဒီအစီအစဥ္မွာ ပါဝင္လို႔ ရသြားပါၿပီ။ အစီအစဥ္အတြက္ ဘယ္သတင္းအခ်က္အလက္ဘယ္လိုစုေဆာင္းတယ္၊ ဘယ္လိုအသုံးျပဳမယ္၊ ဒီအစီအစဥ္ ေအာင္ျမင္ၿပီးဆုံးသြားရင္ အမွတ္ဘယ္ေလာက္ရမယ္ ဆိုတာကို ရွင္းလင္းျပသေပးပါလိမ့္မယ္။

အသုံးျပဳသူအေနနဲ႔ အခ်ိန္ ၁၅ မိနစ္ေလာက္ေပးရမယ့္ စစ္တမ္းေမးခြန္း ၈၃ ခုကို ေျဖဆိုရတာမ်ိဳးျဖစ္ပါတယ္။ အသုံးျပဳသူက ေျဖဆိုရင္းရရွိလာမယ့္ ရမွတ္ တစ္ေထာင္တိုင္းအတြက္ Facebook က ၅ေဒၚလာ ေပးအပ္သြားမွာ ျဖစ္ပါတယ္။ ကိုယ္ရရွိတဲ့ အမွတ္ေတြကို ေငြေၾကးနဲ႔လဲလွယ္ဖို႔ PayPal account တစ္ခု ရွိထားဖို႔ လိုအပ္ပါတယ္။ Facebook Viewpoints က PayPal ကိုတိုက္႐ိုက္ေပးပို႔မယ္လို႔ ဆိုပါတယ္။

Facebook Viewpoints ဟာ ေဈးကြက္သုေတသန App တစ္ခုျဖစ္ၿပီး ပူးေပါင္းပါဝင္သူေတြအတြက္ ဆုေၾကးေငြေပးအပ္တာျဖစ္ေၾကာင္း၊ ဒီ App ေၾကာင့္ အသုံးျပဳသူေတြရဲ႕လိုအပ္ခ်က္နဲ႔လိုလားခ်က္ကို ပိုမိုသိရွိေစၿပီး ထုတ္ကုန္ေတြကို ပိုမိုေကာင္းမြန္ေအာင္ ျပဳလုပ္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း Facebook က သူ႔ရဲ႕ Blog မွာ ေရးသားေဖာ္ျပထားပါတယ္။

Ref: Phone Arena

[Unicode]

အသုံးပြုသူတွေကို ဆုကြေးငွေပြန်ပေးမယ့် Facebook Viewpoints App ကို စတင်ဖြန့်ချိ

Facebook ဟာ Facebook Viewpoints အမည်ရှိတဲ့ App တစ်ခုကို App Store နဲ့ Google Play Store နှစ်ခုစလုံးမှာ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီ App ဟာ ကုမ္ပဏီရဲ့ နည်းပညာမျက်နှာစာသစ်ပြောင်းလဲခြင်းကို ကူညီပေးတဲ့ အသုံးပြုသူတွေအတွက် ဆုကြေးငွေပြန်လည်ပေးအပ်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် Facebook Viewpoints ကပေးတဲ့ ငွေကြေးကိုရယူဖို့အတွက် အသုံးပြုသူအနေနဲ့ နာမည်၊ အီးမေးလ်လိပ်စာ၊ Facebook log-in info စတဲ့ အခြေခံအချက်အလက်တွေကိုတော့ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ အကယ်၍ ကုမ္ပဏီက ကိုယ့်အကြောင်းကို ကိုယ့်ထက်ပိုသိသွားမှာစိုးရိမ်ရင်တော့ ဒီ App ကို အသုံးမပြုဖို့ ရွေးချယ်ရမှာ ဖြစ်ပါတယ်။

အသုံးပြုပုံကတော့ လွယ်ကူပါတယ်။ App ကို ထည့်သွင်းပြီး Facebook Viewpoints account တစ်ခုပြုလုပ်လိုက်ရင် ဒီအစီအစဉ်မှာ ပါဝင်လို့ ရသွားပါပြီ။ အစီအစဉ်အတွက် ဘယ်သတင်းအချက်အလက်ဘယ်လိုစုဆောင်းတယ်၊ ဘယ်လိုအသုံးပြုမယ်၊ ဒီအစီအစဉ် အောင်မြင်ပြီးဆုံးသွားရင် အမှတ်ဘယ်လောက်ရမယ် ဆိုတာကို ရှင်းလင်းပြသပေးပါလိမ့်မယ်။

အသုံးပြုသူအနေနဲ့ အချိန် ၁၅ မိနစ်လောက်ပေးရမယ့် စစ်တမ်းမေးခွန်း ၈၃ ခုကို ဖြေဆိုရတာမျိုးဖြစ်ပါတယ်။ အသုံးပြုသူက ဖြေဆိုရင်းရရှိလာမယ့် ရမှတ် တစ်ထောင်တိုင်းအတွက် Facebook က ၅ဒေါ်လာ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကိုယ်ရရှိတဲ့ အမှတ်တွေကို ငွေကြေးနဲ့လဲလှယ်ဖို့ PayPal account တစ်ခု ရှိထားဖို့ လိုအပ်ပါတယ်။ Facebook Viewpoints က PayPal ကိုတိုက်ရိုက်ပေးပို့မယ်လို့ ဆိုပါတယ်။

Facebook Viewpoints ဟာ ဈေးကွက်သုတေသန App တစ်ခုဖြစ်ပြီး ပူးပေါင်းပါဝင်သူတွေအတွက် ဆုကြေးငွေပေးအပ်တာဖြစ်ကြောင်း၊ ဒီ App ကြောင့် အသုံးပြုသူတွေရဲ့လိုအပ်ချက်နဲ့လိုလားချက်ကို ပိုမိုသိရှိစေပြီး ထုတ်ကုန်တွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်လာနိုင်မယ်လို့ မျှော်လင့်ထားကြောင်း Facebook က သူ့ရဲ့ Blog မှာ ရေးသားဖော်ပြထားပါတယ်။

Ref: Phone Arena