[Zawgyi]

iPhone X မ်ိဳးဆက္ေတြထြက္တုန္းက Apple ဟာ ထုတ္ကုန္သစ္မွာ ေမွ်ာ္လင့္ထားေပမယ့္ ထင္တာနဲ႔လြဲခဲ့ၿပီး ေရာင္းပမ္းမလွ ျဖစ္ခဲ့ရပါတယ္။ iPhone XR ကပဲ အဲဒီမ်ိဳးဆက္ရဲ႕ ေရာင္းအားအသြက္ဆုံး ျဖစ္ခဲ့ရတာပါ။ အခု iPhone 11 ေတြမွာေတာ့ Apple ဟာ ကင္မရာပိုင္းဆိုင္ရာအဆင့္ျမႇင့္တင္မႈျပဳလုပ္ခဲ့တာေၾကာင့္ ေကာင္းမြန္တဲ့ တုံ႔ျပန္မႈကို ျပန္ရခဲ့ပါတယ္။

ကြၽမ္းက်င္သူေတြကေတာ့ လာမယ့္ ၂၀၂၀ မွာထုတ္မယ့္ iPhone 12 ေတြဟာ 5G စမတ္ဖုန္းေဈးကြက္မွာ ဦးေဆာင္သူေနရာကို ေရာက္ရွိသြားေစႏိုင္တယ္လို႔ ခန႔္မွန္းေနၾကျပန္ပါၿပီ။ သူတို႔ခန႔္မွန္းသလို Apple က 5G စမတ္ဖုန္းေဈးကြက္ကို တကယ္ပဲ ဦးေဆာင္သြားမလားဆိုတာကေတာ့ စိတ္ဝင္စားစရာပါ။

Strategy Analytics ရဲ႕ ခန႔္မွန္းခ်က္အရ ၂၀၂၀ ျပည့္ႏွစ္ရဲ႕ ပထမနဲ႔ ဒုတိယသုံးလပတ္ေတြကို Samsung က ဦးေဆာင္သြားလိမ့္မယ္လို႔ သိရပါတယ္။ ေတာင္ကိုရီးယားကုမၸဏီဟာ လာမယ့္ႏွစ္ရဲ႕ အေစာပိုင္းလေတြမွာ တန္ဖိုးသင့္တဲ့ Galaxy A90 5G လိုစမတ္ဖုန္းကို ထုတ္ေရာင္းသြားဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

Samsung မွာ အျခား ပရီမီယံ 5G ဟန္းဆက္ေတြလည္း ရွိေနေပမယ့္ Galaxy A90 5G ကေတာ့ ေဈးကြက္ခ်ဲ႕ထြင္ေရးမွာ အဓိကလက္နက္ ျဖစ္လာဖြယ္ ရွိေနပါတယ္။ Strategy Analytics ကေတာ့ ၂၀၂၀ ရဲ႕ ပထမသုံးလပတ္မွာ Samsung ဟာ ကမာၻ႔ 5G စမတ္ဖုန္းေဈးကြက္ရဲ႕ ၄၀ ရာခိုင္ႏႈန္းကို ရယူသြားလိမ့္မယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

ဒုတိယ သုံးလပတ္မွာေတာ့ Galaxy S11 လိုင္းက Samsung ရဲ႕ ေရာင္းအားကို ဆက္လက္သယ္ေဆာင္သြားမယ္လို႔ Strategy Analytics က ဆိုပါတယ္။ ဒါ့အျပင္ ကုမၸဏီဟာ ေဈးႏႈန္းသင့္တင့္တဲ့ အမ်ိဳးအစားေတြ ထပ္ၿပီးထုတ္လုပ္သြားဦးမွာျဖစ္ေပမယ့္ ဒါေတြဟာ ေဈးကြက္ေဝစုကို ဆက္ၿပီးဆုပ္ကိုင္ထားဖို႔ လုံေလာက္မႈမရွိဘူးလို႔ ယူဆထားပါတယ္။ ဒါေၾကာင့္ ဒုတိယသုံးလပတ္ကိုေတာ့ 5G စမတ္ဖုန္းေဈးကြက္ေဝစုရဲ႕ ၃၅ ရာခိုင္ႏႈန္းကို ရယူၿပီး အဆုံးသတ္သြားလိမ့္မယ္လို႔ ဆိုပါတယ္။

Huawei ကေတာ့ Samsung ရဲ႕ 5G စမတ္ဖုန္း ေဈးကြက္ေဝစုကို တျဖည္းျဖည္းနဲ႔ ဝါးၿမိဳလိမ့္မယ္လို႔ Strategy Analytics ဆိုပါတယ္။ အထူးသျဖင့္ ဧၿပီကေန ဇြန္လအတြင္းမွာ Huawei ရဲ႕ 5G စမတ္ဖုန္းေဈးကြက္ေဝစုက တိုးတက္လာမယ္လို႔ ဆိုတာပါ။ ေကာလာဟလေတြကို အေျခခံၿပီးေျပာရမယ္ဆိုရင္ေတာ့ Huawei ရဲ႕ P40 နဲ႔ P40 Pro တို႔က Samsung ရဲ႕ Galaxy S11 ေတြကို တိုက္႐ိုက္စိန္ေခၚလာလိမ့္မယ္လို႔ ဆိုရပါလိမ့္မယ္။

Apple ကေတာ့ ၂၀၂၀ ရဲ႕ ဒုတိယႏွစ္ဝက္မွ 5G စမတ္ဖုန္းေဈးကြက္ထဲကို ဝင္ေရာက္လာမွာပါ။ Samsung နဲ႔ Huawei တို႔ဟာ တတိယသုံးလပတ္မွာ စိန္ေခၚႏိုင္ျခင္းေတြ အားေလ်ာ့လာမယ္လို႔ သုံးသပ္ထားပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ Apple က ေဈးကြက္ထဲကိုဝင္ေရာက္လာၿပီး ဒရမ္မာဆန္ဆန္ အခ်ိဳးအေကြ႕ကို ဖန္တီးသြားမယ္လို႔ ဆိုပါတယ္။

Strategy Analytics ကေတာ့ Apple ရဲ႕ iPhone 12, iPhone 12 Pro နဲ႔ iPhone 12 Pro Max ေတြကို 5G အသုံးျပဳႏိုင္တဲ့ စမတ္ဖုန္းေတြအျဖစ္ ျပဳလုပ္လိုက္တဲ့ ဆုံးျဖတ္ခ်က္က 5G စမတ္ဖုန္းေဈးကြက္ကို ဦးေဆာင္ႏိုင္သြားေစမယ့္ အဓိကအခ်က္လို႔ ယုံၾကည္ေနပါတယ္။ အထူးသျဖင့္ တတိယသုံးလပတ္မွာ Apple ဟာ 5G စမတ္ဖုန္းေဈးကြက္ရဲ႕ ၄၀ ရာခိုင္ႏႈန္းကို ရယူသြားၿပီး ေနာက္ဆုံးသုံးလပတ္မွာေတာ့ ၅၀ ရာခိုင္ႏႈန္းအထိ ရယူသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္လိုက္တာ ျဖစ္ပါတယ္။

Strategy Analytics ရဲ႕ ေဟာကိန္းမွန္ကန္ဖို႔ iPhone 12 ေတြအေနနဲ႔ အနည္းဆုံးေတာ့ လက္ရွိ iPhone 11 ေတြရဲ႕ စြမ္းေဆာင္ရည္ထက္ သာလြန္ဖို႔လိုအပ္မွာအမွန္ပါပဲ။ ဒါတင္မကေသးဘဲ ေဈးႏႈန္းပိုင္းဆိုင္ရာမွာလည္း ၿပိဳင္ဘက္အမွတ္တံဆိပ္ေတြနဲ႔ ယွဥ္ၿပိဳင္ႏိုင္ဖို႔ လိုအပ္ပါေသးတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Strategy Analytics ကေတာ့ မ်ိဳးဆက္သစ္ iPhone ေတြဟာ သုံးစြဲသူေတြၾကားမွာ ပိုၿပီးေတာ့ ေရပန္းစား ႀကိဳက္ႏွစ္သက္ျခင္း မ်ားလာလိမ့္မယ္လို႔ ယုံၾကည္ေနတာပဲ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

၂၀၂၀ ရဲ့ 5G စမတ်ဖုန်းဈေးကွက်ကို iPhone 12 တွေက တကယ်ပဲ ဦးဆောင်သွားနိုင်မလား

iPhone X မျိုးဆက်တွေထွက်တုန်းက Apple ဟာ ထုတ်ကုန်သစ်မှာ မျှော်လင့်ထားပေမယ့် ထင်တာနဲ့လွဲခဲ့ပြီး ရောင်းပမ်းမလှ ဖြစ်ခဲ့ရပါတယ်။ iPhone XR ကပဲ အဲဒီမျိုးဆက်ရဲ့ ရောင်းအားအသွက်ဆုံး ဖြစ်ခဲ့ရတာပါ။ အခု iPhone 11 တွေမှာတော့ Apple ဟာ ကင်မရာပိုင်းဆိုင်ရာအဆင့်မြှင့်တင်မှုပြုလုပ်ခဲ့တာကြောင့် ကောင်းမွန်တဲ့ တုံ့ပြန်မှုကို ပြန်ရခဲ့ပါတယ်။

ကျွမ်းကျင်သူတွေကတော့ လာမယ့် ၂၀၂၀ မှာထုတ်မယ့် iPhone 12 တွေဟာ 5G စမတ်ဖုန်းဈေးကွက်မှာ ဦးဆောင်သူနေရာကို ရောက်ရှိသွားစေနိုင်တယ်လို့ ခန့်မှန်းနေကြပြန်ပါပြီ။ သူတို့ခန့်မှန်းသလို Apple က 5G စမတ်ဖုန်းဈေးကွက်ကို တကယ်ပဲ ဦးဆောင်သွားမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

Strategy Analytics ရဲ့ ခန့်မှန်းချက်အရ ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမနဲ့ ဒုတိယသုံးလပတ်တွေကို Samsung က ဦးဆောင်သွားလိမ့်မယ်လို့ သိရပါတယ်။ တောင်ကိုရီးယားကုမ္ပဏီဟာ လာမယ့်နှစ်ရဲ့ အစောပိုင်းလတွေမှာ တန်ဖိုးသင့်တဲ့ Galaxy A90 5G လိုစမတ်ဖုန်းကို ထုတ်ရောင်းသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

Samsung မှာ အခြား ပရီမီယံ 5G ဟန်းဆက်တွေလည်း ရှိနေပေမယ့် Galaxy A90 5G ကတော့ ဈေးကွက်ချဲ့ထွင်ရေးမှာ အဓိကလက်နက် ဖြစ်လာဖွယ် ရှိနေပါတယ်။ Strategy Analytics ကတော့ ၂၀၂၀ ရဲ့ ပထမသုံးလပတ်မှာ Samsung ဟာ ကမ္ဘာ့ 5G စမတ်ဖုန်းဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းကို ရယူသွားလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ဒုတိယ သုံးလပတ်မှာတော့ Galaxy S11 လိုင်းက Samsung ရဲ့ ရောင်းအားကို ဆက်လက်သယ်ဆောင်သွားမယ်လို့ Strategy Analytics က ဆိုပါတယ်။ ဒါ့အပြင် ကုမ္ပဏီဟာ ဈေးနှုန်းသင့်တင့်တဲ့ အမျိုးအစားတွေ ထပ်ပြီးထုတ်လုပ်သွားဦးမှာဖြစ်ပေမယ့် ဒါတွေဟာ ဈေးကွက်ဝေစုကို ဆက်ပြီးဆုပ်ကိုင်ထားဖို့ လုံလောက်မှုမရှိဘူးလို့ ယူဆထားပါတယ်။ ဒါကြောင့် ဒုတိယသုံးလပတ်ကိုတော့ 5G စမတ်ဖုန်းဈေးကွက်ဝေစုရဲ့ ၃၅ ရာခိုင်နှုန်းကို ရယူပြီး အဆုံးသတ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

Huawei ကတော့ Samsung ရဲ့ 5G စမတ်ဖုန်း ဈေးကွက်ဝေစုကို တဖြည်းဖြည်းနဲ့ ဝါးမြိုလိမ့်မယ်လို့ Strategy Analytics ဆိုပါတယ်။ အထူးသဖြင့် ဧပြီကနေ ဇွန်လအတွင်းမှာ Huawei ရဲ့ 5G စမတ်ဖုန်းဈေးကွက်ဝေစုက တိုးတက်လာမယ်လို့ ဆိုတာပါ။ ကောလာဟလတွေကို အခြေခံပြီးပြောရမယ်ဆိုရင်တော့ Huawei ရဲ့ P40 နဲ့ P40 Pro တို့က Samsung ရဲ့ Galaxy S11 တွေကို တိုက်ရိုက်စိန်ခေါ်လာလိမ့်မယ်လို့ ဆိုရပါလိမ့်မယ်။

Apple ကတော့ ၂၀၂၀ ရဲ့ ဒုတိယနှစ်ဝက်မှ 5G စမတ်ဖုန်းဈေးကွက်ထဲကို ဝင်ရောက်လာမှာပါ။ Samsung နဲ့ Huawei တို့ဟာ တတိယသုံးလပတ်မှာ စိန်ခေါ်နိုင်ခြင်းတွေ အားလျော့လာမယ်လို့ သုံးသပ်ထားပါတယ်။ ဒီနောက်ပိုင်းမှာတော့ Apple က ဈေးကွက်ထဲကိုဝင်ရောက်လာပြီး ဒရမ်မာဆန်ဆန် အချိုးအကွေ့ကို ဖန်တီးသွားမယ်လို့ ဆိုပါတယ်။

Strategy Analytics ကတော့ Apple ရဲ့ iPhone 12, iPhone 12 Pro နဲ့ iPhone 12 Pro Max တွေကို 5G အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေအဖြစ် ပြုလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်က 5G စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်နိုင်သွားစေမယ့် အဓိကအချက်လို့ ယုံကြည်နေပါတယ်။ အထူးသဖြင့် တတိယသုံးလပတ်မှာ Apple ဟာ 5G စမတ်ဖုန်းဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းကို ရယူသွားပြီး နောက်ဆုံးသုံးလပတ်မှာတော့ ၅၀ ရာခိုင်နှုန်းအထိ ရယူသွားလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်တာ ဖြစ်ပါတယ်။

Strategy Analytics ရဲ့ ဟောကိန်းမှန်ကန်ဖို့ iPhone 12 တွေအနေနဲ့ အနည်းဆုံးတော့ လက်ရှိ iPhone 11 တွေရဲ့ စွမ်းဆောင်ရည်ထက် သာလွန်ဖို့လိုအပ်မှာအမှန်ပါပဲ။ ဒါတင်မကသေးဘဲ ဈေးနှုန်းပိုင်းဆိုင်ရာမှာလည်း ပြိုင်ဘက်အမှတ်တံဆိပ်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Strategy Analytics ကတော့ မျိုးဆက်သစ် iPhone တွေဟာ သုံးစွဲသူတွေကြားမှာ ပိုပြီးတော့ ရေပန်းစား ကြိုက်နှစ်သက်ခြင်း များလာလိမ့်မယ်လို့ ယုံကြည်နေတာပဲ ဖြစ်ပါတယ်။

Ref: Phone Arena