Apple ကနေ မကြာခင်မှာ iOS Device တွေအတွက် iOS 14 ကို မိတ်ဆက်လာနိုင်ခြေရှိနေပါတယ်။ ပုံမှန်အားဖြင့် iOS Version အသစ်တွေကို WWDC Developer Conference မှာ မိတ်ဆက်နေကြဖြစ်ပေမယ့် ဒီနှစ်မှာတော့ WWDC ကို ပြုလုပ်နိုင်ခြေမရှိတဲ့အတွက် ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

အခုအချိန်မှာတော့ iOS 14 ရဲ့ Code တစ်ခုကနေ စိတ်ဝင်စားစရာ Feature တစ်ခုပါဝင်လာနိုင်ဖို့များနေပါတယ်။ ဒါကတော့ Apple ကနေ iOS 14 မှာ Homescreen View အသစ်ကို ထည့်သွင်းလာတော့မှာပါ။ လောလောဆယ်မှာ iOS Device တွေအနေနဲ့ App တွေကို Homescreen တစ်ခုချင်းစီအလိုက် သို့မဟုတ် Search ကနေပဲ ရှာဖွေအသုံးပြုနိုင်တာဖြစ်ပါတယ်။

အခု Feature အသစ်ကိုတော့ Homescreen List View လို့ခေါ်ဆိုလာမှာဖြစ်ပြီး App တွေကို List တွေအနေနဲ့ မြင်ရမှာပါ။ ဒါပေမယ့် Android ဖုန်းတွေမှာပါဝင်တဲ့ App Drawer နဲ့မတူတဲ့အချက်က အဆိုပါ List View မှာ သတ်မှတ်ပြီးစီလို့ရတဲ့ Option မျိုးစုံပါဝင်မှာပါ။ အဲ့ဒီ Option တွေထဲမှာ နောက်ဆုံး Notification ဝင်ထားတဲ့ App တွေ၊ အသုံးအများဆုံး App တွေနဲ့ နောက်ဆုံးသုံးခဲ့တဲ့ App တွေစသဖြင့် မြင်ရမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Siri ကနေလည်း ဖုန်းကိုသုံးနေတဲ့အချိန်နဲ့တည်နေရာပေါ်မှုတည်ပြီးတော့ ဘယ် Application ကို အသုံးပြုနိုင်မလဲဆိုတာကိုပါ ခန့်မှန်းပေးသွားဦးမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Gym ကို ရောက်ရှိနေမယ်ဆိုရင် Music App ကို Siri က Recommend ပေးသွားမှာပါ။

နောက်ထပ်လည်း iOS 14 မှာ Gesture အသစ်တွေပါဝင်လာနိုင်ခြေရှိပြီး iPad OS အတွက် Mouse Cursor Gesture ကိုပါ ပြောင်းလဲလာမယ်လို့ သိရပါတယ်။

Ref – 9to5Mac