[Unicode]

Apple ဟာ iOS 13 မှာ Privacy Setting တွေကို တိုးမြှင့်ပေးထားကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း အသုံးပြုသူရဲ့ တည်နေရာကို ခြေရာခံနေဆဲဖြစ်ပါတယ်။ ပြဿနာက App တွေနဲ့ Feature တွေအားလုံးမှာ Location Service ကို ပိတ်ထားတာတောင်မှ ဆက်ပြီးခြေရာခံနေတာပါ။

iPhone 11 Pro ဟာ GPS မော်ဂျူးကနေတစ်ဆင့် တည်နေရာအချက်အလက်တွေစုဆောင်းဖို့ လုပ်ဆောင်နေတာက ဖုံးမရ၊ ဖိမရပေါ်လွင်နေတယ်လို့ Brain Krebs က ဖော်ပြခဲ့ပါတယ်။ ဒီလိုဖော်ပြခြင်းခံလိုက်ရတာကတော့ အသုံးပြုသူကိုယ်ရေးအချက်အလက်ကို အလေးထားပါတယ်ဆိုတဲ့ Apple အတွက် အိုးမည်းသုတ်ခံလိုက်ရသလိုပါပဲ။

Apple ရဲ့ Privacy policy အရ အခါအားလျော်စွာ အနီးအနားမှာရှိတဲ့ Wi-Fi hotspots နဲ့ Cell Tower တွေကို Geo-tagged တည်နေရာတွေ ပေးပို့နေတာပါ။ ကုမ္ပဏီကတော့ ဒါကို စနစ်တကျပိတ်ထားတယ်လို့ ပြောပေမယ့် Brain Krebs ရဲ့ ဖော်ပြမှုမှာတော့ App ကိုပိတ်၊ Data ကိုလည်း ပိတ်ထားလိုက်တာတောင် Online ပြန်ရောက်တဲ့အခါ ဆာဗာကိုချိတ်နေတာ တွေ့ရပါတယ်။

ကုမ္ပဏီရဲ့ အင်ဂျင်နီယာကတော့ လုံခြုံရေးဆိုင်ရာနဲ့ပတ်သက်ပြီး Security risk မတွေ့ရပါဘူးလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မြားပေါ်လာတာကတော့ သိပ်မထူးဆန်းဘဲဖြစ်နေကျပုံစံဖြစ်ပါတယ်။ ဒါပေမယ့် System services အတွက် Icon ပေါ်လာတာကတော့ Settings ထဲမှာလည်း Switch မပါဝင်တာကြောင့် ပုံမှန်မဟုတ်ဘူးလို့ ဆိုရမှာပါ။ ဒီတော့ Apple ဟာ အသုံးပြုသူတွေ ပိတ်လို့မရတဲ့ လုပ်ဆောင်ချက်တစ်ခုခုကို ထည့်သွင်းပြီး ဖုံးကွယ်ထားသလားလို့ မေးခွန်းထုတ်ရတော့မှာ ဖြစ်ပါတယ်။

Ref: GSM Arena

[Zawgyi]

iPhone 11 Pro မွာ GPS ပိတ္ထားေပမယ့္ တည္ေနရာျပအခ်က္အလက္ေတြ ဆက္လက္ရယူေနေၾကာင္း ေတြ႕ရွိရ

Apple ဟာ iOS 13 မွာ Privacy Setting ေတြကို တိုးျမႇင့္ေပးထားေၾကာင္း ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္လည္း အသုံးျပဳသူရဲ႕ တည္ေနရာကို ေျခရာခံေနဆဲျဖစ္ပါတယ္။ ျပႆနာက App ေတြနဲ႔ Feature ေတြအားလုံးမွာ Location Service ကို ပိတ္ထားတာေတာင္မွ ဆက္ၿပီးေျခရာခံေနတာပါ။

iPhone 11 Pro ဟာ GPS ေမာ္ဂ်ဴးကေနတစ္ဆင့္ တည္ေနရာအခ်က္အလက္ေတြစုေဆာင္းဖို႔ လုပ္ေဆာင္ေနတာက ဖုံးမရ၊ ဖိမရေပၚလြင္ေနတယ္လို႔ Brain Krebs က ေဖာ္ျပခဲ့ပါတယ္။ ဒီလိုေဖာ္ျပျခင္းခံလိုက္ရတာကေတာ့ အသုံးျပဳသူကိုယ္ေရးအခ်က္အလက္ကို အေလးထားပါတယ္ဆိုတဲ့ Apple အတြက္ အိုးမည္းသုတ္ခံလိုက္ရသလိုပါပဲ။

Apple ရဲ႕ Privacy policy အရ အခါအားေလ်ာ္စြာ အနီးအနားမွာရွိတဲ့ Wi-Fi hotspots နဲ႔ Cell Tower ေတြကို Geo-tagged တည္ေနရာေတြ ေပးပို႔ေနတာပါ။ ကုမၸဏီကေတာ့ ဒါကို စနစ္တက်ပိတ္ထားတယ္လို႔ ေျပာေပမယ့္ Brain Krebs ရဲ႕ ေဖာ္ျပမႈမွာေတာ့ App ကိုပိတ္၊ Data ကိုလည္း ပိတ္ထားလိုက္တာေတာင္ Online ျပန္ေရာက္တဲ့အခါ ဆာဗာကိုခ်ိတ္ေနတာ ေတြ႕ရပါတယ္။

ကုမၸဏီရဲ႕ အင္ဂ်င္နီယာကေတာ့ လုံၿခဳံေရးဆိုင္ရာနဲ႔ပတ္သက္ၿပီး Security risk မေတြ႕ရပါဘူးလို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ျမားေပၚလာတာကေတာ့ သိပ္မထူးဆန္းဘဲျဖစ္ေနက်ပုံစံျဖစ္ပါတယ္။ ဒါေပမယ့္ System services အတြက္ Icon ေပၚလာတာကေတာ့ Settings ထဲမွာလည္း Switch မပါဝင္တာေၾကာင့္ ပုံမွန္မဟုတ္ဘူးလို႔ ဆိုရမွာပါ။ ဒီေတာ့ Apple ဟာ အသုံးျပဳသူေတြ ပိတ္လို႔မရတဲ့ လုပ္ေဆာင္ခ်က္တစ္ခုခုကို ထည့္သြင္းၿပီး ဖုံးကြယ္ထားသလားလို႔ ေမးခြန္းထုတ္ရေတာ့မွာ ျဖစ္ပါတယ္။

Ref: GSM Arena