Apple ရဲ့ Worldwide Developer Conference (WWDC) ကို ဇွန်လ ၁၀ ရက်ကနေ ၁၄ ရက်နေ့အထိ ကျင်းပမှာပါ။ WWDC ရဲ့ပထမဆုံးနေ့မှာ Apple ဟာ Operating System အသစ်တွေကို ကြေညာလေ့ရှိပါတယ်။ ဒီနှစ်မှာ iOS 18, iPadOS 18 နဲ့ watchOS, tvOS, macOS နဲ့ visionOS အသစ်တွေကို ကြေညာနိုင်ပါတယ်။

iOS 18 is getting official on June 10, as Apple's Worldwide Developers Conference starts

Apple ဟာ ပြီးခဲ့တဲ့နှစ်တွေလိုပဲ WWDC ကို အွန်လိုင်းကနေ ကျင်းပမှာ ဖြစ်ပေမယ့် Developer နဲ့ ကျောင်းသားတွေဟာ ဇွန်လ ၁၀ ရက်နေ့မှာ Apple Park မှာ WWDC ကို လူကိုယ်တိုင် တက်ရောက်နိုင်မှာဖြစ်ပြီး ကြေညာချက်တွေကို နားဆင်နိုင်၊ Apple ဝန်ထမ်းတွေနဲ့ တွေ့ဆုံနိုင်၊ Activity တွေမှာ ပါဝင်နိုင်မှာပါ။

Introducing iOS 18 | Apple - YouTube

အွန်လိုင်း မိတ်ဆက်ပွဲကို လူတိုင်း ကြည့်နိုင်မှာပါ။ Apple က Developer တွေအတွက် Apple ပညာရှင်တွေနဲ့ တွေ့ဆုံခွင့်ပေးမှာ ဖြစ်ပြီး Tools နဲ့ Feature အသစ်တွေအကြောင်း အသေးစိတ် ရှင်းလင်းပေးမှာပါ။ Apple ရဲ့ ဒီဇိုင်နာနဲ့ အင်ဂျင်နီယာတွေနဲ့ တွေ့ဆုံနိုင်မှာပါ။

Worldwide Developer Relations ရဲ့ ဒုတိယ ဥက္ကဌ Susan Prescott က “ တစ်ကမ္ဘာလုံးက Developer တွေနဲ့ တွေ့ဆုံရမှာ စိတ်လှုပ်ရှားမိပါတယ်။ WWDC ဟာ အိုင်ဒီယာ အသစ်တွေကို မျှဝေဖို့ ဖြစ်ပြီး Developer တွေ ထူးခြားဆန်းသစ်တဲ့ ထုတ်ကုန်တွေ ဖန်တီးနိုင်ဖို့ ကူညီသွားမှာပါ။ “  လို့ ပြောပါတယ်။

Ref : gsmarena