[Zawgyi]

iPhone 11 Pro Max ကို ေၾကညာထားတာ ၂ လနီးပါးရွိပါၿပီ။ အခုေတာ့ DxOMark က အဲဒီဖုန္းရဲ႕ ကင္မရာေတြကို စမ္းသပ္ထားတဲ့ အမွတ္ေတြကို မွ်ေ၀လိုက္ပါတယ္။ ဒီႏွစ္ထဲထြက္ထားတဲ့ စြမ္းရည္ျမင့္ ဖုန္းေတြထက္ အမွတ္ ပိုမ်ားေနေပမယ့္ ၁၁၇ မွတ္နဲ႔ နံပါတ္ ၃ ေနရာမွာပဲ ရွိေနပါတယ္။ Huawei Mate 30 Pro နဲ႔ Xiaomi Mi CC9 Pro Premium Edition တို႔ကို မယွဥ္ႏုိင္ပါဘူး။

iPhone 11 Pro Max ဟာ ဓါတ္ပံုအပိုင္းမွာ ၁၂၄ နဲ႔ ဗီဒီယိုအပိုင္းမွာ ၁၀၂ မွတ္ရထားပါတယ္။ ဗီဒီယို အမွတ္က Mate 30 Pro ထက္မ်ားေနၿပီး Mi CC9 Pro Premium Edition နဲ႔ တူေနပါတယ္။ Mi CC9 Pro Premium Edition ဟာ ဗီဒီယို အရည္အေသြး အေကာင္းဆံုး Xiaomi ရဲ႕ ဖုန္းျဖစ္လာပါတယ္။ ရုပ္ေသဓါတ္ပံု အပိုင္းမွာ iPhone 11 Pro Max က အဲဒီ ဖုန္း ၂ လံုးထက္ အမွတ္နည္းေနပါတယ္။

ရုပ္ေသဓါတ္ပံု အပိုင္းမွာ iPhone 11 Pro Max ဟာ Color Accuracy , Exposure နဲ႔ Autofocus ေတြ အရမ္းေကာင္းပါတယ္။ ဒါေပမယ့္ Low-light Photos ေတြက သိပ္မမိုက္ပါဘူး။ Mate 30 Pro နဲ႔ Mi CC9 Pro တို႔မွာ ပိုႀကီးတဲ့ ဆန္ဆာေတြထည့္ထားတဲ့ အတြက္ Low-light Photos ေတြ ပိုလန္းေနတာပါ။ ျမင္ကြင္းက်ယ္ ဓါတ္ပံုေတြကေတာ့ iPhone ဟာ Huawei နဲ႔ Xiaomi တို႔ထက္ ပိုလန္းေနပါတယ္။

ဗီဒီယိုအပိုင္းမွာ iPhone 11 Pro Max ဟာ အေရာင္အေသြး စံုလင္ၿပီး အေသးစိတ္က်ပါတယ္။ Video Stabilization က အလန္းစားပါ။ အားလံုးကို ျခံဳေျပာရရင္ အေကာင္းဆံုး  ကင္မရာေတြပါတဲ့ ထိပ္ဆံုး ၅ လံုးစာရင္းမွာေတာ့ ေနရာယူႏုိင္ခဲ့ပါတယ္။

Ref : gizmochina

[Unicode]

DxOMark မှာ iPhone 11 Pro Max ကို နောက်ကောက်ချလိုက်တဲ့ Xiaomi Mi CC9 Pro Premium

iPhone 11 Pro Max ကို ကြေညာထားတာ ၂ လနီးပါးရှိပါပြီ။ အခုတော့ DxOMark က အဲဒီဖုန်းရဲ့ ကင်မရာတွေကို စမ်းသပ်ထားတဲ့ အမှတ်တွေကို မျှဝေလိုက်ပါတယ်။ ဒီနှစ်ထဲထွက်ထားတဲ့ စွမ်းရည်မြင့် ဖုန်းတွေထက် အမှတ် ပိုများနေပေမယ့် ၁၁၇ မှတ်နဲ့ နံပါတ် ၃ နေရာမှာပဲ ရှိနေပါတယ်။ Huawei Mate 30 Pro နဲ့ Xiaomi Mi CC9 Pro Premium Edition တို့ကို မယှဉ်နိုင်ပါဘူး။

iPhone 11 Pro Max ဟာ ဓါတ်ပုံအပိုင်းမှာ ၁၂၄ နဲ့ ဗီဒီယိုအပိုင်းမှာ ၁၀၂ မှတ်ရထားပါတယ်။ ဗီဒီယို အမှတ်က Mate 30 Pro ထက်များနေပြီး Mi CC9 Pro Premium Edition နဲ့ တူနေပါတယ်။ Mi CC9 Pro Premium Edition ဟာ ဗီဒီယို အရည်အသွေး အကောင်းဆုံး Xiaomi ရဲ့ ဖုန်းဖြစ်လာပါတယ်။ ရုပ်သေဓါတ်ပုံ အပိုင်းမှာ iPhone 11 Pro Max က အဲဒီ ဖုန်း ၂ လုံးထက် အမှတ်နည်းနေပါတယ်။

ရုပ်သေဓါတ်ပုံ အပိုင်းမှာ iPhone 11 Pro Max ဟာ Color Accuracy , Exposure နဲ့ Autofocus တွေ အရမ်းကောင်းပါတယ်။ ဒါပေမယ့် Low-light Photos တွေက သိပ်မမိုက်ပါဘူး။ Mate 30 Pro နဲ့ Mi CC9 Pro တို့မှာ ပိုကြီးတဲ့ ဆန်ဆာတွေထည့်ထားတဲ့ အတွက် Low-light Photos တွေ ပိုလန်းနေတာပါ။ မြင်ကွင်းကျယ် ဓါတ်ပုံတွေကတော့ iPhone ဟာ Huawei နဲ့ Xiaomi တို့ထက် ပိုလန်းနေပါတယ်။

ဗီဒီယိုအပိုင်းမှာ iPhone 11 Pro Max ဟာ အရောင်အသွေး စုံလင်ပြီး အသေးစိတ်ကျပါတယ်။ Video Stabilization က အလန်းစားပါ။ အားလုံးကို ခြုံပြောရရင် အကောင်းဆုံး ကင်မရာတွေပါတဲ့ ထိပ်ဆုံး ၅ လုံးစာရင်းမှာတော့ နေရာယူနိုင်ခဲ့ပါတယ်။

Ref : gizmochina