Apple ဟာ WWDC 2021 ကို ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းက ပူပူနွေးနွေးကြေညာခဲ့ပြီး iOS 15 ရဲ့ သတင်းအချက်အလက်တွေလည်း ပါပါတယ်။ အဲဒီသတင်းအချက်အလက်တွေကို အောက်မှာ လေ့လာကြည့်ရအောင်။

iOS 15 ထွက်ရှိမယ့် နေ့

Apple ဟာ iOS 15 ထွက်ရှိမယ့် နေ့ကို မပြောသွားပါဘူး။ ထုံးစံအရဆိုရင် iPhone အသစ်နဲ့အတူ iOS အသစ် ထွက်လာတဲ့အတွက် ၂၀၂၁ စက်တင်ဘာလမှာ iPhone 13 နဲ့အတူ iOS 15 ကို ဖြန့်ချိနိုင်ပါတယ်။ ထုံးစံအတိုင်း အခမဲ့ ရယူ အသုံးပြုနိုင်မှာပါ။

WWDC ပြီးပြီ ဆိုတော့ Developer Beta ထွက်လာပါပြီ။ Public Beta ကို ဇူလိုင်လမှာ ဖြန့်ချိနိုင်ပြီး Bugs တွေကို ဂရုမစိုက်ရင် နောက်လမှာ iOS 15 ကို  မြည်းစမ်းနိုင်မှာပါ။

iOS 15 ရမယ့် Device များ

Apple က iOS 15 ကို iPhone 6S နဲ့ သူ့အထက် Device တွေအတွက်ရမယ်လို့ ပြောတဲ့အတွက် အောက်ပါပုံက Device အားလုံး ရမှာပါ။

FaceTime တိုးတက်မှုများ

Apple က iOS 15 ရဲ့ FaceTime မှာ လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းပေးထားပြီး လူနေမှုဘဝတွေအတွက် ပိုအဆင်ပြေအောင် အာရုံစိုက်ထားပါတယ်။ Spatial Audio ပါလာတဲ့အတွက် ဖုန်းပြောနေတဲ့ လူနဲ့ တစ်ခန်းထဲ အတူရှိနေသလို ခံစားရအောင် 3D Audio က ပံ့ပိုးပေးမှာပါ။ Voice Isolation က ပတ်ဝန်းကျင်က ဆူညံသံတွေကို ဖယ်ရှားပေးနိုင်သလို Wide Spectrum က သင်နဲ့ သင့် ပတ်ဝန်းကျင် အသံတွေကိုပဲ အာရုံစိုက်ပေးမှာပါ။

Grid View က Group Call တွေကို ပြသပေးပြီး Portrait Mode လည်း ထောက်ပံ့ထားပါတယ်။ FaceTime Links က သင် ဖုန်းပြောချင်တဲ့ လူတွေနဲ့ လွယ်ကူစွာ ပြောနိုင်အောင် Links တွေ ထုတ်ပေးနိုင်ပါတယ်။ SharePlay ပါလာပြီး သီချင်းနဲ့ ဗီဒီယိုတွေကို အတူတကွ ကြည့်ရှု နားဆင်နိုင်ပါတယ်။ SharePlay ကို AppleTV အတွက် ပံ့ပိုးပေးထားတဲ့အတွက် ရုပ်ရှင်တွေ ကြည့်ရင် မိုက်ပါတယ်။

Messages

Group Chats တွေမှာ Collages ရလာတဲ့အတွက် ရုပ်ပုံများစွာကို ပြနိုင်ပါတယ်။ News App က Shared with You မှာ သင့် သူငယ်ချင်းတွေ သင့်ထံပို့ထားတာတွေကို ကြည့်နိုင်ပြီး အဲဒီအရာတွေကို Messages Chat ဆီ လွယ်ကူစွာ ကော်ပီကူးနိုင်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို Safari , Music နဲ့ တခြား App တွေမှာလည်း သုံးနိုင်ပါတယ်။

Notifications

iOS 15 မှာ Notifications တွေကို ဒီဇိုင်း ဆန်းသစ်ထားပါတယ်။ Notification Summary ပါလာပြီး သင်နှစ်သက်တဲ့ အချိန်မှာ ပြသအောင် ပြုလုပ်ထားနိုင်သလို Apple ရဲ့ Machine Learning Algorithms ရဲ့ အကူအညီကိုလည်း ယူနိုင်ပါတယ်။

သင့် Notification အားလုံးကို စီမံခန့်ခွဲရာမှာ ပိုကောင်းအောင် Notification Center ရဲ့ သွင်ပြင်ကို ပြောင်းလဲထားပါတယ်။

Do Not Disturb လည်း ပိုကောင်းလာပြီး သင့် သူငယ်ချင်းတွေ အဲဒီ Mode ကို သုံးထားရင် သင်က သိနိုင်ပါတယ်။

Focus ကလည်း Notification Summary ရဲ့ လုပ်ဆောင်ချက် တစ်ခု ဖြစ်ပြီး Lock Screen မှာ သင့် စိတ်ကြိုက် တချို့ App တွေကိုပဲ ပြသပေးမှာပါ။

Live Text

Live Text က ဓါတ်ပုံထဲက စာသားတွေကို ကော်ပီကူးလို့ရစေပြီး Document တွေထဲမှာ ထည့်တာ၊ ဘာသာပြန်တာတွေ ပြုလုပ်နိုင်ပါတယ်။ ဒါဟာ Google Lens ကို ယှဉ်ပြိုင်တာ ဖြစ်ပြီး စာအုပ်ထဲက စာသားတွေကို ဖုန်းထဲ ကူးထည့်ဖို့ အဆင်ပြေပါတယ်။

Photos

Photos ကို Spotlight Suggestion မှာ ထည့်ထားတဲ့အတွက် ဓါတ်ပုံတွေထဲက လူတစ်ယောက်ကို ရှာရတာ လွယ်ကူလာပါတယ်။ Memories က Slideshows နဲ့ Carousels တွေကို သီချင်းတွေနဲ့တကွ ဖန်တီးပေးလာနိုင်ပါတယ်။

တခြား လုပ်ဆောင်ချက်များ

iOS 15 မှာ Apple Wallet က ပိုကောင်းလာပြီး CarKey ဟာ U1 Support ရလာတဲ့အတွက် ကားတံခါး ဖွင့်လာနိုင်ပါတယ်။ စာသားတွေကို Highlight လုပ်တဲ့အခါ Magnifier ကို ပြန်သုံးလို့ရလာပါပြီ။ Weather App ကို ဒီဇိုင်း ဆန်းသစ်ထားပြီး ရာသီဥတုတွေ ခန့်မှန်းတာ  ပိုတိကျလာသလို Weather Maps ရဲ့ Resolution ပိုကောင်းလာပါတယ်။ နောက်တစ်နာရီအတွင်း မိုးရွာမှာ ၊ နှင်းကျမှာကို Notification နဲ့ သတိပေးနိုင်ပါတယ်။ Maps App မှာ လမ်းတွေ၊ အဆောက်အဉီးတွေကို ပိုအသေးစိတ်ပြသပေးလာနိုင် Landmarks တွေကို Highlight လုပ်ပေးတဲ့ အရောင်တွေကို ဆန်းသစ်ထားပါတယ်။ ယာဉ်မောင်းတွေ လမ်းကြောင်း သတ်မှတ်တဲ့အခါမှာ ပြသပေးတဲ့ သွင်ပြင်တွေကို ဆန်းသစ်ထားပြီး ယာဉ်ကြောတွေ ကြည့်ရင် ပိုကောင်းလာပါတယ်။

Widgets တွေ တိုးတက်လာပြီး Find My, Game Center, App Store Today, Sleep တွေနဲ့တခြား App တွေအတွက် အသစ်တွေ ပါလာပါတယ်။ Safari ရဲ့ ဒီဇိုင်းကို ဆန်းသစ်ထားပြီး macOS က Extension တွေကို iOS မှာ သုံးလို့ရတော့မှာပါ။ Address Bar ကို အောက်ခြေမှာ ပြောင်းထားတဲ့အတွက် Tab တွေ ပြောင်းရတာ ပိုလွယ်လာပါတယ်။

macOS Monterey မှာ Shortcuts ကို ထောက်ပံ့လာတဲ့အတွက် iOS 15 နဲ့ Sync လုပ်လို့ရလာပါတယ်။ iPhone က အလုပ်တွေကို Macs မှာ ဆက်လုပ်လို့ရမှာပါ။ iOS 15 မှာ Drag and Drop ပါလာတဲ့အတွက် ဖိုင်တွေက ဓါတ်ပုံတွေကို အီးမေးမှာ ထည့်နိုင်ပါပြီ။ သင့် ဖိုင်တွေနဲ့ ဓါတ်ပုံတွေကို App တွေအကြားမှာ မျှဝေဖို့ အရမ်း လွယ်ကူလာပါတယ်။

ref : techradar