[Zawgyi]

Apple ဟာ သူ႔ရဲ႕ထုတ္ကုန္ေတြနဲ႔ ပတ္သက္လာရင္ အေသးအမႊားကအစ သူ႔လက္ထဲမွာပဲ ရွိေနေစခ်င္တဲ့ ကုမၸဏီလို႔ ဆိုရမွာပါ။ ဒါေၾကာင့္လည္း သူ႔ရဲ႕ထုတ္ကုန္ေတြကို ျပင္ပမွာ ျပင္ဆင္ျခင္းကို တားျမစ္ခဲ့တာ ျဖစ္ပါတယ္။ အကယ္၍ iPhone တစ္လုံးကို တရားဝင္ျပဳျပင္ေရးဆိုင္မဟုတ္ဘဲ အျပင္ဆိုင္မွာ ျပဳျပင္မိရင္ေတာ့ အေတာ္ေလး စိတ္အေႏွာင့္အယွက္ ျဖစ္ရပါလိမ့္မယ္။

ဘက္ထရီကိစၥတုန္းကလည္း ျပင္ပဆိုင္ေတြမွာ လဲလွယ္ခဲ့တယ္ဆိုရင္ Apple ရဲ႕ Original ဘက္ထရီျဖစ္ေပမယ့္ Error message ပို႔ခံခဲ့ရပါေသးတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လကုန္ေလာက္ကေတာ့ ျပင္ဆင္တာနဲ႔ပတ္သက္လို႔ ေျဖေလ်ာ့တဲ့ သတင္းတစ္ခု ထြက္လာပါေသးတယ္။ အဲဒါက အာမခံကာလကုန္ဆုံးေနတဲ့ iPhone ေတြကို Apple က အသိအမွတ္ျပဳၿပီး သင္တန္းေပးထားတဲ့ ျပင္ပဆိုင္ေတြမွာ ျပဳျပင္ခြင့္ေပးလိုက္တာပါပဲ။

Apple က ျပင္ပဆိုင္မွာ ျပဳျပင္ခြင့္ေပးတယ္ဆိုေပမယ့္ လဲလွယ္တပ္ဆင္ရမယ့္ အစိတ္အပိုင္းကေတာ့ ကုမၸဏီက တရားဝင္ေရာင္းခ်ေပးထားတဲ့ Genuine Parts ေတြပဲ သုံးလို႔ရမွာပါ။ အခုလည္း အသစ္ထုတ္လိုက္တဲ့ iOS 13.1 မွာ မွန္ကြဲလို႔ Non-genuine နဲ႔လဲထားရင္ Verify မလုပ္ႏိုင္ေၾကာင္း အေၾကာင္းၾကားစာ ပို႔မွာ ျဖစ္ပါတယ္။

iPhone 11 မိသားစုဝင္ေတြအားလုံးဟာ Lock Screen မွာ မ်က္ႏွာျပင္ဟာ Genuine မဟုတ္ဘူးဆိုတဲ့အေၾကာင္းကို စာပို႔မွာျဖစ္ပါတယ္။ ဒါမွမဟုတ္ Apple ကတရားဝင္ အသိအမွတ္ျပဳထားတဲ့ ဆိုင္၊ ျပဳျပင္ေရးသမားနဲ႔ ျပဳျပင္ထားတာမဟုတ္ရင္လည္း သတိေပးစာ ပို႔မယ္လို႔ သိရပါတယ္။

ဒီ အသိေပးစာဟာ ၄ ရက္ၾကာ သတိေပးေနမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ၿပီးရင္ေတာ့ Main Settings menu မွာ ေနာက္ထပ္ ၁၅ ရက္ၾကာ ျပသေနဦးမယ္လို႔ ဆိုပါတယ္။ ဒါနဲ႔လည္း မၿပီးေသးပါဘူး။ ဒီလိုသတိေပးစာပို႔တာဟာ iPhone 11 ေတြမွာပဲလား တျခား iPhone ေတြေရာ ပါဝင္မွာလားဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

Ref: GSM Arena

[Unicode]

အစားထိုးထားတဲ့ Screen ဟာ Apple အသိအမှတ်ပြု Display မဟုတ်ရင် အသိပေးစာပို့မယ့် iOS 13.1

Apple ဟာ သူ့ရဲ့ထုတ်ကုန်တွေနဲ့ ပတ်သက်လာရင် အသေးအမွှားကအစ သူ့လက်ထဲမှာပဲ ရှိနေစေချင်တဲ့ ကုမ္ပဏီလို့ ဆိုရမှာပါ။ ဒါကြောင့်လည်း သူ့ရဲ့ထုတ်ကုန်တွေကို ပြင်ပမှာ ပြင်ဆင်ခြင်းကို တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ အကယ်၍ iPhone တစ်လုံးကို တရားဝင်ပြုပြင်ရေးဆိုင်မဟုတ်ဘဲ အပြင်ဆိုင်မှာ ပြုပြင်မိရင်တော့ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ရပါလိမ့်မယ်။

ဘက်ထရီကိစ္စတုန်းကလည်း ပြင်ပဆိုင်တွေမှာ လဲလှယ်ခဲ့တယ်ဆိုရင် Apple ရဲ့ Original ဘက်ထရီဖြစ်ပေမယ့် Error message ပို့ခံခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကုန်လောက်ကတော့ ပြင်ဆင်တာနဲ့ပတ်သက်လို့ ဖြေလျော့တဲ့ သတင်းတစ်ခု ထွက်လာပါသေးတယ်။ အဲဒါက အာမခံကာလကုန်ဆုံးနေတဲ့ iPhone တွေကို Apple က အသိအမှတ်ပြုပြီး သင်တန်းပေးထားတဲ့ ပြင်ပဆိုင်တွေမှာ ပြုပြင်ခွင့်ပေးလိုက်တာပါပဲ။

Apple က ပြင်ပဆိုင်မှာ ပြုပြင်ခွင့်ပေးတယ်ဆိုပေမယ့် လဲလှယ်တပ်ဆင်ရမယ့် အစိတ်အပိုင်းကတော့ ကုမ္ပဏီက တရားဝင်ရောင်းချပေးထားတဲ့ Genuine Parts တွေပဲ သုံးလို့ရမှာပါ။ အခုလည်း အသစ်ထုတ်လိုက်တဲ့ iOS 13.1 မှာ မှန်ကွဲလို့ Non-genuine နဲ့လဲထားရင် Verify မလုပ်နိုင်ကြောင်း အကြောင်းကြားစာ ပို့မှာ ဖြစ်ပါတယ်။

iPhone 11 မိသားစုဝင်တွေအားလုံးဟာ Lock Screen မှာ မျက်နှာပြင်ဟာ Genuine မဟုတ်ဘူးဆိုတဲ့အကြောင်းကို စာပို့မှာဖြစ်ပါတယ်။ ဒါမှမဟုတ် Apple ကတရားဝင် အသိအမှတ်ပြုထားတဲ့ ဆိုင်၊ ပြုပြင်ရေးသမားနဲ့ ပြုပြင်ထားတာမဟုတ်ရင်လည်း သတိပေးစာ ပို့မယ်လို့ သိရပါတယ်။

ဒီ အသိပေးစာဟာ ၄ ရက်ကြာ သတိပေးနေမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးရင်တော့ Main Settings menu မှာ နောက်ထပ် ၁၅ ရက်ကြာ ပြသနေဦးမယ်လို့ ဆိုပါတယ်။ ဒါနဲ့လည်း မပြီးသေးပါဘူး။ ဒီလိုသတိပေးစာပို့တာဟာ iPhone 11 တွေမှာပဲလား တခြား iPhone တွေရော ပါဝင်မှာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref: GSM Arena