[Zawgyi]

11-inch iPad Pro ရဲ႕ ႀကံ့ခိုင္မႈကို စမ္းသပ္ခဲ့တဲ့ JerryRigEverything ရဲ႕ ဗြီဒီယိုကို Apple Fan ေတြေရာ၊ Apple Fan မဟုတ္သူေတြပါ မွတ္မိၾကမယ္ ထင္ပါတယ္။ ၂၀၁၈ ႏိုဝင္ဘာ လလယ္ေလာက္ မွာထြက္ေပၚလာခဲ့တဲ့ ဒီဗြီဒီယိုေၾကာင့္ Apple ဟာ သူ႔ထုတ္ကုန္ေတြရဲ႕ ႀကံ့ခိုင္မႈကို ျပန္ၿပီးအေျဖရွာခဲ့ရပါတယ္။

အခုလည္း JerryRigEverything ရဲ႕ ႀကံ့ခိုင္မႈစမ္းသပ္တဲ့ ဗြီဒီယိုဖိုင္ ထြက္ေပၚလာျပန္ပါၿပီ။ ဒီတစ္ခါ စမ္းသပ္ထားတာကေတာ့ ၂၀၁၉ ထုတ္ iPad mini ပဲ ျဖစ္ပါတယ္။ ေ႐ႊအိုေရာင္ကိုယ္ထည္ေလးနဲ႔ iPad mini ဟာ သတၱဳကိုယ္ထည္နဲ႔ တည္ေဆာက္ထားေပမယ့္ ခြၽန္ထက္တဲ့ ဓါးသြားေအာက္မွာ အ႐ုပ္လွလွေလးေတြ ထြက္ေပၚလာတုန္းပါပဲ။

iPad Pro တုန္းကေတာ့ ေဘးေဘာင္တစ္ဘက္တစ္ခ်က္စီမွာ Microphone ေပါက္နဲ႔ USB ေပါက္ေတြ ထားရွိမႈေၾကာင့္ အားနည္းခ်က္ျဖစ္ၿပီး ေကြးၫႊတ္မႈဒဏ္ကို မခံႏိုင္ဘဲ ခါးလယ္က က်ိဳးခဲ့ပါတယ္။ iPad Mini ကေတာ့ Microphone ေပါက္နဲ႔ USB ေပါက္ေတြကို ေဘးေဘာင္တစ္ဘက္စီမွာ မထားေပမယ့္ ေကြးၫႊတ္မႈ ခံႏိုင္ရည္ကို စမ္းသပ္တဲ့အခါမွာေတာ့ ကံမေကာင္းစြာနဲ႔ က်ရႈံးခဲ့ရျပန္ပါတယ္။

iPad mini ဟာ ခါးလည္ကေန ေကြးၫႊတ္သြားတယ္ဆိုေပမယ့္ 11-inch iPad Pro ေလာက္ အေျခအေနမဆိုးဘူးလို႔ ေျပာရမွာပါ။ iPad mini ရဲ႕ LCD မ်က္ႏွာျပင္ဟာ လိုက္လံေကြးၫြတ္သြားေပမယ့္ ကြဲအက္သြားတာမ်ိဳးေတာ့ မျဖစ္ခဲ့ပါဘူး။ ဒါ့အျပင္ ေကြးသြားတဲ့ မ်က္ႏွာျပင္ဟာ ဆက္လက္အသုံးျပဳလို႔ ရေနတာကိုလည္း ေတြ႕ျမင္ရပါတယ္။

Ref: GSMArena

[Unicode]

ကြံ့ခိုင်မှု စမ်းသပ်ချက်မှာ မျက်နှာပြင် ကွေးသွားပေမယ့် အလုပ်ဖြစ်နေသေးတဲ့ iPad mini

11-inch iPad Pro ရဲ့ ကြံ့ခိုင်မှုကို စမ်းသပ်ခဲ့တဲ့ JerryRigEverything ရဲ့ ဗွီဒီယိုကို Apple Fan တွေရော၊ Apple Fan မဟုတ်သူတွေပါ မှတ်မိကြမယ် ထင်ပါတယ်။ ၂၀၁၈ နိုဝင်ဘာ လလယ်လောက် မှာထွက်ပေါ်လာခဲ့တဲ့ ဒီဗွီဒီယိုကြောင့် Apple ဟာ သူ့ထုတ်ကုန်တွေရဲ့ ကြံ့ခိုင်မှုကို ပြန်ပြီးအဖြေရှာခဲ့ရပါတယ်။

အခုလည်း JerryRigEverything ရဲ့ ကြံ့ခိုင်မှုစမ်းသပ်တဲ့ ဗွီဒီယိုဖိုင် ထွက်ပေါ်လာပြန်ပါပြီ။ ဒီတစ်ခါ စမ်းသပ်ထားတာကတော့ ၂၀၁၉ ထုတ် iPad mini ပဲ ဖြစ်ပါတယ်။ ရွှေအိုရောင်ကိုယ်ထည်လေးနဲ့ iPad mini ဟာ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပေမယ့် ချွန်ထက်တဲ့ ဓါးသွားအောက်မှာ အရုပ်လှလှလေးတွေ ထွက်ပေါ်လာတုန်းပါပဲ။

iPad Pro တုန်းကတော့ ဘေးဘောင်တစ်ဘက်တစ်ချက်စီမှာ Microphone ပေါက်နဲ့ USB ပေါက်တွေ ထားရှိမှုကြောင့် အားနည်းချက်ဖြစ်ပြီး ကွေးညွှတ်မှုဒဏ်ကို မခံနိုင်ဘဲ ခါးလယ်က ကျိုးခဲ့ပါတယ်။ iPad Mini ကတော့ Microphone ပေါက်နဲ့ USB ပေါက်တွေကို ဘေးဘောင်တစ်ဘက်စီမှာ မထားပေမယ့် ကွေးညွှတ်မှု ခံနိုင်ရည်ကို စမ်းသပ်တဲ့အခါမှာတော့ ကံမကောင်းစွာနဲ့ ကျရှုံးခဲ့ရပြန်ပါတယ်။

iPad mini ဟာ ခါးလည်ကနေ ကွေးညွှတ်သွားတယ်ဆိုပေမယ့် 11-inch iPad Pro လောက် အခြေအနေမဆိုးဘူးလို့ ပြောရမှာပါ။ iPad mini ရဲ့ LCD မျက်နှာပြင်ဟာ လိုက်လံကွေးညွတ်သွားပေမယ့် ကွဲအက်သွားတာမျိုးတော့ မဖြစ်ခဲ့ပါဘူး။ ဒါ့အပြင် ကွေးသွားတဲ့ မျက်နှာပြင်ဟာ ဆက်လက်အသုံးပြုလို့ ရနေတာကိုလည်း တွေ့မြင်ရပါတယ်။

Ref: GSMArena